Home ဆောင်းပါး စစ်တပ်ရဲ့ ဖိနှိပ်မှု‌အောက်က လွတ်‌မြောက်ချင်ပြီ (‌ဆောင်းပါး)

စစ်တပ်ရဲ့ ဖိနှိပ်မှု‌အောက်က လွတ်‌မြောက်ချင်ပြီ (‌ဆောင်းပါး)

3976

နန်း‌ဝေဖြိုးဇာ (ဇူလိုင် ၃၀၊ ၂၀၂ဝ ပြည့်နှစ်)

“တို့‌မြေအတွင်း မြန်မာ့တပ်မ‌တော် တည်ရှိခြင်းကို လုံးဝအလိုမရှိ..အလိုမရှိ…အလိုမရှိ” ဆိုပြီး ဖာပွန်-ကမ‌မောင်း လမ်းမ ကြီး‌ပေါ်မှာ ကရင်အလံများကို ကိုယ်စီကိုင်‌ဆောင်ပြီး ‌ကြွေး‌ကြော်သံ‌တွေနဲ့အတူ ‌တောင်သုံးလုံး တပ်စခန်းရှိရာသို့ လူဦး‌ရေ ၄,၀၀ဝ (‌လေး‌ထောင်)‌ကျော်က ဇူလိုင်၂၈ ရက်‌နေ့ မိုးအုံ့အုံ့ မနက်ခင်းမှာ လမ်း‌လျှောက်ချီတက်လာပါတယ်။

အဲဒီထဲမှာ ဆယ်‌ကျော်သက်အရွယ်ကစ၍ အသက် ၇ဝ ‌ကျော်အထိ အရွယ်စုံ၊ အလွှာစုံ ပါဝင်ကာ ‌ဒေသအတွင်း တပ်မ‌တော်တပ်စခန်းများ တည်ရှိခြင်းကို မလိုလား‌တော့တဲ့ အခုလို ဆန္ဒ‌ဖော်ထုတ်တာ ဖြစ်ပါတယ်။ ချီတက် ‌နေသူ ‌တွေမှာ ပိတ်စအဖြူ‌ပေါ် “တရားမျှတမှု”လို့ အဓိပ္ပါယ်ရတဲ့ ကရင်လို‌ရေးထားတဲ့ စာသားပါ ‌ခေါင်းစည်း အဖြူကို ‌ခေါင်း‌ပေါ်မှာ စီးထားပြီး တပ်မ‌တော်တပ်စခန်းများတည်ရှိရာ‌နေရာကို လမ်း‌လျှောက်ချီတက်ပြီး ဆန္ဒ ထုတ်‌ဖော်‌နေတာ ‌တွေ့ရပါတယ်။

အဲဒီနယ်‌မြေမှာ တပ်စခန်းများရှိခြင်းဟာ လူ‌နေမှုဘဝလုံခြုံမှုမရှိတဲ့အပြင် အပြစ်မဲ့ပြည်သူများ မတရား အ သတ်ခံရမှု မကြာခဏရှိတာ‌ကြောင့် တပ်မတာ်တပ်စခန်းများ ပြန်လည်ရုပ်သိမ်း‌ပေးဖို့ ‌တောင်းဆိုရတာ ဖြစ်တယ်လို့ ဦး‌ဆောင်သူ‌တွေက ‌ကေအိုင်စီကို ‌ပြောပြပါတယ်။

ဆန္ဒထုတ်‌ဖော်‌နေသူ‌တွေဟာ မြန်မာတပ်မ‌တော် တပ်စခန်းတည်ရှိ‌နေခြင်းကို လုံးဝအလိုမရှိဆိုပြီး ‌ကြွေး‌ကြော် ‌နေသလို ၂၀၂ဝ ခုနှစ်အတွင်း ဝါသိုးခိုရွာသားအား ပစ်သတ်ခြင်းကို ‌ကျေနပ်မှုမရှိ၊ သစ်‌တောထိန်းသိမ်း‌ရေး အဖွဲ့ ဝင်တစ်ဦးအား ပစ်သတ်ခြင်းကို ‌ကျေနပ်မှုမရှိ၊ ဝါသိုးခိုရွာအတွင်း တပ်မ‌တော်မှ လက်နက်ကြီးနှင့် ပစ်ခြင်းကို ‌ကျေနပ်မှုမရှိ၊ လုံးဝ‌ကျေနပ်မှုမရှိဟု ဆက်တိုက် ‌ကြွေး‌ကြော်‌နေကြပါတယ်။

အဲ့ဒါအပြင် ‌ရေပူရွာသားများ ပစ်သတ်ခြင်းကို လုံးဝ‌ကျေနပ်မှုမရှိ၊ ပိုလိုးထာရွာသားများ ပစ်သတ်ခြင်းကို လုံးဝ ‌ကျေနပ်မှုမရှိ၊ မယ်သလီလရှင်တစ်ပါးကို တပ်မ‌တော်အဓမ္မပြုသွားခြင်းကို လုံးဝမ‌ကျေနပ်အပြင် တပ်မ‌တော်မှ သတ်မှတ်‌နေရာ‌ကျော်ပြီး သွားလာခြင်းသည် ပြည်သူအတွက် စိုးရိမ်စရာဖြစ်‌စေသည် စတဲ့ ‌ကြွေး‌ကြော်သံများ နဲ့အတူ ချီတက်ဆန္ဒထုတ်‌ဖော်ကြတာကို ‌တွေ့ရပါတယ်။

အခုလို ‌ဒေသခံ‌လေး‌ထောင်‌ကျော် ဆန္ဒထုတ်‌ဖော်ချီတက်တာဟာ အပစ်ရပ်ပြီး‌နောက်ပိုင်း လူအများဆုံး ဆန္ဒ ထုတ်‌ဖော်တာလည်း ဖြစ်ပါတယ်။ ဆန္ဒထုတ်‌ဖော်‌နေသူများဟာ တက်ညီလက်ညီနဲ့ နားချိန်မယူဘဲ လမ်း ‌လျှောက် ချီတက်တဲ့‌နေရာ‌ဝေးကွာတာ‌ကြောင့် တချို့က ကားတစ်ဝက်စီးလိုက် လမ်းတစ်ဝက်‌လျှောက်လိုက်နဲ့ ချီတက်‌နေတာကို သတိထားမိပါတယ်။

ဆန္ဒထုတ်‌ဖော်မှုမှာပါဝင်တဲ့ အသက် ၇ဝ နှစ်အရွယ် နို့‌ဝေါ်ရွာသူ အဖီး(အဖွား)‌နော်‌လေး‌စေး‌ဖောက “တပ်မ‌တော်ရဲ့ ဖိနှိပ်မှု‌အောက်မှာ ‌နေရတဲ့အတွက် ဘဝ‌နေမဝင်ခင် တပ်မ‌တော်ပြန်သွားတာကို မြင်သွား ခဲ့ချင်တာ‌ကြောင့် ထမင်းအငတ်ခံပြီး ဆန္ဒထုတ်‌ဖော်တာဖြစ်တယ်”လို့ ‌ကေအိုုင်စီကို ရင်ဖွင့်‌ပြောပြပါတယ်။

တပ်မ‌တော် တပ်စခန်းများ ပြန်လည်ရုပ်သိမ်း‌ပေးဖို့ ‌တောင်းဆိုခြင်းဟာ လွတ်လပ်မှုနဲ့ အ‌ကြောက်တရား ကင်းစင်စွာ လုပ်ကိုင်စား‌သောက်ချင်တဲ့အတွက် ‌တောင်းဆိုရခြင်းဖြစ်တယ်လို့ ဆန္ဒထုတ်‌ဖော်သူ‌တွေကို ‌မေးကြည့်တဲ့အခါ တညီတညွတ်တည်း ‌ပြောပြကြပါတယ်။

ချီတက်ဆန္ဒထုတ်‌ဖော်သူများဟာ ‌တောင်သုံးလုံးတပ်စခန်းအ‌ရှေ့ ဆန္ဒထုတ်‌ဖော်ပြီး‌နောက် ကတိုင်တိ တပ် စခန်းအ‌ရှေ့ ‌ရောက်တဲ့အချိန်မှာ ‌နေ့လည် ၁၂ နာရီရှိပြီးဖြစ်ပါတယ်။ ထမင်းမစားရ ‌ရေမ‌သောက်ရ‌ပေမယ့် လည်း ဇွဲမ‌လျှော့ဘဲ အားလုံး ကမ‌မောင်း တပ်စခန်းရှိရာ‌နေရာကို ထပ်မံချီတက်သွားတာ‌တွေ‌တော့ ရင်ထဲမှာ တစ်မျိုး ခံစားမိတာ‌တော့ အမှန်ပါပဲ။

တစ်‌နေရာနဲ့ တစ်‌နေရာ လမ်း‌လျှောက်ချီတက်ချိန်ရာသီဥတုက စိုစွတ်ပူအိုက်တာ‌ကြောင့် အချို့ကလမ်း‌ဘေးနား မှာ ဗိုက်ဖြည့်ဖို့ မုန့်‌ခြောက်ထုပ်‌တွေ ဝင်ဝယ်စားတဲ့လူကဝယ်စား။ ‌နေအရမ်းပူပြီး‌ရေဆာလို့ လမ်း‌ဘေးမှာရှိတဲ့ ‌ရေတွင်း‌တွေမှာ ‌ရေခပ်‌သောက်တဲ့လူက‌သောက် အချို့က‌တော့ ပါလာတဲ့ ကွမ်းထုပ်‌တွေကိုထုတ်ပြီး ‌ဝေစားကြ တာရှိသလို အချို့လည်း ‌ဆေးလိပ်‌တွေလိပ်ပြီး ‌ဝေမျှ‌ပေးရင်း ချီတက်ခရီးဆက် ‌နေကြပါတယ်။

သက်ကြီးပိုင်း အရွယ်အများစုဟာ ရင်နာစရာ‌ကောင်းတဲ့ စစ်တပ်ရဲ့ဖိနှိပ်မှုဒဏ်အမျိုးမျိုးခံခဲ့ရတာ‌ကြောင့် ဒီလို ပင်ပန်းမှု‌တွေက သူတို့အတွက်‌တော့ ဒီလိုချီတက်တာ ဘာမှမ‌ပြောပ‌လောက်‌ကြောင်းလည်း ‌ပြောဆိုပါတယ်။
တပ်မ‌တော် တပ်စခန်းမရှိရင် နယ်‌မြေငြိမ်းချမ်းသွားမှာဆိုပြီးခံယူတဲ့အတွက် တစ်ရက်တာထမင်းမစားရလည်း ခံနိုင်ရည်ရှိတယ်ဆိုပြီး ဆန္ဒပြသူတချို့ကို‌မေးရာမှာ အခုလို ပြန်‌ပြောပြကြပါတယ်။

ဖာပွန်‌ဒေသဟာ ကရင်ပြည်နယ်အတွင်း တပ်မ‌တော်တပ်စခန်း အများဆုံးတည်ရှိရာ မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၁၅ ခုနှစ်၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး NCA လက်မှတ်ထိုးပြီးဖြစ်‌သော်လည်း တပ်မ‌တော် တပ်စခန်း များ ဖြုတ်သိမ်းခြင်းမရှိဘဲ ပိုတိုးလာသလို အပစ်ရပ်ထား‌သော်လည်း ‌ဒေသအတွင်း ‌အေးချမ်းတည်ငြိမ်မှု က ‌တော့ အလှမ်း‌ဝေး‌နေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင်၂၀၂ဝ ပြည်နှစ် နှစ်ဆန်းပိုင်းကစပြီး ဖာပွန်‌ဒေသအတွင်းမှာ စစ်တပ်ရဲ့ အရပ်သား‌တွေအ‌ပေါ် ပစ်သတ် ခြင်းများ ဆက်တိုက်လိုလို ဖြစ်‌ပေါ်‌နေသလို အခုလ ၁၆ ရက်‌နေ့မှာ ပိုလိုးထာရွာသူ အမျိုးသမီးတစ်ဦးကို တပ်မ ‌တော် စကခ(၈)၊ ခမရ ၄၀၉ ရဲ့ တပ်သားနှစ်ဦးက ပစ်သတ်ခြင်းကိုခံရတာ‌ကြောင့် ‌ဒေသခံ‌တွေ မခံမရပ်နိုင်ဖြစ် ရပြီး အခုလို လူ‌ထောင်ချီဆန္ဒထုတ်‌ဖော်တဲ့အထိ ဖြစ်လာတာလို့ ‌ဒေသခံ‌တွေက ရှင်းပြပါတယ်။

အဲဒီလုပ်ရပ်မျိုးကို ကန့်ကွက်တဲ့အ‌နေနဲ့ ကရင်လူမှုအဖွဲ့များ၊ ကရင်ပါတီများအပြင် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်း အရုံးနဲ့ ခရိုင်အချို့မှာ ကန့်ကွက်ရှုတ်ချ‌ကြောင်း စာထုတ်ပြန်ထားတာ‌တွေ ဆက်တိုက် ‌ပေါ်ထွက် လာပါတယ်။
ပိုလိုးထာရွာသူ အမျိုးသမီး အသတ်ခံရမှုကို တပ်မ‌တော်ဘက်ကလည်း ထိ‌ရောက်ပြင်းထန်စွာ အ‌ရေးယူသွား မယ်လို့ ထုတ်ပြန်ထားပြီး ဘယ်လိုအ‌ရေးယူမှု ပြုလုပ်မလဲဆိုတာ ဆက်‌စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

‌ဒေသခံများက‌တော့ အ‌ရေးယူခြင်းမျိုးထက် ‌နောက်ပိုင်း အခုလို အပြစ်မဲ့ ပြည်သူ‌တွေကို ပစ်သတ်တာ‌တွေ မရှိဖို့အတွက် ‌ဒေသတွင်းမှာ စစ်တပ်စခန်း‌တွေ ဖြုတ်သိမ်းသွားဖို့ကို ပိုလိုချင်ပြီး တကယ့်အပစ်ရပ်အ‌ခြေအ‌နေနဲ့ ငြိ်မ်းချမ်း‌ရေးကို လက် ‌တွေ့ပြဖို့ မြင်ချင်‌နေကြပါတယ်။

အပစ်ခတ်ရပ်စဲ‌ရေးစာချုပ် NCA ထိုးပြီးတဲ့‌နောက်ပိုင်းတွင် တပ်စခန်းများပြန်ရုပ်သိမ်းဖို့ ‌ဒေသခံများ မကြာခဏ ဆန္ဒပြ ‌တောင်းဆို‌သော်လည်း တပ်မ‌တော်ဘက်က သိသိသာသာ လုပ်‌ဆောင်‌ပေးခြင်းမရှိ‌သေး‌ကြောင်းလည်း ကရင်အရပ်ဖက် အဖွဲ့အချို့က ‌ထောက်ပြ‌ပြောဆိုထား‌တွေလည်း ရှိပါတယ်။

အစိုးရနဲ့ ‌ကေအဲန်ယူတို့ ပြည်နယ်အဆင့် အပစ်ရပ်တာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီကတည်းက ဖြစ်ပြီး အခုဆို ၈ နှစ် ‌ကျော်ပြီး လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာသိ NCA စာချုပ်၊ ချုပ်ဆိုထားတာဆိုရင်ဖြင့် ငါးနှစ်ခန့်ရှိလာပြီးလည်း ဖြစ်ပါတယ်။ ဒါ‌ပေ မဲ့ဖာပွန်‌ဒေသမှာ‌တော့ ငြိမ်းချမ်း‌ရေး အသီးအပွင့်ကို မခံစားရ‌သေးဘဲ ပဋိပက္ခများသာ ဆက် တိုက်ဖြစ်‌နေတာ ‌တွေ့ရပါ တယ်။ ဒါဟာ အပစ်ရပ်‌သော်လည်း လက်‌တွေ့‌မြေပြင်မှာ‌တော့ မလိုက်နာကြသလို ဖြစ်‌နေတာပါ။

မွန်းလွဲပိုင်း‌ကျော်ချိန်မှာ‌တော့ ဆန္ဒပြချီတက်သူများဟာ သူတို ့ရပ်ရွာ‌တွေဆီကို တဖွဲ့ပြီးတဖွဲ့ အသီးသီးလမ်းခွဲ ပြန်သွားကြပါတယ်။ အချိန်အ‌တော်ကြာ ချီတက်လမ်း‌လျှောက်ကြလို့ အနည်းငယ် ပင်ပန်းဟန်‌ပေါ်‌နေ‌သော် လည်း သူတို့ ထုတ်‌ဖော်‌ပြောချင်တာ‌ပြောရလို့ ‌ကျေနပ်‌နေဟန်‌တွေ့ရပါတယ်။

ရွာကိုပြန်‌တော့မယ့် အဖီး(အဖွား)တ‌ယောက်က‌တော့ “စစ်တပ်ရဲ့ ဖိနှိပ်မှု‌အောက်က လွတ်‌မြောက်ချင်ပြီ” လို့ ခပ်လှမ်း လှမ်းက ‌တောင်‌ကြော‌တွေ‌ပေါ် လှမ်းကြည့်ရင်း‌ပြောကာ လမ်းခွဲသွားပါ‌တော့တယ်။ သူတို့ ဆန္ဒအတိုင်း ဖိနှိပ်မှု‌အောက်က လွတ်‌မြောက်ဖို့ ထပ်တူဆန္ဒပြုမိပါ‌တော့တယ်။
နန်း‌ဝေဖြိုးဇာ