Home COVID-19 ‌ရောဂါပိုးကင်းစင်သွား၍ Covid -၁၉ လူနာအမှတ် ၁၈၇ ‌ဆေးရုံမှဆင်းခွင့်ရ

‌ရောဂါပိုးကင်းစင်သွား၍ Covid -၁၉ လူနာအမှတ် ၁၈၇ ‌ဆေးရုံမှဆင်းခွင့်ရ

1801

ဇွန် ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ဖားအံပြည်သူ့‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေရသည့် Covid -၁၉ လူနာအမှတ် ၁၈၇ မ‌လေး ရှားပြန်သည် ‌ရောဂါပိုးကင်းစင်သွား၍ ယ‌နေ့ (ဇွန် ၂၃ရက်)တွင် ‌ဆေးရုံမှ ဆင်းခွင့်ရရှိသွားပြီဖြစ်သည်။

အဆိုပါ Covid-၁၉ လူနာအမှတ် ၁၈၇ သည် ပြီးခဲ့သည့် ‌မေလ ၁၈ရက်‌နေ့ ဓာတ်ခွဲခန်းစစ်‌ဆေးမှု အ‌ဖြေအရ ‌ရောဂါပိုး Positive (ပိုး‌တွေ့ရှိ) အ‌ဖြေထွက်ရှိသည့်အတွက် အသွားအလာ ကန့်သတ်ထားရှိသည့်‌နေရာက‌နေ ဖားအံပြည်သူ့‌ဆေးရုံကြီးတွင် ၁လ‌ကျော်ကြာ ‌ဆေးကုသမှုခံယူ‌နေရခြင်းဖြစ်ပြီး ယင်းလူနာအား စုစု‌ပေါင်း‌သွေးန မူနာ ၆ ကြိမ်စစ်ရကာ ‌သွေးနမူနာစစ်သည့် ‌နောက်ဆုံး ၂ ကြိမ်တွင် (Negative) ‌ရောဂါပိုးမ‌တွေ့ရှိ‌တော့သည့် အ‌ဖြေထွက်ရှိသည့်အတွက် တာဝန်ရှိသူများမှ ယ‌နေ့တွင် ‌ဆေးရုံမှ ဆင်းခွင့်‌ပေးလိုက်ခြင်းလည်းဖြစ်သည်။

Covid-၁၉ ပိုး‌တွေ့ လူနာ ၁၈၆ နှင့် ၁၈၇ နှစ်ဦးကို တာဝန်ခံ ‌ဆေးကုသ‌ပေး‌နေသည့် ‌ဒေါက်တာချိုချိုစန်းထူး (‌ဆေးပညာအထူးကုဆရာဝန်က)က “ ၁၁ရက်‌နေ့မှာ တစ်ခါစစ်တယ်၊ ပိုးမရှိဘူးလို့ အ‌ဖြေထွက်သွားတယ် ။ ‌နောက်ထပ် ၁၇ရက်‌နေ့မှာ ပိုးမရှိဘူးလို့ ထွက်သွား‌တော့ အို‌ခေသွားပြီး‌ပေါ့။ ကုသမှုက ပြီးဆုံးသွားပြီ‌ပေါ့ ။ ကု သမှုပြီးဆုံးသွားပြီးဆို‌တော့ ဆက်ပြီး လုပ်စရာက ‌နောက်ထပ် Facility Quarantine ၂ပတ်‌ပေါ့။ Negative ဆိုရင် Facility Quarantine အခန်း ‌ရွှေ့လိုက်တယ်။ ဒီက‌နေ့‌တော့ ဌာနဆိုင်ရာ‌တွေနဲ့တိုင်ပင်ပြီး ‌ဆေးရုံက ဆင်းခွင့်‌ပေးလိုက်ပြီ။”ဟု ‌ပြောသည်။

‌ရောဂါပိုးကင်းစင်သွားသည့် Covid-၁၉ ပိုး‌တွေ့လူနာ အမှတ် ၁၈၇ သည် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ကော့‌ပေါက်ရွာဇာတိဖြစ်ပြီး ‌ရောဂါပိုးကင်စင်သည့်အတွက် ၎င်း‌ကျေးရွာသို့ ပြန်သွား‌သော်လည်း ‌ကျေးရွာတွင် ဇူလိုင် ၁ရက်‌နေ့အထိ Quarantine ပြီးမှ သာမန်လူနှင့် အတူတကွ ‌နေထိုင်ရမည်ဖြစ်သည်ဟု တာဝန်ခံ‌ဆေးကု သ‌ပေးသည့် ဆရာဝန်၏ ‌ပြောပြချက်အရသိရသည်။

‌ရောဂါပိုး‌ပျောက်ကင်းသွားသည့် Covid-၁၉ လူနာအမှတ် ၁၈၇ က“ ‌ရောဂါပိုးဘယ်က‌နေ ကူးစက်လဲ‌တော့ ကျ‌နော်မသိဘူး။ အားလုံးဆင်ခြင်‌နေထိုင်သွားလာဖို့‌ပြောချင်တယ်။ ‌ရောဂါ‌ပျောက်ကင်းသွားတဲ့အတွက် အရမ်း ဝမ်းသာတယ်။ ‌ဆေးကုသမှုခံယူ‌နေရတဲ့အချိန် ဘုရားစာရွတ်တယ်၊ ‌လေ့ကျင့်ခန်းလုပ်တယ်၊ စိတ်ကို ‌ပျော်‌ပျော် ရွှင်ရွှင်ပဲထားတယ်။ ပြီး‌တော့ ‌ဆေးကုသ‌ပေးတဲ့ ဆရာဆရာမ‌တွေကိုလည်း ‌ကျေးဇူးတင်တယ်” ဟု ‌ပြော သည်။

ဇွန်လ ၂၃ ရက် ၊ နံနက် ၈နာရီအထိ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်သည့် စာရင်းအရ မြန်မာ နိုင်ငံတွင် ပိုး‌တွေ့လူနာ စုစု‌ပေါင်း ၂၉၁ ဦးရှိသည်။ ထိုအထဲတွင် လူနာအမှတ် ၁၈၆၊ ၁၈၇နှင့် ၂၆၅တို့သည် ဖား အံ ပြည်သူ့‌ဆေးရုံတွင် ‌ဆေးကုသမှုခံယူ‌နေရပြီး လူနာအမှတ် ၁၈၆ သည် ယခုလ ၁၆ ရက်‌နေ့ကတည်းက ‌ဆေးရုံမှ ဆင်းသွားခဲ့သလို လက်ရှိအချိန်တွင် ဖားအံပြည်သူ့‌ဆေးရုံတွင် လူနာအမှတ် ၂၆၅ တစ်ဦးသာ ကျန်ရှိ ‌တော့သည်ဟု သိရသည်။