Home သတင်း မယ်လ ဒုက္ခသည်စခန်းတွင် ‌နေအိမ်‌ပေါ် သစ်ပင်လှဲကျ၍ အမျိုးသမီးငယ် ၁ဦး ပြင်းထန်စွာ ဒဏ်ရာရ

မယ်လ ဒုက္ခသည်စခန်းတွင် ‌နေအိမ်‌ပေါ် သစ်ပင်လှဲကျ၍ အမျိုးသမီးငယ် ၁ဦး ပြင်းထန်စွာ ဒဏ်ရာရ

2907

ဇူလိုင် ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ကရင် ဒုက္ခသည်စခန်းအတွင်း ဇုန် (B5-A)ရှိ ‌နေအိမ် တစ်လုံး‌ပေါ် သစ်ပင်လှဲကျ ၍ ‌နေအိမ်တွင် ‌နေထိုင်သူ ၅ ဦးအနက် အသက် (၁၃)နှစ်အရွယ် အမျိုးသမီးငယ်မှာ ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိ၍ မဲ‌ဆောက်မြို့ ‌ဆေးရုံကြီးသို့ အ‌ရေး‌ပေါ် ‌ဆေးရုံတင်လိုက်ရ‌ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ယ‌နေ့နံနက် ၃ နာရီအချိန်ခန့်တွင် ‌လေပြင်းတိုက်ခိုက်မှု‌ကြောင့် အိမ်နံပါတ် (၂၈၄)ရှိ ‌စောရိန်းဂျာ ‌နေအိမ်‌ပေါ်သို့ ‌နေအိမ်‌ဘေးနားရှိ သစ်ပင်ကြီး လှဲကျခဲ့ခြင်းဖြစ်ပြီး ‌နေအိမ်အတွင်း အဖိုး၊ အဖွား၊ ဦး‌လေး ‌တော်စပ်သူ မိသားစု (၅)ဦးနှင့် အတူ‌နေထိုင်သည့် ‌နော်‌သောထူးမှာ သစ်ပင်ပိကျ၍ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စခန်း ရပ်ကွက်တာဝန်ခံ ‌နော်မ‌အေးက ‌ပြောသည်။

၎င်းက “က‌လေးမ‌လေးက အိမ်အ‌ပေါ်ဘက်မှာ အိပ်တာ။ သူ့အဖွား‌တွေက အိမ်‌အောက်ဘက်မှာ အိပ်တာ။ ထိသွားတာ ‌ခေါင်းကိုအဓိက ထိသွားတာ။ နည်းနည်းက‌လေး လှုပ်တာနဲ့ ‌သွေးထွက်‌ရော။ မျက်နှာတစ်ခု လုံးလည်း ဖု‌ရောင် ‌နေတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ သစ်ပင်လှဲကျခြင်း‌ကြောင့် ‌နေအိမ်တစ်ခုလုံး ပြိုကျပျက်စီးသွားပြီး အဆိုပါ ပြိုကျပျက်စီးမှုအတွက် စခန်းတွင်းတာဝန်ရှိသူများမှ ပြန်လည်မွမ်းမံ‌ဆောက်လုပ်‌ပေးရန် စီစဉ်‌ပေးသွားမည်ဖြစ်‌ကြောင်းလည်း သိရ သည်။