Home သတင်း လုံခြုံ‌အေးချမ်းရန် တရားဥပ‌ဒေနှင့်အညီ ‌ဖြေရှင်း‌ပေးမည်ဟု ဝန်ကြီးချုပ်‌ပြော

လုံခြုံ‌အေးချမ်းရန် တရားဥပ‌ဒေနှင့်အညီ ‌ဖြေရှင်း‌ပေးမည်ဟု ဝန်ကြီးချုပ်‌ပြော

2692

ဇူလိုင် ၃၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

အရပ်သားပြည်သူတို့ဘဝ လုံခြုံ‌အေးချမ်းရန် တရားဥပ‌ဒေစိုးမိုးပြီး တရားမျှတမှုရှိ‌အောင် ကိုင်တွယ် ‌ဆောင်ရွက်‌ပေးမည်ဟု ကရင်ပြည်နယ် ဝန်ကြီးချုပ် ‌ဒေါ်နန်းခင်‌ထွေးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇူလိုင် ၃ဝ ရက်တွင် ဖားအံမြို့၊ အစိုးရအဖွဲ့ရုံး၌ ပြုလုပ်‌သော ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့ အတွက် စတုတ္ထတစ်နှစ်တာ ကာလအတွင်း ‌ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲအတွင်း ‌ကေအိုင်စီက ‌မေးမြန်းမှုအ‌ပေါ် ဝန်ကြီးချုပ်က ယခုလို ‌ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

မူ‌တြော်(ဖာပွန်)ခရိုင်မှ ‌နော်မု‌နော်ကို မြန်မာတပ်မ‌တော် တပ်သားနှစ်ဦးမှ လက်ဝတ်ရတနာများကို ချွတ်ယူ ပစ်သတ်ခဲ့မှုအပါအဝင် ပြည်နယ်တွင်း လက်နက်ကိုင်အဖွဲ့အစည်းများ‌ကြောင့် ပြည်သူလူထုတို့ စိုးရမ်‌ကြောင့်ကြမှုများဖြစ်‌ပေါ်‌နေခြင်းအ‌ပေါ် ဝန်ကြီးချုပ်က ယခုလို‌ပြောသည်။

“ဒီလိုမျိုးကိစ္စ‌တွေက ရှိတတ်ပါတယ်။ တပ်မ‌တော်ဖက်က အမှားအယွင်းရှိသလိုပဲ ငြိမ်းချမ်း‌ရေးအဖွဲ့အ စည်း‌တွေမှာလည်း အမှားအယွင်းအများကြီး ရှိပါတယ်။ အဲဒီနှစ်ဖက်လုံးကို တရားမျှတ‌အောင်လို့ ကျမ တို့ တရားဥပ‌ဒေစိုးမိုး‌ရေး၊ တရားနည်းလမ်းကျကျပဲ ကိုင်တွယ်ဖို့‌တော့ရှိပါတယ်။ ကိုင်တွယ်နိုင်‌အောင် လည်း ကျမတို့ ကြိုးစားပါတယ်”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ဒီမိုက‌ရေစီအကူးအ‌ပြောင်းကာလ၌ တရားဥပ‌ဒေစိုးမိုး‌ရေးအတွက် မီဒီယာများအ‌နေဖြင့် သတင်း‌ရေးသားတင်ဆက်သည့်အခါတွင်လည်း ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်ရပ်တည်ပြီး ဝိုင်းဝန်း ကူညီပံ့ပိုး‌ပေး‌စေချင်လို‌ကြောင်း ဝန်ကြီးချုပ်က ဆက်လက်‌ပြောဆိုခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်နယ်အစိုးရအဖွဲ့အပြင် ဌာနဆိုင်ရာမှ တာဝန်ရှိသူအသီးသီးတို့ တက် ‌ရောက်ခဲ့သလို ပြည်နယ်တွင်းအ‌ခြေစိုက် သတင်းမီဒီယာသမားများမှလည်း တရားဥပ‌ဒေစိုးမိုး ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ Covid ‌ရောဂါကိစ္စရပ်များကို ‌မေးမြန်းခဲ့ကြသည်။