Home တွေ့ဆုံမေးမြန်းခန်း ကိုယ်စားလှယ်‌လောင်း မန်းမင်းရဲ‌ထွေးနှင့် ‌မေးမြန်းခြင်း

ကိုယ်စားလှယ်‌လောင်း မန်းမင်းရဲ‌ထွေးနှင့် ‌မေးမြန်းခြင်း

3588
Photo: KNP

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား လူမျိုး‌ရေးရာဝန်ကြီး‌နေရာအတွက် ဝင်‌ရောက်အ‌ရွေးချယ်ခံရန် ပြင်ဆင်‌နေ သည့် ကရင်အမျိုးသားပါတီ -KNP ပါတီအတွင်း‌ရေးမှူး (၁) မန်းမင်းရဲ‌ထွေးအား ‌တွေ့ဆုံ‌မေးမြန်းထားခြင်းဖြစ်ပါသည်။

‌ရွေး‌ကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက်
ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်လာရတဲ့အ‌ကြောင်းက‌တော့ ပထမတုန်းက ဝင်‌ရောက်ယှဉ်ပြိုင်ဖို့ ‌ရွေးချယ်ထားတဲ့သူ ‌တွေက မယှဉ်ပြိုင်ဖြစ်တဲ့အတွက်‌ကြောင့် ပါတီက‌နေပြီး‌တော့ အတီးကို ဒီ‌နေရာဝင် ‌ရောက်ယှဉ်ပြိုင်ဖို့ အားလုံးတညီ တညွတ်နဲ့‌တောင်းဆို သ‌ဘောတူတဲ့အတွက်‌ကြောင့် ဝင်‌ရောက် အ‌ရွေးခံရခြင်းဖြစ်ပါတယ်။ ‌နောက်တစ်ခုက ဒီ‌ရေးရာဝန် ကြီး‌နေရာအတွက် အတီးဘာလို့‌ရွေးချယ်ခံဖို့ဖြစ်လာရတာလဲဆို‌တော့ ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီးက ဖွဲ့စည်းပုံအ ‌ခြေခံဥပ‌ဒေအရ ကရင်လူမျိုးမဲဆန္ဒ‌ပေးပိုင်ခွင့်ရှိသူ အနည်းဆုံး ၅ ‌သောင်းရှိရင် ကရင်ပြည်နယ်ပြင်ပမှာ ကရင်တိုင်းရင်း သား‌ရေးရာဝန်ကြီး‌နေရာ ဝင်‌ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်။ အဲဒါတစ်ချက်‌ပေါ့။ အဲဒီလိုယှဉ်ပြိုင် ခွင့်ရှိတဲ့အတွက်‌ကြောင့် ကိုယ့်ရဲ့ပြည်နယ် တိုင်း‌ဒေသကြီး‌တွေမှာ ကရင်အ‌ရေးကို ‌ဆောင်ရွက်လို့ရတယ်‌ပေါ့။ ဒါက‌တော့ ‌ယေဘုယျအရ ‌ပြောတာ‌ပေါ့‌လေ။

ကရင့်အ‌ရေးကို ‌ဆောင်ရွက်တဲ့‌နေရာမှာလည်း ကရင်အ‌ရေးဆိုတာဘာ‌တွေလဲ၊ ကရင်အ‌ရေးဆိုတာကလည်း နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး အစရှိသည်အားဖြင့် အဲဒီအ‌ရေးထဲမှာမှ ကရင်‌တွေရဲ့ အမြင့်ဆုံးရ ပိုင်ခွင့်က‌တော့ ကရင်အမျိုးသား‌တွေရဲ့နိုင်ငံ‌ရေးရပိုင်ခွင့် အဲဒါက‌တော့ အမြင့်ဆုံး‌ပေါ့။ ကရင်‌တွေရဲ့အမြင့်ဆုံးရပိုင်ခွင့်က အခုထက်ထိ‌ပျောက်ဆုံး‌နေတယ်။ ကရင်လူမျိုး‌တွေရဲ့တန်းတူအခွင့်အ‌ရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်က ဖက်ဒရယ်ပြည် ‌ထောင်စုတည်‌ဆောက်‌ရေး‌ပေါ့။ အဲဒါက‌တော့ ကရင်တစ်မျိုးသားတည်းသွားလို့မရ‌တော့ဘူး။ တိုင်းရင်းသားအားလုံး က ‌နေပြီး‌တော့ ဒါကိုတစ်သံတည်း တစ်ညီတညွတ်တည်း လုပ်‌ဆောင်မှဖြစ်မယ်ဆို‌တော့ ကိုယ်ကလည်း ကရင်အမျိုးသား ‌တွေရဲ့ရပိုင်ခွင့်က တိုင်းရင်းသားအားလုံးနဲ့ပူး‌ပေါင်း ‌ဆောင်ရွက်နိုင်ဖို့အတွက် ဒီ‌နေရာကိုရမယ်ဆိုရင် ပူး‌ပေါင်း‌ဆောင် ရွက်နိုင်မယ်၊ ပူး‌ပေါင်း‌ဆောင်ရွက်ဖို့ အခွင့်အလမ်း‌တွေရှိမယ်‌ပေါ့။ ဆို‌တော့အဲဒီအ‌တွေးအမြင်လည်း တစ်ချက်ပါတယ်။

‌နောက်တစ်ချက်က‌တော့ ဒီလိုဝင်‌ရောက်ယှဉ်ပြိုင်လို့အနိုင်ရရှိခြင်းအားဖြင့် အခုဆိုဧရာဝတီတိုင်းဆို ဧရာဝတီတိုင်း လွှတ်‌တော်မှာ ဝန်ကြီးတစ်‌နေရာ ဝင်‌ရောက်‌ဆောင်ရွက်ခွင့်ရတယ်။ အစိုးရအာဏာပိုင် အဖွဲ့အစည်းမှာ ဝင်‌ရောက်‌ဆောင် ရွက်ခွင့်ရတယ်ဆို‌တော့ ကရင်တိုင်းရင်းသား‌တွေရဲ့အ‌ရေးအရာအပြင် တခြားအ‌ရေးအရာ‌တွေ‌ပေါ့။ ဥပမာ ရန်ကုန်တိုင်း ကရင်‌ရေးရာဝန်ကြီးက ကရင်‌ရေးရာအပြင် ကိုယ့်ကျွမ်းကျင်ပိုင်နိုင်တဲ့ကိစ္စမျိုး‌တွေမှာ တာဝန်‌ပေးအပ်တာမျိုး‌တွေရှိခဲ့တယ်။ အဲလို‌ပေးအပ်လာတာမျိုး‌တွေရှိရင် ကရင်တစ်မျိုးသားလုံးအတွက်သာမက ဧရာဝတီတိုင်း‌ဒေသကြီး‌တွေမှာရှိတဲ့ တိုင်းသူ တိုင်းသားအားလုံး‌တွေအတွက် လုပ်‌ဆောင်‌ပေးနိုင်မယ်။ ‌ပြော‌ရေးဆိုခွင့်‌တွေလည်းရှိတယ်။

‌နောက်တစ်ခါ ကရင်တစ်မျိုးသားအ‌နေနဲ့ပြန်ကြည့်မယ်ဆိုရင်လည်း စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာကိစ္စ‌တွေမှာ ဦး ‌ဆောင် ‌ဆောင်ရွက်ခွင့်ရမယ်။ ကရင်စာ‌ပေ‌တွေကိုလည်း အခုအစိုးရ‌ကျောင်း‌တွေမှာ တရားဝင်သင်ကြားခွင့်ပြုပြီ‌ပေါ့‌လေ။ အဲဒါ‌တွေအားလုံး ‌ရှော‌ရှောဖြစ်ဖို့အဆင်‌ပြေဖို့ ဒီဟာကို‌ကျောင်းချိန်အတွင်းမှာ အစိုးရသတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အပြည့်အဝ သင်ကြားခွင့်ရရှိ‌ရေး၊ စာသင်ကြားတဲ့ဆရာ၊ ဆရာမ‌တွေလည်းဘဲ လုံ‌လောက်တဲ့လစာရရှိ‌ရေး ‌နောက်ပြီး တခြားဆရာ၊ ဆရာမ‌တွေလိုပဲ တန်းတူအခွင့်အ‌ရေးရရှိ‌ရေး‌တွေက‌တော့ ဆက်လက်‌ဆောင်ရွက်ရမယ့် ကိစ္စ‌တွေဖြစ်‌နေ တုန်းပဲဖြစ်ပါတယ်။

‌နောက်တစ်ခါ မြစ်ဝကျွန်း‌ပေါ်မှာရှိတဲ့ကရင်အမျိုးသား‌တွေရဲ့ဦး‌ရေ‌တွေဟာ တခြားလူမျိုး‌တွေရဲ့ဦး‌ရေထက် ၅၀-၅ဝ လည်း‌ပြောတယ်။ ၆၀-၄ဝ လည်း‌ပြောတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကရင်လူမျိုး‌တွေရဲ့ရှိ‌နေတဲ့ ကျန်းမာ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ပညာ‌ရေး‌တွေကို ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာက‌နေပြီး‌တော့ အခြား‌သောဝန်ကြီး‌တွေ၊ လွှတ်‌တော် ကိုယ်စားလှယ်‌တွေနဲ့လက်တွဲပြီး‌တော့ အ‌ရေးတယူ‌ဆောင်ရွက်‌ပေးနိုင်မယ်။ အထူးသဖြင့် ကရင်လူမျိုး‌တွေရဲ့ စီးပွား‌ရေး ဟာ နိမ့်ကျ‌နေတုန်းပဲဖြစ်ပါတယ်။ ကရင်လူမျိုး‌တွေဟာ စိုက်ပျိုး‌ရေး‌တွေဖြစ်တဲ့ လယ်ယာကိုင်းကျွန်း စိုက်ပျိုး‌ရေး၊ ‌မွေးမြူ ‌ရေးလုပ်ကိုင်တဲ့‌နေရာ‌တွေမှာ ဒီက‌နေ့ အရှုံး‌ပေါ်တာ‌တွေချည်းပဲ။ စပါး‌ဈေး‌တွေကျဆင်း‌နေတယ်။ လုပ်လိုက်တိုင်းမှာ ဒီလို ကျဆင်းမှု‌တွေက‌နေ မရုန်းထွက်နိုင်‌သေးဘူး။

အဲလိုဖြစ်‌နေတာ‌တွေကို နည်းပညာ‌ကောင်း‌ကောင်း၊ အဆက်အသွယ်‌ကောင်း‌ကောင်း၊ ‌ဈေးကွက်‌ကောင်း ‌ကောင်းရှာပြီး တိုင်း‌ဒေသကြီးအစိုးရနဲ့ညှိနှိုင်းတိုင်ပင်ပြီး စိုက်ပျိုး‌မွေးမြူ‌ရေး‌တွေ ဖြစ်ထွန်း‌အောင် နည်းစနစ်ကျကျ နည်း ပညာ‌ကောင်း‌ကောင်းနဲ့ ဖြစ်ထွန်းလာ‌အောင်လုပ်‌ဆောင်‌ပေးချင်တဲ့စိတ် အမန်းမှာ အပြည့်အဝရှိပါတယ်။ ဒီက‌နေ့ အမန်းတို့ ကရင်လူမျိုး‌တွေမှာ အ‌ကြွေး‌တွေပိ‌နေတယ်။ အ‌ကြွေး‌တွေပိပြီး ကိုယ့်လယ်ယာ ‌မြေ‌တွေကို ‌ရောင်းချပြီး လယ်မဲ့ ယာမဲ့‌တွေ ဖြစ်‌နေတယ်။ အဲဒီလို လိုအပ်ချက်‌တွေဖြည့်ဆည်းချင်တယ်။ ဒီလိုလုပ်‌ဆောင်တဲ့ ‌နေရာမှာလည်း ဒီလို‌နေရာ တစ်ခုရလာရင် လုပ်ပိုင်ခွင့်တစ်ခုရှိလာမယ်လို့လည်း ယုံကြည်ပါတယ်။

ဧရာဝတီတိုင်းရှိ ကရင်လူထု အ‌ခြေအ‌နေ သုံးသပ်ချက်
အခုလက်‌တွေ့အ‌နေနဲ့‌ပြောရမယ်ဆိုရင် စီးပွား‌ရေး၊ ကျန်းမာ‌ရေး ပညာ‌ရေးစတာ‌တွေနိမ့်ကျ‌နေတာ‌တွေ က ဧရာဝတီ တိုင်း‌ဒေသကြီးတစ်ခုတည်းမဟုတ်ဘူး။ ပြည်နယ်နဲ့တိုင်း‌ဒေသကြီးတိုင်းလိုလိုမှာ ဒီလိုပဲဖြစ်‌နေတယ်။ ဒါ‌ပေမယ့် အမန်းတို့ ဧရာဝတီတိုင်း‌ဒေသကြီးမှာ မျက်မြင်ကိုယ်‌တွေ့ ‌တွေ့‌နေရတာက‌တော့ ဥပမာတစ်ခုအ‌နေနဲ့‌ပြောရမယ်ဆိုရင် မျိုးဆက်သစ် ကရင်လူငယ်‌လေး‌တွေ အ‌တော်‌တော်များများက အရက်‌သေစာ ‌သောက်သုံးမှု‌တော်‌တော် များများဖြစ်‌နေ တယ်။ အဲဒီ‌တော့ သူများ‌ကောင်း‌အောင်လုပ်ဖို့‌နေ‌နေသာသာ ကိုယ့်ကိုယ်ကို‌တောင် ‌ကောင်း‌အောင် မလုပ်နိုင်ကြဘူးဖြစ် ‌နေတယ်။ အဲဒီ‌တော့ အမျိုးသား‌ရေးကိစ္စ‌တွေမှာ ‌နောက်မျိုးဆက်သစ်‌တွေ ရှိပါ့မလား‌တောင် စိုးရိမ်‌နေရပါတယ်။

အဲလိုဖြစ်ရခြင်းကလည်း ဒီက‌နေ့ ‌ကျေးရွာတိုင်း ‌ကျေးရွာတိုင်းမှာ အရက်ပုန်း‌ရောင်းတဲ့ကိစ္စ‌တွေက ရှိ‌နေတယ်။ အဲလို ‌ရောင်းချတဲ့ကိစ္စ‌တွေကိုလည်း ထိထိ‌ရောက်‌ရောက်အ‌ရေးမယူနိုင်ကြဘူး။ အဲဒီလိုမလုပ်နိုင်တဲ့အပြင် တစ်ချို့က အဲလို ‌ရောင်းတဲ့သူ‌တွေဆီက‌နေ ခွဲတမ်း‌တွေရ‌နေတယ်။ သူတို့အ‌နေနဲ့ကလည်း ရရှိတဲ့လစာအပြင် စားဝတ်‌နေ‌ရေးအရ အပိုဝင် ‌ငွေ‌လေး‌တွေရ‌နေ‌တော့ အဲဒါကို မသိကျိုးကျွံပြု‌နေတဲ့အပိုင်း‌လေး‌တွေလည်း ရှိ‌နေပြန်တယ်။ အဲလိုလွယ်လွယ်နဲ့ ဝယ်ယူ‌သောက်သုံးနိုင်တာမျိုး‌တွေဖြစ်‌နေ‌တော့ ဒီက‌နေ့လူငယ်‌တွေအ‌နေနဲ့က စာရိတ္တပိုင်းဆိုင်ရာ‌တွေမှာ‌ရော၊ ကျန်းမာ‌ရေး အပိုင်းမှာ‌ရော ယိုယွင်းမှု‌တွေဖြစ်လာ‌နေတာကို‌တွေ့‌နေရတယ်။

ဒီမျိုးဆက်‌တွေက အိမ်‌ထောင်ရက်သားကျပြီး သားသမီး‌လေး‌တွေဖြစ်လာရင် ‌နောက်မျိုးဆက်‌တွေက ဘယ်လိုဖြစ် လာကြမလဲ။ စီးပွား‌ရေး‌ကောင်း‌ကောင်းမလုပ်နိုင်ဘဲနဲ့ သားသမီး‌တွေရဲ့ပညာ‌ရေးကဘယ်လိုဖြစ်လာမလဲ။ အဲဒီလိုဖြစ် လာ ရင် ကရင်မျိုးဆက်ကြီးက ချုံးချုံးကျမယ့် အ‌နေအထားမျိုး‌တွေဖြစ်လာနိုင်တယ်လို့ အမန်းက‌တော့ မြင်မိတယ်။ အခု လည်း ဖြစ်‌နေပြီ ။ ဒါကိုဘယ်လိုကုစားကြမလဲဆိုတာက‌တော့ တရားဥပ‌ဒေစိုးမိုး‌ရေးအပိုင်းက အ‌ရေးကြီးလာပြီ။ အဲဒါသိပ် အ‌ရေး ကြီးတယ်။ အဲဒါ‌ကြောင့်လွှတ်‌တော်ထဲမှာ ကရင်ပါတီ‌တွေ‌ရောက်ဖို့အ‌ရေးကြီးတယ်။ ဒီလို‌ရောက်မှသာလျှင် ဒီလိုအ‌ရေး အရာ‌တွေကို ကိုင်တွယ်‌ဖြေရှင်းလို့ရမယ်။ ဒါ‌ပေမယ့် ဒီလို‌ရောက်သွားတဲ့ ကရင်လူကြီး‌တွေအ‌နေနဲ့ကလည်း ရိုးသား‌ဖြောင့် မတ်ဖို့လိုတယ်။ သူများရဲ့အသုံးချခံ ဩဇာခံမဖြစ်ဖို့အ‌ရေးကြီးတယ်။ ဒီလိုဖြစ်ရင်‌တော့ ဒုံရင်းက ဒုံရင်းပဲဖြစ်မှာပဲဖြစ်တယ်။ ဒီပုပ်ထဲက ဒီပဲ ပဲဖြစ်မယ်။

အဓိကက‌တော့ ကရင်လူထု‌တွေအ‌နေနဲ့ကလည်း Mindset (ပုံ‌သေအ‌တွေးအ‌ခေါ်)‌တွေ ‌ပြောင်းဖို့လိုတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အနှစ် ၇ဝ ‌ကျော်ကြာနိုင်ငံ‌ရေး သင်းသတ်ခံခဲ့ရတယ်။ ဒီလိုဖြစ်ခဲ့တဲ့အခါကျ‌တော့ သမိုင်းအစစ်အမှန် ထက် သမိုင်းအမှား‌တွေကိုပဲ သင်ယူလာခဲ့ရတယ်။ အထူးသဖြင့် ဒို့ကရင်‌တွေရဲ့ သမိုင်းအမှန် ရည်ရွယ်ချက်အမှန် မူဝါဒ အမှန်ကို မသိရပဲနဲ့ လက်‌ဝေခံ နိုင်ငံ‌ရေးယဉ်‌ကျေးမှု‌အောက်မှာ ကရင်‌တွေ‌ရောက်သွားခဲ့ရတယ်။ သူများပါတီကြီး‌တွေ အစိုးရ ‌တွေရဲ့မက်လုံး ‌ပေးမှု‌အောက်မှာ ‌ရောက်သွားပြီး သူ့တစ်ကိုယ်စာ မိသားစုအသိုင်းအဝိုင်းစာအတွက် အဆင်‌ပြေမှာ ဖြစ်‌ပေမယ့် တစ်မျိုးသားလုံးအတွက် သူဘာမှလုပ်‌ပေးနိုင်မှာမဟုတ်‌တော့ဘူး။ ဘာဖြစ်လို့လဲဆို‌တော့ သူ့မှာလုပ်ပိုင်ခွင့် အာဏာမရှိဘူး‌လေ။ အဲဒါက နိုင်ငံ‌ရေးရပိုင်ခွင့်ဆုံးရှုံးမှုဖြစ်တယ်။ အမန်းတို့လည်း အဲဒီလို‌နေရာ‌ရောက်ရင် ဒီလိုစိန်‌ခေါ်မှု ‌တွေက ‌တွေ့‌နေရမှာပဲ။

ကရင်ပြည်သူ‌တွေ ‌ရွေးချယ်သင့်တဲ့ ကိုယ်စားလှယ်
လာမယ့် ၂၀၂ဝ အတွက်က‌တော့ ကျ‌နော်တို့ကရင်လူထု‌တွေအ‌နေနဲ့ ပြီးခဲ့တဲ့ ၂၀၁ဝ နဲ့ ၂၀၁၅ ‌ရွေး‌ကောက် ပွဲ ‌တွေမှာ ကြုံခဲ့ပြီးပြီ။ အဲဒီက‌နေတက်လာခဲ့တဲ့အစိုးရ‌တွေကို ကရင်လူထု‌တွေအ‌နေနဲ့မဲ‌ပေးခဲ့‌ပေးခဲ့တာပါပဲ။ သူတို့ကို မဲ‌ပေး ခဲ့ပြီး‌တော့ မဲအ‌ပေးခံရတဲ့သူ‌တွေက ဘယ်‌လောက်‌ဆောင်ရွက်‌ပေးနိုင်ခဲ့လဲဆိုတာ သုံးသပ်မိကြမှာဖြစ်ပါတယ်။ ‌နောက်ပြီး ကိုယ့်ကရင်လူထု‌တွေအ‌နေနဲ့ကလည်း ကိုယ့်အိမ်လျှပ်စစ်မီး‌လေး‌ပေးတာ၊ လမ်း‌လေး‌ဖောက်‌ပေးတာကိုပဲ ‌ကျေနပ်‌နေကြ မလား။ အဲဒါထက်ကိုယ့်ရပိုင်ခွင့်‌တွေ ဆုံးရှုံးသွားတဲ့ရပိုင်ခွင့်‌တွေက ဘာ‌တွေလဲ နိုင်ငံ‌ရေးရပိုင်ခွင့်‌တွေက ဘာ‌တွေလဲ ဆိုတာကို ကရင်လူထု‌တွေအ‌နေနဲ့က သိဖို့လိုမယ်။ အဲဒီလိုရရှိဖို့ ဘိုးဘွားလက်ထက် ကရင်‌ခေါင်း‌ဆောင်‌တွေက အဆက် ဆက်ကြိုးစားလာခဲ့ကြ‌ပေမယ့် မ‌အောင်မြင်ခဲ့ကြဘူး။

‌နောက်ဆုံး‌တော့လက်နက်ကိုင်လမ်းစဉ်ကို ‌ရောက်သွား ခဲ့ကြရတယ်။ ဒီက‌နေ့ လက်နက်ကိုင်လမ်းစဉ်က‌နေ ငြိမ်းချမ်းလမ်းစဉ်ကိုသွားတဲ့အခါကျ‌တော့လည်း အထစ်အ‌ငေ့ါ‌တွေကလည်း အများကြီးရှိ‌နေဆဲဖြစ်တယ်။ အဲဒီ‌တော့ ကိုယ့်ကရင်လူထု‌တွေအ‌နေနဲ့ ဘာစီးပွား‌ရေးပဲလုပ်လုပ်၊ စိုက်ပျိုး‌ရေးပဲလုပ်လုပ် နိုင်ငံအ‌ရေးကို‌တော့ မျက်‌ခြေမပြတ် ‌စေနဲ့လို့‌ပြောချင်ပါတယ်။ နိုင်ငံ‌ရေးအ‌တွေးအမြင်ရှိမှသာလျှင် ‌ရွေး‌ကောက်ပွဲကျင်းပတိုင်းမှာ အစစ်အမှန်ဘာလဲဆိုတာ သိလာမယ်။ အစစ်အမှန်က ဘယ်ပါတီလဲဆိုတာ‌ရွေးချယ်လို့ရမယ်။ တစ်ချို့က ရာထူးအတွက်မြူဆွယ်တယ်။ ‌ငွေ‌ကြေးအရမြူဆွယ်တယ်။ အဲဒါကို‌ဝေဖန်ပိုင်းခြားတတ်ဖို့လိုမယ်။

အခု ၂၀၂ဝ ကလည်း ကိုဗစ်အ‌ရေးကိစ္စ‌တွေဖြစ်လာပြန်‌တော့ တိုင်းရင်းသား‌တွေအတွက် အခွင့်အလမ်းက မလာပြန်ဘူး ဖြစ်‌နေတယ်။ ‌နောက်ပြီးတိုင်းရင်းသားပါတီ‌တွေအ‌နေနဲ့ကလည်း မဲဆွယ်စည်းရုံးဖို့ရံပုံ‌ငွေဆိုတာလည်း ရှားပါတယ်။ ‌နောက်ပြီးတိုင်းရင်းသားပါတီ‌တွေတစ်ခုနဲ့တစ်ခုကလည်း မူဝါဒ‌တွေမတူကြဘူး။ တခြားနိုင်ငံ‌ရေး ပါတီ ‌တွေရဲ့ဩ ဇာခံပါတီ‌တွေလည်းရှိ‌နေတယ်။ အဲဒီ‌တော့ တိုင်းရင်းသားပါတီ‌တွေအ‌နေနဲ့ကလည်း တစ်သံတည်းထွက်ဖို့က ခဲယဉ်းပြန်တယ်။ ဒီလိုအားနည်းချက်‌တွေ‌ကြောင့်လည်း တိုင်းရင်းသားတန်းတူညီမျှ‌ရေးက အ‌မျှော်အမြင် ‌ကောင်းတဲ့‌ခေါင်း ‌ဆောင်‌တွေရဲ့လုပ်‌ဆောင်မှု‌တွေအ‌ပေါ်မှာ အများကြီးမူတည်‌နေတယ်။ ‌ခေါင်း‌ဆောင်‌ကောင်း‌တွေမ‌ပေါ်ထွန်းလာပဲနဲ့ လူမျိုးကြီးဝါဒရှိတဲ့‌ခေါင်း‌ဆောင်၊ အာဏာရှင်ဖြစ်လာတဲ့‌ခေါင်း‌ဆောင်မျိုးဆိုရင်‌တော့ ဒို့တိုင်းပြည်က‌တော့ ဒီလိုပဲ ‌ရေစုန်‌မျှော‌နေမှာပဲ။

‌နောက်ပြီး ကရင်ပါတီ‌တွေထဲမှာလည်း ဘယ်ဘက်ကိုယိမ်းတဲ့ ကရင်ပါတီ‌တွေလည်း ဆိုတာလည်းရှိ‌နေပြန်‌ရော။ အဲဒီလိုရှိ‌တော့ ကိုယ့်အမျိုးသား‌ရေးကို မ‌ကြောက်မရွံ့နဲ့မားမားမတ်မတ်နဲ့ ဘယ်သူ့ဩဇာခံမှမဟုတ်ပဲနဲ့ လုပ်တဲ့ ကရင်ပါတီ ကို ‌ရွေးချယ်မိဖို့လိုမယ်။ အဲဒီလိုကရင်ပါတီမျိုးကိုပဲ မဲ‌ပေးပြီး‌ရွေးချယ်ဖို့သင့်တယ်လို့ ‌ပြောချင်ပါတယ်။
———————————————————————————————————————–

မန်းမင်းရဲ‌ထွေး(ခ) မန်းမြင့်စိုးသည် ၁၉၉၂ ခုနှစ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော် မတီ (မဟာရန်ကုန်)၌ ပြန်ကြား‌ရေးဆပ်‌ကော်မတီတွင် စတင်ပါဝင်လုပ်‌ဆောင်ခဲ့ပြီး၊ ‌ကော်မတီအတွင်း‌ရေးမှူး၊ ဥက္ကဋ္ဌ တာဝန်များယူခဲ့ဖူးသူဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ကရင်အမျိုးသားပါတီ စတင်တည်‌ထောင်ရာတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး ပါတီနိုင်ငံ‌ရေး လုပ် ‌ဆောင်ခြင်း‌ကြောင့် နှစ်သစ်ကူးဗဟို‌ကော်မတီက ချမှတ်ထားသည့် နိုင်ငံ‌ရေးအရ အမြတ်မထုတ်ရဆိုသည့် စည်းကမ်းအတိုင်း ဗဟို‌ကော်မတီမှနုတ်ထွက်ခဲ့သည်ဟု ၎င်းက ‌ပြောသည်။ သူသည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ ‌ကော်မတီတွင် အဖွဲ့ဝင်တဦးဖြစ်ကာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများတွင် လိုက်ပါ လုပ်‌ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။