Home သတင်း ‌ကော့ကရိတ်မြို့ ရဲစခန်း‌ရှေ့ ဗုံး‌ပေါက်ကွဲမှုဖြစ်ပွား၍ ၃ ဦး ထိခိုက်ဒဏ်ရာရ

‌ကော့ကရိတ်မြို့ ရဲစခန်း‌ရှေ့ ဗုံး‌ပေါက်ကွဲမှုဖြစ်ပွား၍ ၃ ဦး ထိခိုက်ဒဏ်ရာရ

2207

ဇွန်လ ၉ ရက် ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်၊ ရဲစခန်းလမ်းရှိ ရဲစခန်း‌ရှေ့တွင် ယမန်‌နေ့ (ဇွန် ၈ ရက်) ည ၈ နာရီ ၅ မိနစ်အချိန်ခန့်က ဗုံး‌ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဖြစ်စဉ်မှ တရားခံအား ဖမ်းဆီးရမိနိုင်‌ရေးအတွက် စုံစမ်းလျက်ရှိ‌ကြောင်း သိရသည်။

ယမန်‌နေ့ ည ၈ နာရီ ၅ မိနစ်အချိန်ခန့်က ‌ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက် ရဲစခန်းလမ်း၊ ဘိုဘိုဖုန်း အ‌ရောင်း ဆိုင်‌ရှေ့ ရဲစခန်း‌ရှေ့ အုတ်တံတိုင်းနှင့် ၁ဝ ‌ပေခန့်အကွာ‌နေရာတွင် အမည်မသိ ဆိုင်ကယ်‌မောင်းနှင်လာ သူ(၂) ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ချခဲ့ရာ တစ်လုံး‌ပေါက်ကွဲပြီး တစ်လုံးမှာမ‌ပေါက်ကွဲဘဲ ကျန်ရှိခဲ့‌ကြောင်း ‌ကော့ကရိတ်မြို့ ခံတစ်ဦးက ‌ပြောသည်။

ဗုံး‌ပေါက်ကွဲမှု‌ကြောင့် အမှတ်(၃)ရပ်ကွက်‌နေသည့် အရပ်သားဖြစ်သူ ဦးဝင်းနိုင်ဦး ၂၈ နှစ်တွင် ရင်ဘတ် ‌ပေါက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ဦးဟိန်းဝင်း‌ကျော်(၃၃)နှစ်တွင် ဝဲဘက်ဒူး‌ပေါက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် အမှတ်(၃) ရပ်ကွက်၊ စက်ကုန်းရပ်‌နေသူ ‌မောင်‌ကောင်းခန့်(၁၃)နှစ်တွင် ဝဲ‌ပေါင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် ‌ကော့ကရိတ်ပြည်သူ့‌ဆေးရုံသို့ ‌ဆေးကုသမှုခံယူလျက်ရှိသည်။

ကျန်ရှိမ‌ပေါက်ကွဲ‌သေးသည့် လက်ပစ်ဗုံး(၁)လုံးအား အမှတ်(၁၂)စစ်ဆင်‌ရေးကွပ်ကဲမှု ဌာနချုပ်မှ စစ်ဦးစီး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး မင်းထင်‌အောင်ဦး‌ဆောင်‌သော မိုင်းရှင်းလင်း‌ရေးအဖွဲ့မှ လာ‌ရောက်ဖယ်ရှားရှင်းလင်းခဲ့သည်ဟု မျက်မြင်များက ‌ပြောသည်။

ထိုသို့ ဗုံး‌ဖောက်ခွဲမှု ကျူးလွန်သူများကို ‌ကော့ကရိတ်မြို့မ ရဲစခန်း၏ (ပ)၆၅ /၂၀၂ဝ ၊ ၁၉၀၈ခုနှစ် ‌ပေါက်ကွဲ ‌စေတတ်‌သော ဝတ္ထုပစ္စည်းများအက် ဥပ‌ဒေပုဒ်မ ၃ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရ မိနိုင်‌ရေးအတွက် စုံစမ်းလျက်ရှိ‌ကြောင်း သိရသည်။

အလားတူပင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်‌နေ့ ညတုန်းကလည်း ‌ကော့ကရိတ်ခရိုင် ကျုံဒိုး မြို့ရဲစခန်းအနီး အမှတ် ၁ ရပ်ကွက် ‌ချောင်းဖျားလမ်းတွင် လှည့်ကင်း‌ဆောင်ရွက်‌နေ‌သော ရဲကားအား ဆိုင်ကယ်စီးလာသူမှ လက်ပစ်ဗုံးဖြင့်ပစ်ခဲ့၍ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး ‌သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၄ဦးနှင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ခဲ့ဖူးသည်။