Home COVID-19 ခလယ်-တံခွန်တိုင် တိုက်နယ်တွင် မ‌လေးရှားပြန်တစ်ဦး COVID-19 ‌ရောဂါပိုး‌တွေ့

ခလယ်-တံခွန်တိုင် တိုက်နယ်တွင် မ‌လေးရှားပြန်တစ်ဦး COVID-19 ‌ရောဂါပိုး‌တွေ့

4202

ဇူလိုင် ၂၉ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်မှ မ‌လေးရှားနိုင်ငံမှ ပြန်လည်‌ရောက်ရှိလာသူ လူနာ အမှတ် ၃၅၁၊ အသက် ၃၁ နှစ် အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး‌တွေ့ရှိသည်ဟု အားကစားနှင့် ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ယမန်‌နေ့(ဇူလိုင် ၂၉ရက် ) ထုတ်ပြန်ချက်အရ သိရသည်။

‌ရောဂါပိုး‌တွေ့ရှိသည့် လူနာအမှတ် ၃၅၁သည် ‌ကော့‌သောင်း-ရ‌နောင်းနယ်စပ်လမ်းမှတစ်ဆင့် အခြားသူများနှင့်အတူ ပြန်လည်‌ရောက်ရှိလာပြီး ဇူလိုင် ၂၂ ရက်‌နေ့တွင် တံခွန်တိုင်‌ကျေးရွာ သနင့်ပ‌ထောက်ခန်းမ‌ဆောင်တွင် အသွားအလာကန့်သတ် ‌စောင့်ကြည့်ထားသူဖြစ်သည်ဟု ‌ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။

“ ၂၇ ရက်‌နေ့က အာ‌ခေါင်တို့ဖတ်‌တွေ ပို့တယ်။ ညကတည်းက အ‌ဖြေထွက်တာ‌ပေါ့‌နော်။ ၄ ‌ယောက်ပို့တာ တစ်‌ယောက်‌တွေ့တာ‌ပေါ့။ မ‌လေးရှားပြန် ၃ ‌ယောက်ထဲမှာ တစ်‌ယောက်‌တွေ့တာ‌ပေါ့။ ညတွင်းချင်းပဲ ‌မော်လမြိုင်‌ဆေးရုံကို ပို့လိုက်တယ်။ ကျန်တဲ့လူ‌တွေ ကျန်းမာ‌ရေး ‌ကောင်းတယ်။ ‌ရောဂါလက္ခာဏာ မပြ‌နေဘူး။ အကုန်လုံး ‌ကောင်းတယ်”ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ် ပြည်သူ့ ‌ဆေးရုံမှ ‌ဒေါက်တာဟန်ကိုဝင်းက ‌ကေအိုင်စီသို့ ဇူလိုင်လ ၂၉ ရက်တွင် အတည်ပြု‌ပြောသည်။

‌ရောဂါပိုး‌တွေ့ရှိသည့် မ‌လေးရှားနိုင်ငံပြန် လူနာအမှတ် ၃၅၁ သည် ၎င်းနှင့်အတူ ပြန်လာသူတစ်ဦးနှင့် ဇူလိုင်လ ၂၁ ရက်‌နေ့က မ‌လေးရှားပြန် တစ်ဦးအပါအဝင် ထိုင်းနိုင်ငံမှ ပြန်လည်‌ရောက်ရှိလာသူ တစ်ဦး စုစု‌ပေါင်း ပြည်ပပြန် ‌လေးဦးတို့မှာ တံခွန်တိုင်‌ကျေးရွာ ‌စောင့်ကြည့်စခန်း‌နေရာတွင် ‌နေထိုင်ကြသူများဖြစ်သည်။

“ မ‌လေးရှားပြန် ၃ ‌ယောက်မှာ ၂၂ ရက်‌နေ့မှာ ၁ ‌ယောက်၊ ၂၁ ရက်‌နေ့က ပြန်‌ရောက်လာတဲ့ ၂ ‌ယောက်မှာ ၁ ‌ယောက်က ‌ရောဂါပိုး ‌တွေ့တာ‌ပေါ့‌နော်။ အားလုံးက ‌ကော့‌သောင်း-ရ‌နောင်းလမ်းက‌နေ ခိုးပြန်လာတာပါ။ လူ ၁ဝ ‌ယောက်‌လောက်နဲ့ ကားအတူစီးလာပြီး မုဒုံမြို့‌ရောက်ခါနီးမှ အသိ‌ပေးလာလို့ သိရတယ်။ နယ်စပ်လမ်း‌ကြောင်း‌တွေမှာ တာဝန်ရှိသူ‌တွေ ‌သေချာကြပ်မတ်‌ပေးဖို့ ‌တောင်းဆို ချင်တယ်”ဟု တံခွန်တိုင်‌ကျေးရွာ လူမှုကယ်ဆယ်‌ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

ကရင်ပြည်နယ်အ‌နေဖြင့် ထိုင်း-မြန်မာနယ်စပ်လမ်း‌ကြောင်းမှတစ်ဆင့် ပြည်ပ‌ရောက်မြန်မာနိုင်ငံသားများ ‌နေ့စဉ်ပြန်လည်‌ရောက်ရှိလာပြီး တရားမဝင်နယ်စပ်လမ်း‌ကြောင်းမှတစ်ဆင့် ပြန်လည်‌ရောက်ရှိလာသူများလည်းရှိသည်ဟု ‌ဒေသခံများထံမှ သိရသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ကိုဗစ်‌ရောဂါ ပိုး‌တွေ့ရှိသူ စုစု‌ပေါင်း ၆ ဦးရှိပြီး အဆိုပါ ကိုဗစ်‌ရောဂါပိုး‌တွေ့ရှိသူ အားလုံးမှာ ထိုင်းနှင့် မ‌လေးရှား နိုင်ငံက ပြန်လာပြီး ပြည်နယ်ထဲရှိ Quarantine Center များတွင် အသွားအလာကန့်သတ်ထားသူများဖြစ်ကြသည်။ ယင်းပိုး‌တွေ့ရှိသူ ၆ ဦးအနက် ၄ ဦးမှာ ‌ရောဂါပိုးကင်းစင်သွားပြီဟု သိရသည်။