Home သတင်း ကျန်းမာ‌ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် စီစဉ်ထားဟု ဖားအံ အထက-၁ ‌ကျောင်းအုပ်ကြီး‌ပြော

ကျန်းမာ‌ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် စီစဉ်ထားဟု ဖားအံ အထက-၁ ‌ကျောင်းအုပ်ကြီး‌ပြော

2191

ဇူလိုင် ၁၄ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကျန်းမာ‌ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် စီစဉ်ထားပြီး အထက်တန်းအဆင့် ‌ကျောင်းသား ‌ကျောင်းသူ များအား ‌ကျောင်းအပ်လက်ခံ‌နေပြီးဟု ဖားအံမြို့၊ အမှတ် ၁ အ‌ခြေခံပညာအထက်တန်း‌ကျောင်း၊ ‌ကျောင်းအုပ်ဆရာကြီး မင်း‌ကျော်ဉာဏ်ခိုင်က ‌ပြောသည်။

၎င်းက “‌ကျောင်းဖွင့်တဲ့အခါ ကျန်းမာ‌ရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းအတိုင်း မိဘ၊ ဆရာ၊ ‌ကျောင်းသား‌တွေအားလုံး လိုက်နာမယ်ဆိုရင် ကျန်းမာ‌ပျော်ရွှင်ပညာသင်၊ ကြိုတင်တားဆီး Covid-19 ဆိုတဲ့ ‌ဆောင်ပုဒ်အတိုင်းဖြစ်မယ်လို့ ယုံကြည်ပါတယ်”ဟု ‌ကေအိုင်စီသို့ ဇူလိုင် ၁၄ ရက်တွင် ‌ပြော သည်။

အထက်တန်းအဆင့်(သင်ရိုးသစ် Grade-10 နှင့် သင်ရိုး‌ဟောင်း Grade-11) ‌ကျောင်းအပ်နှံ‌ရေး သီ တင်းပတ်အဖြစ် ဇူလိုင် ၁၃ မှ ၁၇ ရက်‌နေ့အထိ ‌ကျောင်းအပ်လက်ခံ‌နေပြီး ဖြစ်သည်။ အ.ထ.က (၁) ဖားအံသို့ ‌ကျောင်းအပ် စတင်လက်ခံသည့် ‌နေ့မှစ၍ နှစ်ရက်အတွင်း အထက်တန်း၊ ‌ကျောင်းသူ၊ ‌ကျောင်းသား ၂၀ဝ ဦး‌ကျော် ‌ကျောင်းလာအပ်နှံထားပြီးဟု ဆရာ၊ ဆရာမများထံမှ သိရသည်။

Social distancing စနစ်ဖြင့် ကရင်ပြည်နယ်ရှိ အထက်တန်း‌ကျောင်းများ အားလုံးကို ဇူလိုင်လ ၂၁ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထို့‌နောက် COVID-19 ‌ရောဂါပြန့်ပွားကူးစက်မှု အ‌ခြေ အ ‌နေအရ အလယ်တန်းနှင့်မူလတန်းအဆင့်များကို တစ်ဆင့်ချင်းစီ ဖွင့်လှစ်နိုင်‌ရေး ဆက်လုပ်‌ဆောင် သွားမည်ဟု အ‌ခြေခံပညာဦးစီးဌာနကညွှန်ကြားထားသည်။

ကရင်ပြည်နယ်ရှိ ‌ကျောင်းများဖွင့်လှစ်သင်ကြားသည့်အခါ ‌ကျောင်းသူ၊ ‌ကျောင်းသား၊ ဆရာ၊ ဆရာ မ များ အ‌နေဖြင့် တစ်ဦးနှင့်တစ်ဦး ၆ ‌ပေ အကွာထားရှိကာ လူဦး‌ရေအလိုက် အချိန်ခွဲ သင်ကြားသွား နိုင်ရန် စီစဉ်ထား‌ကြောင်း ပြည်နယ်ပညာ‌ရေးမှူးရုံးမှ သိရသည်။