Home သတင်း မြဝတီတွင် (Sodium Cyanide) ဆိုဒီယမ်ဆိုင်ယာနိုက် အ‌လေးချိန်(၂၁,၂၅၀) ကီလိုဂရမ် ဖမ်းဆီးရမိ

မြဝတီတွင် (Sodium Cyanide) ဆိုဒီယမ်ဆိုင်ယာနိုက် အ‌လေးချိန်(၂၁,၂၅၀) ကီလိုဂရမ် ဖမ်းဆီးရမိ

3214
Photo: Nay Naw

ဇွန်လ ၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့တွင် ကာလတန်ဖိုးအားဖြင့် (၁,၂၇၅) သိန်းကျပ်တန်ဖိုးရှိ ဆိုဒီယမ်ဆိုင်ယာနိုက်( So dium Cyanide) ပုံ‌ဆောင်ခဲအ‌လေးချိန်(၂၁,၂၅၀) ကီလိုဂရမ်ကို ယမန်‌နေ့ ဇွန်လ ၆ ရက်‌နေ့က ကွင်းဆက် တ ရားခံများနှင့်တကွ ဖမ်းဆီးရမိခဲ့ပြီး မူးယစ်‌ဆေးဝါး ဥပ‌ဒေဖြင့်အ‌ရေးယူ‌ဆောင်ရွက်ထား‌ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယမန်‌နေ့ ဇွန်လ ၆ ရက် နံနက်(၀၉:၃၀) ချိန်ခန့်က မူးယစ်‌ဆေးဝါး တားဆီးနှိမ်နင်း‌ရေးရဲတပ်ဖွဲ့၊ အမှတ် (၃၂) တပ်ဖွဲ့စု (မြဝတီ) အဖွဲ့ဝင်များသည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ‌အောင်‌မြေ‌ရွှေဘုံရပ်၊ ‌လောကပီတိလမ်းရှိ ‌ဝေယံ(ခ)‌ဒေးဗစ် (၂၃)နှစ်၏ ‌နေအိမ်၌ ဆိုဒီယမ်ဆိုင်ယာနိုက်များ သို‌လှောင်ထား‌ကြောင်း သတင်းအရ သွား ‌ရောက်ရှာ‌ဖွေမှု ပြုလုပ်ခဲ့သည်။

ထိုသို့ ရှာ‌ဖွေရာတွင် မြဝတီမြို့ အမှတ် ၂ရပ်ကွက် ၊ ပုလဲသွယ်လမ်း‌နေထိုင်သူ ယာဉ်‌မောင်း ‌ကျော်ဝင်း (၆၃)နှစ် ‌မောင်းနှင်သည့် 6K/×××× (အပြာ‌ရောင်)ယာဉ်ဖြင့် တင်‌ဆောင်လာပြီး ယင်း‌နေအိမ်အတွင်း ချထားလျက်ရှိ ‌သော ဆာလာအိတ်ဖြူ/နီကျား အိတ်များဖြင့် ဆိုဒီယမ်ဆိုင်ယာနိုက်ဟု ယူဆရသည့် အဖြူ‌ရောင်ပုံ ‌ဆောင်ခဲများ အားထည့်ထား‌သော တစ်အိတ် (၅၀)ကီလိုဂရမ်ခန့်ပါ စုစု‌ပေါင်း(၂၅)အိတ်မှ အ‌လေးချိန်(၁,၂၅၀) ကီလိုဂရမ်ခန့် (ကာလတန်ဖိုးအားဖြင့် ၇,၅ဝဝ,ဝဝဝ ကျပ်)ကို ဖမ်းဆီးရမိသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိုသို့ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ စစ်‌ဆေးရာ အထက်ပါ ဆိုဒီယမ်ဆိုင်ယာနိုက်အိတ်များအား လာ‌ရောက်ပို့ ‌ဆောင်ခိုင်းသူမှာ မြဝတီမြို့ အမှတ် ၃ ရပ်ကွက် လဂွန်းအိမ်လမ်း‌နေ ‌ဇော်ထက်‌အောင်(ခ) အာနိုး( ၂၇) နှစ်ဖြစ် ‌ကြောင်းသိရပြီး နံနက်(၁ဝး၃၀)ချိန် ယင်း၏‌နေအိမ်၌ ပူး‌ပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့‌ကြောင်း သိရှိရပါသည်။

Photo: Nay Naw

ဆက်လက်၍ မူးယစ်‌ဆေးဝါနှိမ်နင်း‌ရေးပူး‌ပေါင်းအဖွဲ့မှ မွန်းလွဲ ၃နာရီတွင် ထပ်မံစစ်‌ဆေးရရှိချက်များအရ မြဝ တီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ‌ဒေါနပန်းလမ်းရှိ မယဉ်မွန်‌ဇော် ဆိုသူမှ ပစ္စည်းများသို‌လှောင်ရန် ငှားရမ်းထား သည်ဆို‌သော ဂို‌ဒေါင်တစ်ခုအား သွား‌ရောက်ရှာ‌ဖွေခဲ့ရာ ယင်းဂို‌ဒေါင်အတွင်းမှ အဖြူ‌ရောင်ဆာလာ အိတ်များ အတွင်း၌ ဆိုဒီယမ်ဆိုင်ယာနိုက်ဟုယူဆရ‌သော အဖြူ‌ရောင် ပုံ‌ဆောင်ခဲများထည့်ထား‌သော တစ်အိတ် ၅ဝ ကီလိုဂရမ်ခန့်ပါ စုစု‌ပေါင်းအိတ် (၄၀၀)ခန့်မှ အ‌လေးချိန် (၂၀,၀၀၀) ကီလိုဂရမ်ခန့် (ကာလတန်ဘိုးအားဖြင့် ကျပ် သိန်း ၁,၂၀ဝ ခန့်)ကို ထပ်မံ သိမ်းဆည်းရမိသည်ဟု မြဝတီမြို့မ ရဲစခန်းမှ သိရသည်။

အထက်ပါ မူးယစ်‌ဆေးဝါးတားဆီးနှိမ်နင်း‌ရေး ရဲတပ်ဖွဲ့၊ အမှတ်(၃၂)တပ်ဖွဲ့စု(မြဝတီ)က ဖမ်းဆီးရမိထား‌သော ဆိုဒီယမ်ဆိုင်ယာနိုက်များနှင့်ပတ်သက်ပြီး သက်ဆိုင်သူများအား မယ (ပ) ၇၃/၇၄/၂၀၂ဝ မူးယစ် ပုဒ်မ ၁၆(ခ)/၂၁ တို့ဖြင့် အသီးသီးအမှုဖွင့် အ‌ရေးယူထား‌ကြောင်း မြဝတီမြို့မရဲစခန်းထံက ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိ‌သော ဆိုဒီယမ်ဆိုင်ယာနိုက်(sodium cyanide) ပုံ‌ဆောင်ခဲများမှာ ဇွန်လ ၅ ရက်‌နေ့ ည ၁၁ နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်း‌ချောင်စစ်‌ဆေး‌ရေးစခန်း၌ ‌မော်‌တော်ယာဉ်တစ်စီး‌ပေါ်တွင် တင်‌ဆောင်လာ‌သော ဆာလာအိတ်များအတွင်းမှ ဆိုဒီယမ်ဆိုင်ယာနိုက်အ‌လေးချိန် ၂၅၀ဝ ကီလို၊ ကျပ်သိန်း ၁၅ဝ ဖိုးကို ‌တွေ့ရှိသိမ်းဆည်းရမိခဲ့သည့် ကွင်းဆက် တရားခံများဖြစ်ကြသည်ဟု သိရသည်။