Home COVID-19 Covid -၁၉ ‌ရောဂါ‌ကြောင့် ကရင်ဇာတ်သဘင်တည်‌ထောင်သူအချို့ သိန်းရာချီအရှှုံး‌ပေါ်

Covid -၁၉ ‌ရောဂါ‌ကြောင့် ကရင်ဇာတ်သဘင်တည်‌ထောင်သူအချို့ သိန်းရာချီအရှှုံး‌ပေါ်

2947

ဇွန်လ ၂၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

Covid -၁၉‌ရောဂါ အ‌ခြေအ‌နေ‌ကြောင့် ဇာတ်ပွဲကခွင့် ရပ်နားလိုက်ရသည့်အတွက် ကရင်ဇာတ်သဘင် တည်‌ထောင်သူအချို့ သိန်းရာချီ အရှှုံးနှင့် ကြုံ‌တွေ့‌နေရသည်ဟု ဇာတ်သဘင်တည်‌ထောင်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရောဂါအ‌ခြေအ‌နေ‌ကြောင့် မတ်လ ၂၁ရက်‌နေ့မှ စတင်၍ ‌ဖျော်‌ဖြေမှုများမပြုလုပ်ရန် ကရင်ပြည်နယ် သဘင် အစည်းအရုံးမှ ထုတ်ပြန်ချက်ထုတ်ပြီးသည့်‌နောက်ပိုင်းတွင် ကရင်ဇာတ်သဘင်များ ဇာတ်ကခွင့် ဆိုင်းငံ့လိုက် ရ‌သော‌ကြောင့် ဇာတ်သဘင်တည်‌ထောင်သူများအတွက် ပို၍ အခက်အခဲရှိသွားသည်ဟု ဇာတ်သဘင်‌လောက သားများက ဆိုသည်။

ဘားအဲဖလုံ ဇာတ်သဘင်တည်‌ထောင်သူ (ဇာတ်အုပ်) နန်းတင်‌မေက“ ဒီနှစ်က ဇာတ်တိုင်းပဲ ဇာတ်အုပ်‌တွေက အရှှုံး‌ပေါ်တယ် ။ တစ်ဖွဲ့ကို သိန်းနှစ်ရာသုံးရာရှှုံးတယ်။ အ‌ခြေအ‌နေက ဒီလိုလာတယ်ဆို‌တော့ ဘယ်လိုမှ လုပ် လို့မရဘူး။ ဇာတ်အဖွဲ့သား‌တွေကို ဥပမာ ၃ဝ ‌ပေးရမယ်ဆိုရင် သဘင်‌ကောင်စီက ညှိနှှိုင်းစီစဉ်ပြီး ၂ဝ ပဲ ပြန်‌ပေးရတယ် ။ အဖွဲ့သားဘက်ကြည့်ရင်‌တော့ ၁ဝ နာတာ‌ပေါ့။ အရှှုံး‌ပေါ်‌ပေမယ့်လည်း ‌နောက်နှစ်အတွက် အ‌ဒေါ်တို့ဇာတ်သဘင်က ဆက်ပြီးကဖို့ အစီအစဉ်ရှိပါ‌သေးတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယခုနှစ်တွင် ကပ်‌ရောဂါအ‌ခြေအ‌နေ‌ကြောင့် လူစုလူ‌ဝေးမရသည့်အတွက် ဇာတ်ပွဲများတစ်လ‌ကျော်ကြာကခွင့် ရပ်နားလိုက်ရသလို လက်ရှိအချိန်ထိပင် ‌ရောဂါအ‌ခြေအ‌နေ မတည်ငြိမ်‌သေးသည့်အတွက် အချို့ဇာတ်သဘင် များမှာ လာမည့်နှစ်တွင် ဇာတ်သဘင်ရပ်နားလိုက်ရမည့် ဇာတ်အဖွဲ့လည်းရှိသည်ဟု ဇာတ်အဖွဲ့သားများ၏ ‌ပြောပြချက်အရ သိရသည်။

ဖလုံဆိုကျန်ကျန် ဇာတ်သဘင်မှ ‌ခေါင်း‌ဆောင်မင်းသမီး နန်းအဲရှူး‌ဖော့က “ ညီမတို့ဇာတ်က ‌နောက်နှစ်ဆက် က ဖို့ အစီအစဉ်မရှိ‌တော့ဘူး။ တစ်နှစ်နားလိုက်မယ်။ ဒီနှစ်လည်း တစ်‌နွေလုံးနားလိုက်ရတာပဲ။ နားတဲ့အချိန်မှာ ဘာအလုပ်မှမရှိဘူး၊ အိမ်မှာ‌နေစက်ချုပ်တဲ့အလုပ်တာတာ‌ပေါ့။ ညီမတို့ဇာတ်‌လောကသား‌တွေမကဘဲ တခြား လူ‌တွေလည်း ဒီအချိန်မှာ‌တော့ အခက်အခဲရှိတာပဲ။ ညီမတို့ ဇာတ်‌လောကမှာ အဓိက အထိနာတာက ဇာတ် အုပ်‌တွေ‌ပေါ့” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကရင်ပြည်နယ်တွင် သဘင်အစည်းအရုံးဝင် ဇာတ်သဘင်အဖွဲ့‌ပေါင်း ၁၇ ဖွဲ့ရှိပြီး ဇာတ်အဖွဲ့တစ်ဖွဲ့ကို တစ်နှစ်လျှင် ပျမ်းမျှည‌ပေါင်း ၁၀ဝ ‌ကျော်မှ ၂၀ဝ နီးပါးအထိ ပွဲကခဲ့ရသည်ဟု ဇာတ်သဘင် အဖွဲ့သားများထံမှ သိရသည်။

Covid-၁၉ ‌ရောဂါဖြစ်သည့် ကာလအတွင်း ဇာတ်ပွဲ နားလိုက်ရသည့် ဇာတ်သဘင်အဖွဲ့သားများအတွက် သ ဘင်အစည်းအရုံးမှ ဆန်၊ ဆီ၊ ကြက်သွန် စသည့် အ‌ခြေခံစား‌သောက်ကုန်များကို ‌ထောက်ပံ့‌ပေးမှုများ ရှိသည်ဟု သိရသည်။