Home သတင်း နေရပ်ပြန် မြန်မာလုပ်သားများ၏ ပစ္စည်းများအား စစ်ဆေးမှုမခံယူဘဲ တင်ဆောင်လာသူ ၂ ဦး ထောင်ဒဏ် ၃ လစီချမှတ်

နေရပ်ပြန် မြန်မာလုပ်သားများ၏ ပစ္စည်းများအား စစ်ဆေးမှုမခံယူဘဲ တင်ဆောင်လာသူ ၂ ဦး ထောင်ဒဏ် ၃ လစီချမှတ်

3644
Photo: Nay Naw

ဇူလိုင် ၄ ရက်၊ ၂၀၂၀ ပြည့်နှစ်။ နေနော်

ထိုင်းနိုင်ငံရောက် နေရပ်ပြန် မြန်မာလုပ်သားများ၏ ပစ္စည်းများအား ထိုင်း-မြန်မာ အမှတ် ၂ တံတား ထိုင်းဘက် ခြမ်းမှာ သွားရောက်တင်ဆောင်ခဲ့ပြီး မြဝတီဘက်ခြမ်း နေရပ်ပြန်ကြိုဆိုရေးဆောင်ရွက်နေသည့် BCF ဇုန်ကျန်း မာရေးဌာနတွင် စစ်ဆေးမှုမခံယူဘဲ CARGO ကုန်ပစ္စည်း ဝင်/ထွက်ဂိတ် စစ်ဆေးဂိတ်မှ ဖြတ်ကျော် သယ်ဆောင် လာသူ ယာဉ်မောင်း ၁ ဦးနှင့် ယာဉ်နောက်လိုက် ၁ ဦးအား ထောင်ဒဏ် ၃ လစီ အမိန့်ချလိုက်ကြောင်း သိရ သည်။

ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက်ဆယ်နာရီကျော်အချိန်က ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတား CARGO စစ်ဆေးရေးဂိတ်တွင် ထိုင်းနိုင်ငံဘက်ခြမ်းမှ ပြန်လည်ဝင်ရောက်လာမည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ပစ္စည်းများအား မြဝတီမြို့၊ အောင်မြေရွှေဘိုရပ်၊ အမှတ်(၄) ရပ်ကွက်နေထိုင် သူများဖြစ်ကြ သည့် ယာဉ်မောင်း စောအောင်သိန်းနှင့် ယာဉ်နောက်လိုက် စောထွန်းလုံရှိန်တို့ မောင်းနှင်လာသော Light Truck (အဖြူရောင်)ယာဉ်အား တာဝန်ကျ ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် ၎င်းယာဉ်ပေါ်၌ ထိုင်းနိုင်ငံရောက် နေရပ်ပြန် မြန်မာအလုပ်သမားများ၏ ပစ္စည်းများအား မြဝတီနယ်စပ်ကြိုဆိုရေးစခန်း BCF ဇုန် ကျန်းမာရေးဌာန၌ ပိုးသတ်ဆေးဖြန်း စစ်ဆေးမှုခံယူခြင်းမရှိဘဲ CARGO ကုန်ပစ္စည်း ဝင်/ထွက် စစ်ဆေးရေးဂိတ်မှ ခိုးဝင်သယ်ဆောင်လာသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ (၂)ဦးအား ကျန်းမာရေးဌာနမှ တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ရာ မြဝတီမြို့ နယ် တရားရုံးတွင် စစ်ဆေးပြီး ၎င်းတို့ကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် ၃ လစီ အမိန့်ချခဲ့ခြင်းဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး အား နေရပ်ပြန်ကြိုဆိုရေး BCF ဇုန်သို့ မဝင်ဘဲ CARGO ကုန်ပစ္စည်း ဝင်/ထွက် ဂိတ်မှ ခိုးဝင်တင်ဆောင်လာသူ ယာဉ်မောင်း နှင့် အဆိုပါ အမျိုးသမီးတို့နှစ်ဦးအား မြဝတီမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၄ လ စီ အမိန့်ချမှတ်ခဲ့ ကြောင်း သိရသည်။