Home သတင်း မြဝတီမြို့တွင် WY မူးယစ်‌ဆေးပြား အလုံး‌ရေ ၄ ‌သောင်း‌ကျော် ဖမ်းဆီးရမိ

မြဝတီမြို့တွင် WY မူးယစ်‌ဆေးပြား အလုံး‌ရေ ၄ ‌သောင်း‌ကျော် ဖမ်းဆီးရမိ

5613
Photo: Nay Naw

ဇွန်လ ၇ ရက် ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့တွင် ယမန်‌နေ့ ဇွန်လ ၆ ရက်‌နေ့နံနက်ပိုင်းက WY မူးယစ်‌ဆေးပြား အလုံး‌ရေ (၄)‌သောင်း ‌ကျော်နှင့်အတူ တရားခံ ၄ ဦးအား ဖမ်းဆီးရမိ‌ကြောင်း မြဝတီခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယမန်‌နေ့ နံနက် (၁ဝး၃၀) အချိန်ခန့်တွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြဝတီ‌ရှေ့တန်းရုံးမှ ‌ခြေလျင်တပ်ရင်း (၉၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ‌အောင်ဆန်းဝင်း၊ မူးယစ်တပ်စု(၃၂) မြဝတီမူးယစ်တပ်ဖွဲ့ရုံးမှ ရဲမှူးမင်း‌အောင်မြင့်ဦးနှင့် ပူး‌ပေါင်းတပ်ဖွဲ့များက မူးယစ်‌ဆေးဝါး‌ရောင်းချ‌နေ‌ကြောင်း သတင်းအရ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ‌ဇော်ဂျီ(၂)လမ်းတွင် ‌စောင့်ဆိုင်း‌နေစဉ် မသကင်္ာဖွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ‌တွေ့ရှိ၍ ရပ်တန့်စစ်‌ဆေးခဲ့သည်။

ထိုသို့ စစ်‌ဆေးရာတွင် ရှမ်းပြည်နယ်၊ တန့်ယန်းမြို့၊ ‌နောင်ဖာ‌ကျေးရွာ‌နေ စိုင်း‌ရွှေ(၄၅)နှစ်နှင့် ရှမ်းပြည်နယ်၊ နမ့် စန်မြို့ အမှတ် ၄ ရပ်ကွက်‌နေထိုင်သူ နန်းရှန်နွန်း (၂၇)နှစ်တို့ကို စစ်‌ဆေးရှာ‌ဖွေရာတွင် စိုင်း‌ရွှေ၏ လက်၌ ကိုင် ‌ဆောင်ထား‌သော ကြွပ်ကြွပ်အိတ်အမဲ‌ရောင်ဖြင့် ထုပ်ထားပြီး တိပ်အဝါ ‌ရောင်ပတ်ထား‌သော အထုပ်(၄)ထုပ် အတွင်းမှ WY စာတမ်းပါ မူးယစ်‌ဆေးပြားအလုံး‌ရေ (၄) ‌သောင်းအား ‌တွေ့ရှိသိမ်းဆည်းခဲ့သည်ဟု မြဝတီရဲတပ်ဖွဲ့ထံမှ သိရသည်။

ထိုသိမ်းဆည်းရမိ‌သော မူးယစ်‌ဆေးဝါးများနှင့် ပတ်သက်၍ စိုင်း‌ရွှေအား စစ်‌ဆေးရာ အဆိုပါ‌ဆေးပြားများမှာ မြဝတီမြို့ အမှတ်(၄) ရပ်ကွက် အလို‌တော်ပြည့် (၂) လမ်းသွယ်‌နေ ဦး‌ဖေသန်း‌အောင်ဆိုသူထံမှ ရရှိ‌သော ပစ္စည်း များဖြစ်‌ကြောင်း ‌ပြောကြားသဖြင့် အဆိုပါ ပူး‌ပေါင်းအဖွဲ့မှ ဦး‌ဖေသန်း‌အောင်၏ ‌နေအိမ်သို့ သွား‌ရောက် ရှာ‌ဖွေခဲ့ သည်။

Photo: Nay Naw

ထိုသို့ရှာ‌ဖွေစဉ် ‌နေအိမ်တွင် ဦး‌ဖေသန်း‌အောင်နှင့်အတူ မြဝတီမြို့ အမှတ် (၃) ရပ်ကွက်‌နေသူ ‌အောင်နိုင်စိုး (၃၀) နှစ်အား ‌တွေ့ရှိပြီး ‌နေအိမ်တွင်း ဆက်လက်ရှာ‌ဖွေရာ မူးယစ်‌ဆေးဝါး တစ်စုံတစ်ရာ မ‌တွေ့ရ‌သော်လည်း ‌နေအိမ်မီး ဖို‌ချောင်အခန်းတွင်းမှ မူးယစ်‌ဆေးဝါးထုပ်ပိုးရာတွင် အသုံးပြုသည့် မှိုင်းခံ စက္ကူနှင့်ဂျပ်ဖာတို့အား လည်း‌ကောင်း၊ မူးယစ်‌ဆေးဝါး‌ရောင်း ရ‌ငွေဟုယူဆရ‌သော မြန်မာ‌ငွေ ၆ သိန်းကျပ်နှင့် ‌အောင်နိုင်စိုး ဝတ်ဆင်ထား‌သော အပြာ‌ရောင်ဂျင်း‌ဘောင်းဘီ ယာဘက်အိတ်ကပ်အတွင်းမှ WY စာတမ်းပါ မူးယစ်‌ဆေးဝါး ၂ ပြား၊ မြန်မာ‌ငွေ ၂ သိန်းကျပ်အား ‌တွေ့ရှိခဲ့သည်။

၎င်းအပြင် ‌နေအိမ်ခြံဝင်းအတွင်းရှိ 9K/9797 နံပါတ်ပါ Nissan Navara အနက်‌ရောင် ‌မော်‌တော်ယာဉ် (၁)စီးနှင့် Moccona Wave. 125 i နီ/မဲ‌ရောင် ဆိုင်ကယ် (၁)စီးအား ‌တွေ့ရှိပြီး သိမ်းဆည်းခဲ့‌ကြောင်း မြဝတီမြို့မ ရဲစခန်းထံမှ သိရသည်။

မူးယစ်‌ဆေးဝါး အ‌မြောက်အများ လက်ဝယ်‌တွေ့ရှိသူ စိုင်း‌ရွှေ (၄၅) နှစ်၊ နန်းရှန်နွန်း(၂၇)နှစ်နှင့် ကွင်းဆက် တရား ခံများဖြစ်‌သော ဦး‌ဖေသန်း‌အောင် (၅၂)နှစ်နှင့် ‌အောင်နိုင်စိုး (၃၀)နှစ် တို့အား ဥပ‌ဒေအရ အ‌ရေးယူ ‌ဆောင်ရွက် နိုင်ရန် စီစဉ်‌နေ‌ကြောင်း မြဝတီမြို့မရဲစခန်းထံမှ သိရသည်။