Home သတင်း ၂၀၂ဝ ခုနှစ်အတွက် အီ‌ကွေတာဆုကို မြန်မာနိုင်ငံမှ သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ် ရရှိ

၂၀၂ဝ ခုနှစ်အတွက် အီ‌ကွေတာဆုကို မြန်မာနိုင်ငံမှ သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ် ရရှိ

2132

ဇွန် ၁၅ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့် ဇီဝမျိုးကွဲများ‌ရေရှည်တည်တံ့‌ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်‌ရေး အစီအစဉ်(UNDP)က ‌ပေးအပ်သည့် ၂၀၂ဝ ခုနှစ်၏ အီ‌ကွေတာဆုကိုရရှိ‌ကြောင်း သံလွင်ငြိမ်းချမ်း ‌ရေး ဥယျာဉ်က ယ‌နေ့ ထုတ်ပြန်‌ကြေညာခဲ့သည်။

ဌာ‌နေတိုင်းရင်းသားများ၏ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲ ကာကွယ်ထိန်းသိမ်း စီမံအုပ်ချုပ်ခြင်းအ‌ပေါ် အ သိအမှတ်ပြု‌ပေးအပ်သည့် ယခုနှစ်တွက် ၁၁ ကြိမ်‌မြောက် အီ‌ကွေတာဆုကို ပြီးခဲ့သည့် ဇွန်လ ၅ရက်‌နေ့က မြန် မာနိုင်ငံမှ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်အပါအဝင် အခြားနိုင်ငံ (၉)နိုင်ငံမှ ရရှိခဲ့‌ကြောင်း UNDPက ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

သံလွင် ငြိမ်းချမ်း‌ရေး ဥယျာဉ် အုပ်ချုပ်‌ရေးမှူး ‌ကော်မတီ ဥက္ကဋ္ဌ ‌စော‌ပေါလ်စိန်ထွားက“ နိုင်ငံတကာရဲ့ အသိအ မှတ်ပြု‌ပေးအပ်တဲ့အ‌ပေါ် ဒါက‌ခြေလှမ်း‌လေးတစ်ခု‌ပေါ့။ ဒါ‌ပေမဲ့ ကျ‌နော်တို့ ‌ကော်သူး‌လေ နယ်‌မြေအတွက် ဖြစ်‌စေ၊ မြန်မာနိုင်ငံအတွက်ဖြစ်‌စေ ဒါက ‌ခြေလှမ်းကြီးတစ်ခုဖြစ်လာပြီး‌ပေါ့။ ဆိုလိုတာက ကျ‌နော်တို့ရဲ့ လုပ် ‌ဆောင်ချက်က ကျ‌နော်တို့ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ‌ဒေသအတွက် ဘယ်‌လောက် အ‌ရေးကြီးလဲ ဆို တာကို ပြသခွင့်ရလိုက်တာပါပဲ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ၎င်းဆုရရှိခြင်းနှင့်ပတ်သက်၍လည်း လက်ရှိ မြန်မာနိုင်ငံအစိုးရအ‌နေဖြင့် အတည်ပြုပြန်ဌာန်းခဲ့သည့် ဥပ‌ဒေများနှင့် ‌နောက်လာမည့် ဥပ‌ဒေ ပြဌာန်းချက်များတွင် ‌ဒေသခံ ဌာ‌နေတိုင်းရင်းသားများ၏ ဓ‌လေ့ ထုံးတမ်း များနှင့် သဘာဝပတ်ဝန်းကျင် အကာအကွယ်‌ပေးသည့် ဥပ‌ဒေပြဌာန်းချက်များသာဖြစ်သင့်‌ကြောင်းလည်း ‌စော‌ပေါလ်စိန်ထွားက ဆက်‌ပြောသည်။

အဆိုပါ အီ‌ကွေတာဆုအတွက် ဆု‌ကြေး‌ငွေ အ‌မေရိကန် ‌ဒေါ်လာ (၁၀,၀၀၀) အပါအဝင် ကုလသမဂ္ဂ အ‌ထွေ ‌ထွေ ညီလာခံ၊ ကုသမဂ္ဂသဘာဝဆိုင်ရာ ထိပ်သီးညီလာခံနှင့် ကမ္ဘာ့ရာသီဥတု ရက်သတ္တပတ် (Global Climate Week) စသည်တို့နှင့် ဆက်စပ်သည့် အထူးအခမ်းအနားများသို့ ပါဝင်ခွင့်ရမည်ဖြစ်ပြီး လာမည့် စက် တင်ဘာ လတွင် အဆိုပါ အီ‌ကွေတာဆုကို တရားဝင် ချီးမြှင့်‌ပေးအပ်သွားမည်ဖြစ်သည်။

Photo: Salween Peace Park

ထို့အပြင် လတ်တ‌လောဖြစ်ပွား‌နေသည့် ကိုဗစ် ၁၉ ကပ်‌ရောဂါ‌ကြောင့်လည်း အခမ်းအနားများကို UNDP မှ နယူး‌ယောက်မြို့တွင် ဒီဂျီတယ် (အွန်လိုင်း) အစီအစဉ်ဖြင့်သာ ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်သည် ဧရိယာ (၅,၄၈၅) စတုရန်းကီလိုမီတာ(ဧက‌ပေါင်း တစ်သန်း‌ကျော်) အကျယ် အဝန်းရှိပြီး ‌ဒေသခံဌာ‌နေတိုင်းရင်းသားများကိုယ်တိုင် ဦး‌ဆောင်အ‌ကောင်အထည်‌ဖော် စီမံအုပ်ချုပ်ခြင်းဖြစ်ကာ ကရင်ပြည်နယ်ရှိ KNU-ကရင်အမျိုးသားအစည်းအရုံး၏ မူတ‌ရော်(ဖာပွန်)ခရိုင် ထိန်းချုပ်နယ်‌မြေထဲတွင် တည်ရှိ ကာ ဇီဝမျိုးကွဲစုံလင်စွာကျက်စား‌နေထိုင်‌သော‌ဒေသတစ်ခုဖြစ်သည်။

၎င်းကို ငြိမ်းချမ်း‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ သဘာဝပတ်ဝန်းကျင် ‌ရေရှည်တည်တံ့‌ရေးနှင့် ဓ‌လေ့ ရိုးရာယဉ် ‌ကျေးမှု ထိန်းသိမ်းနိုင်‌ရေးစသည့် ‌မျှော်မှန်းချက်သုံးချက်ဖြင့် KNU နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက ကြိုးပမ်းလုပ်‌ဆောင်လာခဲ့ပြီး ၎င်းဥယျာဉ်နှင့် ဥယျာဉ် အ‌ခြေခံ ဥပ‌ဒေ ပြဌာန်းအတည်ပြုခြင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်‌နေ့တွင် တရားဝင် ‌ကြေညာ ခဲ့သည်။

အီ‌ကွေတာ ဆုသည် ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်‌ရေးအစီအစဉ် (UNDP) က ၂၀၀၂ ခုနှစ် မှစ၍ အစပျိုး ခဲ့ခြင်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့်ဇီဝမျိုးကွဲများကို ‌ရေရှည်တည်တံ့စွာ အသုံးပြု ထိန်းသိမ်း ခြင်းအားဖြင့် ဆင်းရဲမွဲ‌တေမှုကို‌လျှော့ချနိုင်ရန်ရန် ကြိုးပမ်းသည့်လူမှုအသိုင်းအဝိုင်းတို့၏ အားထုတ်မှုများ အ တွက် ဂုဏ်ပြု‌ပေးအပ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံနိုင်ငံအ‌နေဖြင့်လည်း ပထမဦးဆုံး အကြိမ်ရရှိခြင်း ဖြစ်သည်။