Home ကဗျာ သစ်ပင်စိုက်ကြစို့ (ကဗျာ)

သစ်ပင်စိုက်ကြစို့ (ကဗျာ)

3211

သစ်ပင်စိုက်ကြစို့

ဝဿန်ကာလ မိုးရာသီ
သစ်ပင်စိုက်ကြမည်
ရှင်သန်ဖို့ရည် အချိန်‌ကောင်း
‌မြေဩဇာ ထပ်‌လောင်း… ။

အိမ်‌ဈေးလမ်း‌ကျောင်း အနီးတွင်
စိုက်ပျိုးရိပ်သစ်ပင်
စိန်ပန်းငုလျှင် အဆင်းလှ
တင့်တယ်လိုက်ဖက်စွ… ။

စိမ်းရိပ်‌အေးမြ လမ်းဝဲယာ
‌လေမိုးကြံ့ခိုင်စွာ
စိုက်ပျိုးကြပါ ပင်ကြီးများ
ဥတုထိန်းသိမ်းထား … ။

မြစ်ကမ်း‌ချောင်းဖျား ကမ်းထိန်းလို
လမုဓနိ ကနစို
‌ရေစီးကမ်းပြို ကာကွယ်‌ရေး
ဒီ‌ရေ‌တောများ ‌စောင့်‌ရှောက်‌ပေး … ။

မ‌နှေးစိုက်ထား များသစ်ပင်
‌နောင်‌ရေးစိတ်‌အေးရွှင်
မိုးရာသီလျှင် ပူး‌ပေါင်းလို့
သစ်ပင်စိုက်ကြစို့ … … … ။

ဇင်မင်းစိုး (ဗိုလ်က‌လေး)