Home COVID-19 KNU ‌ညောင်‌လေးပင်ခရိုင်ရှိ Covid -19 ထိန်းချုပ်ကာကွယ်‌ရေးဂိတ်တစ်ခု ဖျက်ဆီးခံရ

KNU ‌ညောင်‌လေးပင်ခရိုင်ရှိ Covid -19 ထိန်းချုပ်ကာကွယ်‌ရေးဂိတ်တစ်ခု ဖျက်ဆီးခံရ

5676

ဇွန်လ ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ‌ညောင်‌လေးပင်ခရိုင် (တပ်မဟာ ၃) ‌ဆောထီး(‌ရွှေကျင်) မြို့နယ် ခလိန်-‌ချောင်းဝလမ်းဆုံရှိ ‌ဆောက်လုပ်ပြီးခါစ KNU ၏ Covid-19 ကာကွယ်‌ရေးဂိတ်တစ်ခု ဇွန်လ ၂ ရက်‌နေ့က ဖျက်ဆီးခံလိုက်ရ‌ကြောင်း KNU ‌ညောင်‌လေးပင်ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ‌ရောဂါကြိုတင်ကာကွယ်တားဆီး‌ရေးဂိတ်ကို Covid -19 ကာလ ‌တောင်‌ပေါ်‌ဒေသရှိ လူဝင်ထွက်သွား လာမှုများ စစ်‌ဆေးနိုင်ရန် ‌ဒေသအတွင်းရှိ ‌ရောဂါ ကာကွယ်‌ရေး‌ကော်မတီမှ ဇွန်လ ၂ရက်‌နေ့ မနက်ပိုင်းတွင် စတင် ‌ဆောက်လုပ်ခဲ့ပြီး‌နောက် ည‌နေပိုင်းတွင် ထိုသို့ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်ဟု KNU ‌ညောင်‌လေး ပင်ခရိုင် Covid -19 ‌ရောဂါကာကွယ်ထိန်းချုပ်‌ရေး‌ကော်မတီ ဆက်သွယ်‌ရေးတာဝန်ခံ ပဒို‌စောကလယ်မူထူးက ‌ပြောသည်။

“သူတို့က ဘယ်လို‌ပြောလဲဆို‌တော့ ညွှန်ကြားချက်မရှိဘူးတဲ့။ ကျ‌နော်တို့ကလည်း ‌ရောဂါအတွက် မဖြစ်မ‌နေ လုပ်ဖို့လိုတယ် ‌ပြော‌တော့ ပထမ‌တော့ ‌ဈေးဆိုင်ထဲမှာသွားလုပ်ပါ။ အဲမှာသွားလုပ်ရင် သူတို့ သွားကူ‌နေ‌ပေး မယ်‌ပြောတယ်။ သူများဆိုင်ထဲမှာ ကျ‌နော်တို့က သွားလုပ်လို့အဆင်မ‌ပြေဘူး‌လေ။ ကျ‌နော်တို့‌ဆောက်မှာက ဂိတ်တစ်လုံးဘဲ မနက် ၁၁နာရီ‌လောက်မှာ ဂိတ်‌ဆောက်ပြီးတယ်။ ထမင်းပြန်စားတဲ့အချိန် ‌နေ့လည် ၂ နာရီ ‌လောက်‌တော့ တပ်မ‌တော်ဘက်က ကျ‌နော်တို့ဂိတ်ကို လာဖျက်လိုက်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ KNU ‌ဆောက်လက်စ Covid -19 ‌ရောဂါကာကွယ်‌ရေးဂိတ်ကို အထက်က ညွှန်ကြားချက် မရရှိသည့် အ‌ကြောင်းပြချက်ဖြင့် ‌ဒေသအတွင်းရှိ တပ်မ‌တော် ခမရ ၂ဝ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး အပါအဝင်အင်အား ၅ဦးမှ သွား‌ရောက်ဖျက်လိုက်ခြင်းလည်း ဖြစ်သည်ဟုလည်း KNU ‌ညောင်‌လေးပင်ခရိုင်တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

ထို့အပြင် ၎င်းဂိတ်ကို လက်ရှိ‌နေရာမှ ‌နောက်ဆုတ်ပြီး ‌ဆောက်လုပ်‌ပေးရန် ‌ဒေသတွင်းအ‌ခြေစိုက်သည့် တပ်မ ‌တော်ဘက်က ‌ပြောဆိုမှုများရှိခဲ့သလို လတ်တ‌လောဖြစ်ပွားခဲ့သည့် အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး KNU ဗဟို နှင့် ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW ထံသို့ တင်ပြထားပြီးဖြစ်သည်ဟု လည်း ပဒို ‌စောကလယ်မူထူးက ဖြည့်စွက်‌ပြောသည်။

KNU တပ်မဟာ ၃ ‌ညောင်‌လေးပင်ခရိုင်တွင် ‌ဒေသတွင်းဝင်ထွက်သွားလာမှုများကို စစ်‌ဆေးနိုင်ရန်နှင့် Covid-19 ကာကွယ်ထိန်းချုပ်နိုင်‌ရေးရည်ရွယ်ကာ ယခုဖျက်ဆီးခံလိုက်ရသည့်ဂိတ်အပါအဝင် ဂိတ်‌ပေါင်း ၁၄ ဂိတ်ဖွင့် လှစ်ထားရှိ‌ကြောင်းသိရပြီး ယခုဂိတ်မှာ KNU ‌ညောင်‌လေးပင်ခရိုင်အတွင်း ပထမဦးဆုံး ဖျက်ဆီးခံရသည် ဂိတ်ဖြစ်သည်ဟု လည်းသိရသည်။

ထို့အတူ ပြီးခဲ့သည့် ‌မေလအတွင်းက တပ်မ‌တော်ဘက်မှ ဖိအား‌ပေးမှုများ‌ကြောင့် KNU သထုံခရိုင် အတွင်းဖွင့် လှစ်ထားရှိသည့် Covid-၁၉ ကာကွယ်ထိန်းချုပ်နိုင်‌ရေး KNU ကျန်းမာ‌ရေးစစ်‌ဆေး‌ရေးဂိတ် ၃ခု ဖျက်သိမ်းလိုက် ရသလို ဖာပွန်ခရိုင်အတွင်းရှိ KNU ဂိတ်အချို့ကိုလည်း တပ်မ‌တော်မှ မီးရှှို့ဖျက်ဆီးမှုများရှိခဲ့သည်ဟုလည်း KNU တာဝန်ရှိသူများက ထုတ်‌ဖော်‌ပြောဆိုသည်။