Home သတင်း ဘိန်းစာပင်များ မဖျက်ဆီးဘဲထားရှိပါက မူးယစ်ဥပ‌ဒေဖြင့် အ‌ရေးယူမည်ဟု KNPF စာထုတ်

ဘိန်းစာပင်များ မဖျက်ဆီးဘဲထားရှိပါက မူးယစ်ဥပ‌ဒေဖြင့် အ‌ရေးယူမည်ဟု KNPF စာထုတ်

3135

ဇွန်လ ၃ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KNU-ကရင်အမျိုးသားအစည်းအရုံး ဝင်း‌ရေးမြို့နယ်အတွင်း စိုက်ပျိုးထားသည့် ဘိန်းစာပင်များကို တပတ်အတွင်း ခုတ်ထွင်ရှင်းလင်းမှုမရှိပါက ‌ကော်သူး‌လေ မူးယစ်ဥပ‌ဒေဖြင့် အ‌ရေးယူမည်ဟု ‌မေလ ၃၁ရက်‌နေ့တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့က စာထုတ်ပြန်ခဲ့သည်။

ဘိန်းစာပင်စိုက်ပျိုးခြင်းကို KNU အဖွဲ့အ‌နေဖြင့် လုံးဝခွင့်ပြုမည်မဟုတ်ဘဲ အ‌ရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်ပြီး ‌ကျေးရွာအတွင်း စိုက်ပျိုးထားမှုရှိခဲ့လျှင်လည်း ဇွန်လ ၇ ရက်‌နေ့ ‌နောက်ဆုံးထား၍ ဖျက်ဆီးရမည်ဟု KNFP ၏ ထုတ်ပြန်စာထဲတွင် ‌ဖော်ပြထား သည်။

KNPF ဝင်း‌ရေးမြို့နယ် အမှတ်(၄) စခန်းမှူး‌စောငြိမ်းချမ်းက “ မူးယစ်‌ဆေးပြားအစား ဘိန်းစာရွက်‌တွေကို အစားထိုးသုံးစွဲလာ ကြတယ်။ ‌ဒေသအတွင်းမှာ ဆက်ရှိ‌နေမယ်ဆိုရင် အနာဂတ်လူငယ်‌တွေ မူးယစ်သား‌ကောင်ဖြစ်သွားနိုင်တယ်။ တိုင်းပြည်အ‌ရေး အရာ အမျိုးသားအ‌ရေးအရာ‌တွေမှာ လုပ်နိုင်‌တော့မှာ မဟုတ်ပါဘူး။ လူထု‌တွေလည်း ဝိုင်းဝန်းပူး‌ပေါင်းတိုက်ဖျက်ကြဖို့ တိုက် တွန်းချင်တယ်” ဟု ဇွန်လ ၁ ရက်‌နေ့က ‌ကေအိုင်စီ သို့‌ပြောသည်။

‌မေလ ၂ဝ ရက်နှင့် ၂၄ ရက်‌နေ့တွင် ဝင်း‌ရေးမြို့နယ်အတွင်း ဘိန်းစာပင် ၆,၅ဝဝ ‌ကျော်ကို KNU နှင့် အစိုးရတို့ ပူး‌ပေါင်းကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြပြီး စိုက်ပျိုးသူများကိုလည်း ‌ကော်သူး‌လေ မူးယစ်အထူးအက်ဥပ‌ဒေအရ အ‌ရေးယူမည်ဖြစ်သလို ကျန်ရှိမည့် အပင်များကိုလည်း ဖျက်ဆီးမှုမပြုလုပ်လျှင် ‌ဒေသတည်ငြိမ်‌ရေးနှင့်အမျိုးသားလုံခြုံ‌ရေးအက်ဥပ‌ဒေအရ အ‌ရေးယူမည်ဟုလည်း ကရင်အမျိုးသားရဲတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

“ ‌ဈေး‌ကောင်းရတယ်ဆိုပြီး သူများစိုက်ကြ‌တော့ ရွာမှာ လိုက်စိုက်ကြတယ်။ ဆိုးကျိုး‌တွေ ပြစ်မှုပြစ်ဒဏ်‌တွေ ဥပ‌ဒေ‌တွေ သူတို့ နားမလည်ကြဘူး။ ကိုကာကိုလာအချိုရည်၊ ‌ချောင်းဆိုး‌ပျောက်‌ဆေး‌တွေနဲ့ ‌ရော‌သောက်တယ်။ ကြာရင်စွဲတာပါပဲ။ ဘိန်း စာပင် မရှိရင် ‌ကောင်းတယ်။ လူငယ်‌တွေ အနာဂတ်မထိခိုက်ဘူး‌ပေါ့‌နော်”ဟု ဝင်း‌ရေးမြို့နယ် ‌ဒေသခံ ‌စောထွန့်‌ဖောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

တနသင်္ာရီတိုင်း‌ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ဘိန်းစာပင်စိုက်ပျိုးမှုအများဆုံးရှိပြီး စိတ်ကို‌ပြောင်းလဲ‌စေ‌သော မူးယစ်‌ဆေးဝါးများဆိုင်ရာ ဥပ‌ဒေအရ နိုင်ငံ‌တော်အစိုးရက ဥပ‌ဒေအရ တားမြစ်ထားလျက်ရှိသည်။KNU အ‌နေဖြင့်လည်း ၁/၂ဝ၁၄ ‌ကော်သူး‌လေ မူးယစ်‌ဆေးဝါးများ အထူးအက်ဥပ‌ဒေအရ တားမြစ်ထားသည်ဟု ကရင်အမျိုးသားရဲတပ်ဖွဲ့ တာဝန်ရှိ သူများထံမှ သိရသည်။