Home သတင်း ၁၆ နှစ်အရွယ် မိန်းကလေးအား သွေးဆောင်ဖြားယောင်း၍ ခိုးယူပေါင်းသင်းသူ တရုတ်နိုင်ငံသားအား အမှုဖွင့် ဖမ်းဆီးထား

၁၆ နှစ်အရွယ် မိန်းကလေးအား သွေးဆောင်ဖြားယောင်း၍ ခိုးယူပေါင်းသင်းသူ တရုတ်နိုင်ငံသားအား အမှုဖွင့် ဖမ်းဆီးထား

1556

ဇူလိုင် ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နေနော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ရှိ ကာဆီနိုရုံတွင် အလုပ်လာလျှောက်သည့် အသက် ၁၆ နှစ် အရွယ် မြန်မာမိန်းကလေး တစ်ဦးအား သွေးဆောင်ဖြားယောင်း၍ ဟိုတယ်တစ်ခုတွင် ၁၂ ရက်ကြာ ခိုးယူပေါင်း သင်းသူ တရုတ်နိုင်ငံသားတစ်ဦးအား မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ၂၈ ရက်နေ့က မြဝတီမြို့အမှတ် ၃ ရပ်ကွက် မြဝတီ-မဲ့ထော်သလေးသွား ကားလမ်းနံဘေးရှိ ကာစီနိုရုံသို့ သွားရောက်အလုပ်လျှောက်သူ မြဝတီမြို့အမှတ် ၃ ရပ်ကွက်၊ ကျွန်းတောရပ်နေ မ×××(၁၆)နှစ် သည် ယင်းနေ့ ညနေ ၅ နာရီ အချိန်၌ ၎င်း”ဘောက်တီ” ကာစီနိုရုံမန်နေဂျာတရုတ်နိုင်ငံသား Mr.Luo. Xiaoguang ဆိုသူမှ အလုပ်ပေးမည်ဟုဆိုကာ မြဝတီမြို့အမှတ်(၄)ရပ်ကွက်၊ “သုခဝတီ” ဟိုတယ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုဟိုတယ်၌ ဇူလိုင်လ ၉ ရက်နေ့ထိ (၁၂)ရက်ကြာ ခိုးယူပေါင်းသင်းနေထိုင်ခဲ့ပြီးလျှင် ထိုမှတစ်ဆင့် မြဝတီမြို့အမှတ်(၃)ရပ်ကွက်၊ မြဝတီ မဲ့ထော်သလေးသွားကားလမ်းရှိ“ဘောက်တီ”ကာစီနိုဆိုင်တွင် ဆက်လက်နေထိုင်ခဲ့ပြီး ဖြားယောင်းသွေးဆောင် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ မ×××(၁၆)နှစ်၏ ပြောကြားမှုမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီမြို့အမှတ်(၃) ရပ်ကွက် ရာအိမ်မှူးနှင့် ရပ်မိရဖတို့မှ အဆိုပါ တရုတ်နိုင်ငံသား Mr.Luo. Xiaoguang အား သွားရောက်ခေါ်ဆောင်ပြီး ၎င်းမိန်းကလေးငယ်၏ မိခင်ဖြစ်သူမှ ဇူလိုင် ၁၃ ရက်နေ့ ညပိုင်းက မြဝတီရဲစခန်းသို့ တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ မြဝတီမြို့ ရဲစခန်းမှ တရုတ်နိုင်ငံသား Mr.Luo. Xiaoguang အား အရွယ်မရောက်သေးသူကို ထိမ်းမြားလက်ထပ်ရန် ဖြားယောင်းသွေး ဆောင်ပြီးအဓမ္မ ခေါ်ယူ ပေါင်းသင်းသည့်အတွက် ဖမ်းဆီးလိုက်ပြီး (ပ)၄၄၁/၂ဝ၂ဝ၊ ရာဇသတ်ကြီး ပုဒ်မ- ၃၆၃/၃၆၆ြှဖင့်အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။