Home သတင်း ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား အင်အားနှင့် ကိုယ်‌ရေးအချက်အလက်စာရင်း ‌ကောက်ခံ

ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား အင်အားနှင့် ကိုယ်‌ရေးအချက်အလက်စာရင်း ‌ကောက်ခံ

2322

ဇူလိုင် ၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ ‌ဒေသအသီးသီးရှိ လုပ်ငန်းခွင် အမျိုးမျိုးတွင်‌ရောက်ရှိ‌နေသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား အင်အား စာရင်းနှင့် ကိုယ်‌ရေးအချက်အလက်များကို Mobile Phone မှတဆင့် ဖြည့်သွင်း‌ပေးပို့ရန် ဘန်‌ကောက်မြို့ရှိ ထိုင်းနိုင်ငံ ဆိုင်ရာအလုပ်သမား သံအရာရှိရုံးက ယမန်‌နေ့ (ဇူလိုင်လ ၈ရက်) ‌နေ့စွဲဖြင့် အသိ‌ပေး‌ကြေညာလိုက်သည်။

အလုပ်သမား အခွင့်အ‌ရေးများ ပိုမိုကာကွယ်‌စောင့်‌ရှောက်နိုင်‌ရေး၊ အ‌ရေး‌ပေါ် အ‌ခြေအ‌နေများ ‌ပေါ်‌ပေါက်လာပါက ထိ‌ရောက်စွာ တုန့်ပြန်ကူညီ‌ဆောင်ရွက်နိုင်‌ရေးနှင့် ဖြစ်‌ပေါ်လာသည့် အလုပ်သမား‌ရေးရာ အခက်အခဲများကို လိုအပ်သလို ကူညီ‌ဆောင်ရွက်နိုင်‌ရေးအတွက် ကြိုတင်စီမံ‌ဆောင်ရွက်နိုင်ရန်ဟုဆိုကာ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများကို ‌မေတ္တာ ရပ်ခံ အသိ‌ပေးခြင်းဖြစ်‌ကြောင်း ၎င်း၏ ‌ကြေညာချက်၌ ‌ဖော်ပြထားသည်။

ထို့အပြင် ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် မိမိကိုယ်‌ရေး အချက်အလက်များ ဖြည့် သွင်းနိုင်ရန် ‌ဖော်ပြပါ http://moliponlinesurvey.com ဝက်ဘ်ဆိုက်လင့်ခ်သို့ဝင်၍ ဖြည့်သွင်းရမည့် ပုံစံနှင့် ‌ဖောင်များကို ‌ဖော်ပြ‌ပေးထားပြီး မပျက်မကွက် ဖြည့်သွင်း၍ ပူး‌ပေါင်းကူညီ‌ဆောင်ရွက်ရန်လည်း ဆက်လက်‌ဖော်ပြထားသည်။

ထိုကဲ့သို့ အလုပ်သမားအ‌ရေးကိစ္စများ ပိုမိုကူညီ‌ဆောင်ရွက်နိုင်‌ရေးအတွက် ယခုလို အလုပ်သမားများ၏ ကိုယ်‌ရေး အချက်အလက်များကို ‌ကောက်ခံခြင်းမျိုး ယခင်ကာလများတွင် အသိ‌ပေး‌ကြေညာခြင်းမျိုး မ‌တွေ့ကြုံခဲ့ဖူး‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက ဆိုသည်။

‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ မဲ‌ဆောက်ရုံးတာဝန်ခံ ဦးမိုး‌ကျော်က “အခုလို ထုတ်ပြန်တဲ့ဟာမျိုးက ‌တော့ အရင်အစိုးရ အဆက်ဆက်မှာ မရှိခဲ့ဖူးဘူး။ အခုက ထိုင်းနိုင်ငံအတွင်းမှာ ‌ရောက်‌နေတဲ့ မြန်မာ‌ရွှေ့‌ပြောင်း အလုပ် သမား‌တွေရဲ့ အချက်အလက်‌တွေကို ‌ကောက်ခံတာ ဒါပထမဦးဆုံးပဲ ဦးမိုး‌ကျော်တို့ သိရသ‌လောက်က‌တော့” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ယခုလို ‌ကောက်ခံမှုမျိုးသည် ‌ကြေညာချက်တွင် ‌ဖော်ပြထားသည့်အတိုင်း အလုပ်သမားများ၏ အခက်အခဲများကို ပိုမို ကူညီ‌ပေးခြင်းမျိုးထက် လာမည့်နိုဝင်ဘာလတွက် ကျင်းပမည့် မြန်မာနိုင်ငံ‌ရွေး‌ကောက်ပွဲ နှင့် ဆက်စပ်နိုင် ‌ကြောင်းလည်း ဦးမိုး‌ကျော်က ဆက်လက်သုံးသပ်သည်။

“ပြည်ပမှာ‌ရောက်‌နေတဲ့ အလုပ်သမား‌တွေက သန်းနဲ့ချီရှိတယ်။ သန်းနဲ့ချီရှိတဲ့အပြင် အဲ့ဒီအလုပ်သမား‌တွေက အရွယ် ‌ရောက်ပြီးသား အလုပ်သမား‌တွေ၊ မဲထည့်ပိုင်ခွင့်ရှိတဲ့ အရွယ်အစား‌တွေရှိတဲ့ အခါကျ‌တော့ ဒီလို နိုင်ငံသား အခွင့်အ‌ရေး ‌တွေ မဆုံးရှုံး‌အောင် မဲ‌ပေးဖို့ ‌နောက်ကွယ်က အစီအစဉ်‌တွေများ ဆက်စပ်မှု ရှိ‌နေမလားဆိုတာမျိုး‌တော့ စဉ်းစားမိတာမျိုး ရှိတယ်”ဟု ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

အလားတူ လာမည့် နိုဝင်ဘာ (၈)ရက်‌နေ့တွင် ကျင်းပသွားမည့် မြန်မာနိုင်ငံ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ထိုင်း နိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲ‌ပေးနိုင်‌ရေးအစီအစဉ်နှင့်ပတ်သက်ပြီး ဇူလိုင် ၃ ရက်‌နေ့ က ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်‌ကြေညာထားပြီးဖြစ်သည်။

၎င်း‌ကြေညာချက်တွင် ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများအ‌နေဖြင့် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲ ‌ပေးနိုင်‌ရေး အတွက် ပုံစံ (၁၅)‌ခေါ် (မြန်မာနိုင်ငံတွင် မိမိ‌နေထိုင်ခဲ့‌သော ရပ်ကွက်/‌ကျေးရွာ၊ မြို့နယ်‌ကော်မရှင်အဖွဲ့ခွဲများသို့ ဆန္ဒမဲ‌ပေး ပို့ပါရန် ‌တောင်းဆိုသည့်)‌လျှောက်လွှာကို ‌ဖော်ပြပါ အချက်အလက်များ ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းလက်မှတ် ‌ရေးထိုး ရမည်ဖြစ်‌ကြောင်း ပါရှိသည်။

ယခုအသိ‌ပေး‌ကြေညာချက်နှင့်ပတ်သက်ပြီး မဲ‌ဆောက်မြို့ရှိ က‌လေးအခွင့်အ‌ရေး လှုပ်ရှား‌ဆောင်ရွက်‌နေသူ ဦး‌အောင်စိုးက အသိ‌ပေး‌ကြေညာချက်အ‌ပေါ် ကြိုဆို‌သော်လည်း အလုပ်သမားသံရုံး တာဝန်ရှိသူများအ‌နေဖြင့် လက်‌တွေ့ကျကျ ကူညီ ‌ဆောင်ရွက်‌ပေးမှုများ ပြုလုပ်ရန် လိုအပ်‌ကြောင်း ဆိုသည်။

“ကျ‌နော်တို့က ဒီဘက်မှာ က‌လေးအခွင့်အ‌ရေး‌တွေ လုပ်‌နေတာ‌လေ။ တချို့ case ‌တွေမှာဆိုရင် သူတို့က လုပ်‌ပေးမယ် ဘာညာ‌ပေါ့‌လေ။ ဒီဘက်မှာက တခါတ‌လေ အဆင်မ‌ပြေတာ‌တွေ ရှိတာကိုး။ တခါတ‌လေ ထိုင်း‌တွေနဲ့ ဆက်ဆံရတာတို့၊ ဘာတို့ ‌နောက်ပြီး ဟိုဘက် မြန်မာဘက်က (လူ/ကယ်/ပြန်) တို့နဲ့ (လဝက)တို့နဲ့ ဆက်ဆံရတာ‌တွေ၊ အဆင်မ‌ပြေတာ‌တွေ သူတို့က လုပ်‌ပေးမယ် ဘာညာ‌တွေ‌တော့‌ပြောတယ်။ ‌ပြောပြီး‌တော့ တကယ့်လက်‌တွေ့ကျ‌တော့ ဒီ‌လောက်မဟုတ်ဘူး။ ပ ထမအ‌နေနဲ့‌တော့ For Show ‌တော့ လုပ်တတ်တယ်‌ပေါ့။ ဒါ‌ပေမဲ့ ‌ရေရှည်မှာက ဒီ‌လောက်ကြီး မကိုက်ဘူး” ဟု ‌ကေအိုင်စီ ‌ပြောသည်။

ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား အ‌ရေအတွက် ၃သန်းခန့်ရှိ‌ကြောင်း အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူ များ၏ စာရင်းအရသိရသည်။ လက်ရှိ COVID-19 ကပ်‌ရောဂါ ကာလတွင် ထိုင်းနိုင်ငံမှ အလုပ်အကိုင် ပိတ်သိမ်းခြင်း၊ အ လုပ်ဖြုတ်ခံရခြင်းနှင့် အလုပ်လက်မဲ့ဖြစ်‌ပေါ်ခြင်းတို့‌ကြောင့် မြန်မာနိုင်ငံသို့ သိန်းနှင့် ချီ၍ ပြန်သွားကြ‌ကြောင်း သိရသည်။