Home ဆောင်းပါး ဘဲဂရက် လမ်းက‌လေး အစပြုခရီး (‌ဆောင်းပါး)

ဘဲဂရက် လမ်းက‌လေး အစပြုခရီး (‌ဆောင်းပါး)

4839

ဘဲဂရက် လမ်းက‌လေး အစပြုခရီး

နန်း‌ဝေဖြိုးဇာ (ဇူလိုင် ၂၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်)

မွန်းလွဲပိုင်းချိန် ကရင့်အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီး၏ အာဇာနည်‌ကျောက်တိုင်ဝန်း‌ရှေ့၌ ‌ကေအဲန်ယူ -ကရင် အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ အဖူးမူတူး‌စေးဖိုးတစ်‌ယောက် ငြိမ်သက်စွာ ရပ်‌နေသည်။ အ‌လေးပြု‌နေခြင်းလား သို့မဟုတ် ဝတ်ပြုဆု‌တောင်း ‌နေခြင်း‌လော… ။ သူသည် ကရင်ပီသစွာ ဟန်‌ဆောင်မှုကင်း၊ ရိုးရှင်းစွာ ‌နေတတ် သူတဦး ဖြစ်သည်နှင့်အညီ ‌ဘောင်းဘီတိုနှင့် တီရှပ်အနက်ကို ဝတ်ဆင်ထားသည်ကို ‌တွေ့ရသည်။

တစ်မိနစ်ခန့် ကြာပြီး‌နောက် အဖူးက အာဇာနည်‌ကျောက်တိုင်ဝန်းအတွင်းသို့ ဝင်လိုက်သည်နှင့် အတူပါလာ သည့် KNU ‌ခေါင်း‌ဆောင်များလည်း ဝင်‌ရောက်ကြည့်ရှုဂါရဝပြုပြီး‌နောက် မှတ်တမ်းဓါတ်ပုံများ ရိုက်ကြသည်။ ထို့‌နောက် အာဇာနည်‌နေ့အတွက် အဖွဲ့စုံ၏ လွမ်းသူပန်း‌ခွေများကို အဖူးလိုက်ကြည့်သည်။ ထို့‌နောက် ‌စောဘ ဦးကြီး ဇာတိရွာ ဘဲဂရက်ရွာ အနီးဝန်းကျင်ကို သူတို့အဖွဲ့လိုက်လံကြည့်ရှု‌နေသည်ကို ‌တွေ့ရသည်။

အဆိုပါ မြင်ကွင်းသည် ‌ကေအဲန်ယူဥက္ကဋ္ဌ တဦးအ‌နေဖြင့် ကရင့်အာဇာနည် ပုဂ္ဂိုလ်‌စောဦးကြီး၏ ဇာတိရွာ ဧရာဝ တီတိုင်း‌ဒေသကြီး၊ ကန်ကြီး‌ထောင့်မြို့နယ်၊ ဘဲဂရက်ကြီးသို့ ၂၀၁၉ ဇန်နဝါရီ ၅ ရက်‌နေ့တွင် ပထမဦးဆုံး ‌ရောက်ရှိခဲ့စဉ်က ဖြစ်သည်။

အမှန်စင်စစ် အဖူးသည် ဘဲဂရက်သို့ တိုက်ရိုက်သွားရန် ရည်ရွယ်ထားဟန်မရှိ။ ၂၀၁၉ ဇန်နဝါရီ ၆ ရက်‌နေ့တွင် အိမ်မဲမြို့နယ်၊ ရွာသစ်‌ကျေးရွာအုပ်စု၌ ပြုလုပ်သည့် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်နှစ်သစ်ကူးနှင့် ‌ကောက်သစ် စားပွဲသို့ အပစ်ရပ်ပြီး‌နောက်ပိုင်း ပထမဦးဆုံး ဧရာဝတီခရီးစဉ်အဖြစ် တက်‌ရောက်လာခြင်း ဖြစ်သည်။

မိမိသည်လည်း ဌာန၏ တာဝန်‌ပေးချက်အရ အိမ်မဲတွင် ကျင်းပမည့် တိုင်းနှစ်သစ်ကူးနှင့် ‌ကောက်သစ်စား ပွဲ‌တော်ကို သတင်းယူရန် အ‌ဝေး‌ပြေးကား အဆင့်ဆင့်စီးကာ သွား‌ရောက်ခဲ့ခြင်းဖြစ်သည်။ ကရင်ပြည်နယ်မှ တစ်ဆင့် ကားရှုပ်‌ထွေးသည့် ရန်ကုန်ကို ဖြတ်‌ကျော်ပြီး‌နောက် လမ်း‌ဘေးဝဲယာမျက်စိတဆုံး လယ်ကွင်း‌တွေသာ အများစု မြင်ရသည့် မြန်မာပြည်ရဲ့ စပါးကျီလို့ တင်စားထားသည့် ဧရာဝတီတိုင်း‌ဒေသကြီးသို့ ၂၀၁၉ နှစ်စပိုင်း တွင် ပထမဦးဆုံး ‌ရောက်သွားခဲ့သည်။

ပွဲ‌တော်မစတင်မှီ နှစ်ရက်ကြိုသွားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း လမ်းတစ်‌လျှောက်ရှိ လမ်း‌ဘေးလူ‌နေအိမ်များ တွင် ကရင်နှစ်သစ်ကိုကြိုဆိုသည့် အ‌နေဖြင့် ကရင်အမျိုးသားအလံ‌တော်ကို အိမ်‌ရှေ့တွင် လွှင့်ထူထားသည်ကို ‌တွေ့ရသည်ကို အမှတ်ရမိသည်။

ဧရာဝတီတိုင်း‌ဒေသကြီးတွင် ကရင်လူမျိုး နှစ်သန်း‌ကျော် ‌နေထိုင်သည့်နည်းတူ အကဲခတ်ကြည့်မိရာ အချို့အိမ် များသည် တာရိုး‌ပေါ်၌ဓနိမိုး၊ ထရံကာ အိမ်များဖြစ်သလို လမ်း‌ဘေး‌ဈေးဆိုင်အချို့ အပါအဝင် ထည်ထည်ဝါဝါ မဟုတ်‌သော်လည်း ကရင်အမျိုးသားအလံ‌တော်ကို အိမ်‌ရှေ့မှာ ထည်ဝါလှစွာ လွင့်ထူထားသည့် မြင်ကွင်းကို မြင်‌တွေ့ရသည်မှာ ကရင်လူမျိုးတဦးအ‌နေအ‌နေဖြင့် စိတ်ချမ်း‌မြေ့မှုကို ခံစားရသည်။

“‌ခေတ်မ‌ကောင်းတဲ့အချိန်က ဒီလို‌ပေါ်‌ပေါ်ထင်ထင်‌တော့ အလံတိုင်သိပ်မ‌ထောင်ရဲဘူး။ အခုက မျိုးချစ်စိတ်‌တွေ ပြန်ပြရဲပြီး ဒါကလမ်း‌ဘေးနားမှာရှိတဲ့အိမ်‌တွေပဲရှိ‌သေးတယ်။ ရွာ‌တွေထဲမှာလည်း အိမ်‌ရှေ့မှာအလံလွင့် ထူထားတာ အများကြီးရှိတယ်”ဆိုပြီး ဘဲဂယက်ရွာသို့ သွားသည့်အချိန် ကားအ‌ရှေ့ခန်းမှာ ထိုင်‌နေသည့် ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ဧရာဝတီသား ပဒိုမန်းငြိမ်း‌မောင်က ‌ကျေနပ်‌နေသည့်ဟန် ပြုံးပြုံးက‌လေး ‌ပြောပြသည်။

အဆိုပါ ပွဲ‌တော်သို့ တက်‌ရောက်ရန် ‌ကေအဲန်ယူထိပ်ပိုင်း‌ခေါင်း‌ဆောင်များဖြစ်သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်း၊ ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီဝင် ပဒိုမန်းငြိမ်း‌မောင်၊ KNU ကာကွယ်‌ရေးဌာနမှ ပဒို‌စော‌ရောဂျာခင်နှင့် ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒို‌ရွှေ‌မောင်းတို့ လိုက်ပါလာသည်ကို ‌တွေ့ရသည်။

ထိုသို့ ‌ကေအဲန်ယူဥက္ကဋ္ဌနှင့် အဖွဲ့ အိမ်မဲ၊ ရွာသစ်သို့‌ရောက်ရှိလာစဉ် ကန်ကြီး‌ထောင့်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီက ‌စောဘဦးကြီးဇာတိသို့ သွားလည်ပတ်ရန် ဖိတ်‌ခေါ်သဖြင့် အိမ်မဲမှ တစ်နာရီ‌ကျော် ကားစီးသွားရသည့် ကန်ကြီး‌ထောင့်သို့ ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များ ကား ၅ စီးဖြင့် ခရီးဆက်ခဲ့သည်။

သို့‌သော် ကားလမ်းမ‌ပေါက်၍ ဘဲဂရက်သို့ တိုက်ရိုက်မ‌ရောက်။ ကားလမ်းဆုံးသည့် မိ‌ချောင်းတရာ ‌ကျေးရွာသို့ ကနဦး‌ရောက်ရှိပြီး အသင့်‌စောင့်ဆိုင်း‌နေသည့် ဆိုင်ကယ် ၁ဝ စီးခန့်ဖြင့် နှစ်မိုင်ခန့်ကို ခရီးဆက်ရသည်။ ဆိုင် ကယ်လမ်းသည် ပွင့်လင်းရာသီ ဖြစ်‌သော်လည်း ‌ချော‌ချော‌မွေ့‌မွေ့မဟုတ် ဆိုင်ကယ်တစီးစာသာ ကျယ်သည့် ကွန်ကရစ်လမ်းဖြစ်သည်။ ‌ဒေသခံတို့ အဆိုအရ မိုးတွင်းဆိုလျှင် ရွှံ့ဗွက်များရှိ၍ သွားလာရ အဆင်မ‌ပြေသလို ‌ရေလမ်းခရီးကိုသာ အားထားရသည်။

ဘဲဂရက်ရွာသားများ အ‌နေဖြင့် ‌ကေအဲန်ယူဥက္ကဋ္ဌကို အပြင်၌ ‌တွေ့မြင်ရသည့်အတွက် အချို့က လာနှုတ်ဆက် ကြသလို အချို့ကလည်း ဟိုတစ်စု ဒီတစ်စု ရပ်ကြည့်‌နေကြသည်ကို ‌တွေ့ရသည်။ ထိုသို့ လမ်းပန်းဆက်သွယ် ‌ရေးခက်ခဲသည့်အတွက် ဘဲဂရက်ကြီးသည် ဖွံ့ဖြိုးမှု အားနည်းသည်ဟု စိတ်ထဲတွင်ခံစားမိသည်။

ယခုလို လမ်းပန်းဆက်သွယ်‌ရေး ခက်ခဲသည်ကို ‌ကေအဲန်ယူဥက္ကဋ္ဌ တဦးအ‌နေဖြင့် ကိုယ်တိုင်‌တွေ့မြင်သွားပြီး ‌နောက် ကရင်အမျိုးသား‌ခေါင်း‌ဆောင်ကြီး၏ ရွာဘဲဂရက်သို့ ကားလမ်း‌ဖောက်‌ပေးရန် အဖူးတို့တပြိုင်နက်တည်း ဆုံးဖြတ်လိုက်သည်ဟု ကြားသိရသည်။

ထို‌နောက် ‌ဒေသခံများ၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီတို့ ချိတ်ဆက်ကာ လမ်း‌ဖောက်မည့် လုပ်ငန်းစဉ် ကို စတင်‌တော့သည်။ ဇန်နဝါရီ ၆ ရက်တွင် ဧရာဝတီတိုင်း‌ဒေသကြီး၊ တိုင်းအဆင့် နှစ်သစ်ကူးနှင့်‌ကောက်သစ် စားပွဲ‌တော်ကို စည်စည်ကားကား ကျင်းပခဲ့သည်။

ပွဲ‌တော်ပြီး‌နောက် ကရင်နှစ်သစ်ကူး‌နေ့ကို ကြိုဆိုသည့်အ‌နေဖြင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုကွယ်‌စောကွယ်ထူးဝင်းတို့က ‌စောဘဦးကြီးဇာတိဖြစ်သည့် ဘဲဂရက်ရွာ၊ ရွာချင်းဆက်လမ်းအတွက် မိ‌ချောင်းတရာရွာတွင် လမ်းခင်းရန်သွားခဲ့ပြီး ပိန္နက်ရိုက်မဂင်္လာ အခမ်းအနား ပြုလုပ်ခဲ့ရာ ‌ဒေသခံများလည်း တက်‌ရောက်ခဲ့သည်ကို ‌တွေ့ရသည်။

ပိန္နက်ရိုက်ပြီး တစ်ပတ်‌ကျော်အကြာ ဇန်နဝါရီ ၁၈ ရက်‌နေ့တွင် အဖူး‌စောမူတူး‌စေးဖိုး၏ အနီးကပ်လုံခြုံ‌ရေး တာဝန်ယူထားသူ ဗိုလ်မှူး‌စောရန်နိုင်က လမ်း‌ဖောက်သည့် လုပ်ငန်းကိုစတင်လုပ်‌ဆောင်ခဲ့သည်။ ထိုသို့ လမ်း ‌ဖောက်ပြီး နှစ်ပတ်အကြားတွင် ဟန့်တားမှုအချို့ဖြစ်ခဲ့သည်ဟု လမ်း‌ဖောက်လုပ်‌ရေးတွင် အနီးကပ် ပါဝင်ခဲ့ သူများက ‌ပြောသည်။
ထို့အတွက် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလဖြစ်သည်နှင့်အညီ လမ်း‌ဖောက်ခြင်းကို အမျိုးသားပြန်လည် သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန(NRPC) နှင့် KNU တို့ညှိနှှိုင်း သ‌ဘောတူညီချက်အရ အစိုးရ၏အစီအစဉ် ဖြင့် လမ်း‌ဖောက်လုပ်ခြင်းကို ဆက်လုပ်‌ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ ကြားမိတာက လမ်း‌ဖောက်တာ အဟန့်အတား‌လေးနည်းနည်းရှိ‌တော့ အဖူးမူတူး‌စေးဖိုးနဲ့ အတိုင်ပင်ခံတို့ ညစာ စားပွဲတစ်ခုမှာ‌တွေ့‌တော့ အဖူးက လမ်းကိစ္စ‌မေတ္တာရပ်ခံတယ်။ အတိုင်ပင်ခံကလည်း အဖူးမပူနဲ့ ပြည် ‌ထောင်စုဘတ်ဂျက်နဲ့ ‌ဖောက်‌ပေးမယ်ဆိုပြီး‌တော့ ဆက်‌ဖောက်တာဖြစ်တယ်လို ့ကြားသိရတယ်” ဟု ‌ဒေသခံ တဦးဖြစ်သူ မန်း‌ကျော်စိုးမိုးက ‌ပြောသည်။

ထို‌နောက် အဆိုပါ လမ်းကို မိုးမကျမှီ ‌လေးလအတွင်း ‌ဖောက်လုပ်ခဲ့ပြီး၊ အရှည်နှစ်မိုင်ခန့်ရှိကာ အကျယ် ၁၂ ‌ပေရှိ ကတ္တရာလမ်း ဖြစ်သည်။ စုစု‌ပေါင်းကုန်ကျစရိတ်မှာ ကျပ်သိန်း ငါး‌ထောင်တစ်ရာ‌ကျော်ဟု ကြားသိ ရ‌ကြောင်း မန်း‌ကျော်စိုးမိုးက ‌ပြောသည်။

ယခုလိုကားလမ်း‌ဖောက်လုပ်ပြီးဖြစ်သည့်အတွက် ‌ဒေသခံလူထုများလွယ်ကူစွာသွားလာနိုင်ပြီးဖြစ်ကာ လာမည့် ဩဂုတ်၁၂ ရက် ကရင်အာဇာနည်‌နေ့တွင်လည်း ဘဲဂရက်ရှိ ‌စောဘဦးကြီး အထိမ်းအမှတ် ‌ကျောက်တိုင်သို့ အ လွယ်တကူ သွား‌ရောက်ဂါရဝပြုကြမည်သာဖြစ်သည့်အတွက် ဝမ်း‌မြောက်မိပြီး ဘဲဂရက်လမ်းအစပြုခရီးကို ပြန်အမှတ်ရ ‌ဖော်ပြလိုက်ရပါသည်။

နန်း‌ဝေဖြိုးဇာ