Home သတင်း ဖလုံ-စ‌ဝေါ်က ကိုယ်စားလှယ် ခွဲတမ်းရယူကာ KNDP အမည်ဖြင့် ‌ရွေး‌ကောက်ပွဲဝင်မည်

ဖလုံ-စ‌ဝေါ်က ကိုယ်စားလှယ် ခွဲတမ်းရယူကာ KNDP အမည်ဖြင့် ‌ရွေး‌ကောက်ပွဲဝင်မည်

3476

ဇူလိုင် ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်တွင် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီအ‌နေဖြင့် ကိုယ်စားလှယ် ခွဲတမ်းရယူကာ ကရင် အမျိုးသား ဒီမိုကရက်တစ်ပါတီ -KNDP အမည်ဖြင့်သာ ‌ရွေး‌ကောက်ပွဲဝင်ပြိုင်ရန် စီစဉ်ထားသည်ဟု ပါတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောကြည်လင်းက ဇူလိုင် ၉ ရက်‌နေ့တွင် ‌ကေအိုင်စီသိုု့ ‌ပြောသည်။

၎င်းက “ကရင်ပြည်နယ်မှာ ဖလုံ-စ‌ဝေါ် အ‌နေနဲ့ ‌ရွေး‌ကောက်ပွဲဝင်ဖို ့ ဘယ်လို စီစဉ်ထားလဲဆို‌တော့ ဝင်ပြိုင်မယ့် ‌နေရာ ကိုယ်စားလှယ်ခွဲတမ်းကို KNDP နဲ့ ညှိနှိုင်းယူမယ်။ သံ‌တောင်ကြီးနဲ့ ဖာပွန်ကို မဝင်ဘူး။ ကျန်တဲ့ ၅ မြို့နယ်မှာ ညှိနှိုင်းပြီး ဖလုံ-စ‌ဝေါ် ပါတီဝင်‌တွေဝင်မယ်။ ဒါ‌ပေမယ့် ဘာ‌ခေါင်းစဉ်နဲ့ သွားမလဲ ဆို‌တော့ KNDP အ‌နေနဲ့ပဲ သွားမယ်” ဟု ‌ပြောသည်။

သို့‌သော် နိုင်ငံ‌ရေးပါတီတစ်ခု အ‌နေဖြင့် အနည်းဆုံး မဲဆန္ဒနယ် (၃) ‌နေရာ ဝင်မပြိုင်နိုင်ပါက ပါတီ ဖျက်သိမ်း ခံရနိုင်သည့်အတွက် ကရင်ပြည်နယ် ပြင်ပ(မွန်ပြည်နယ်ကဲ့ သို့‌သော )‌နေရာများတွင် ပါတီ ‌ရေရှည်တည်တံ့‌ရေးအတွက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP )အမည်ဖြင့် ဝင်ပြိုင်သွားမည်ဟု ‌စောကြည်လင်းက ဖြည့်စွက်‌ပြောသည်။

ယခုလို ကိုယ်စားလှယ်ခွဲတမ်းကိစ္စအတွက် ဖလုံ-စ‌ဝေါ် ဒီမိုကရစ်တစ်ပါတီနှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီတို့ ဇူလိုင် ၁၁ ရက်‌နေ့တွင် ‌တွေ့ဆုံညှိနှိုင်းသွားရန် စီစဉ်ထားသည်ဟု ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီထံမှ သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ် အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP၊ ဖလုံ-စ‌ဝေါ် ဒီမို ကရက် တစ်ပါ တီ(PSDP)၊ ရန်ကုန်တွင် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ကရင်အမျိုးသားပါတီ (KNP) ဟူ၍ ကရင်နိုင်ငံ‌ရေး ပါတီ စုုစု‌ပေါင်း ၄ ပါတီ ရှိ‌နေသည်။

ကရင်နိုင်ငံ‌ရေးပါတီများအ‌နေဖြင့် ၂၀၁ဝ ပြည့်နှစ် မြန်မာနိုင်ငံ ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီက ၉ ‌နေရာ၊ ကရင်ပြည်သူ့ ပါတီ က ၆ ‌နေရာ အနိုင်ရရှိခဲ့ဖူးပြီး ၂၀၁၅ ‌ရွေး ‌ကောက်ပွဲတွင်မူ ကရင်ပြည်သူ့ပါတီက တစ်‌နေရာ အနိုင်ရခဲ့သည်။