Home သတင်း ဇွဲကပင်‌တောင်တက်ရင်း ‌ပျောက်သွားသည့် တက္ကသိုလ်‌ကျောင်းသူ တစ်ရက်ကြာအထိ ပြန်မ‌တွေ့‌သေး

ဇွဲကပင်‌တောင်တက်ရင်း ‌ပျောက်သွားသည့် တက္ကသိုလ်‌ကျောင်းသူ တစ်ရက်ကြာအထိ ပြန်မ‌တွေ့‌သေး

3820
Photo_KIC

ဇွန်လ ၂၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၏ အထင်ကရ ဇွဲကပင်‌တောင်‌ပေါ်သို့ ဇွန်လ ၂၅ရက်‌နေ့ ည‌နေပိုင်းက တက်‌ရောက်ခဲ့သည့် ဖား အံ တက္ကသိုလ်‌ကျောင်းသူတစ်ဦး ‌ပျောက်ဆုံးသွားခဲ့ရာမှာ ၁ ရက်‌ကျော်ကြာသည်အထိ ပြန်မ‌တွေ့ရှိ‌သေးဟု သိရသည်။

အဆိုပါ ‌ပျောက်ဆုံးသွားသည့်‌ကျောင်းသူသည် ဇွဲကပင်‌တောင်‌ပေါ်သို့ တစ်ဦးတည်းသာ တက်‌ရောက်ပြီး ‌ပျောက်ဆုံးသွားသည့်အတွက် ယ‌နေ့နံနက် ၅ နာရီ‌ကျော်မှ စတင်ကာ လူအင်အား ၅ဝ ဦး‌ကျော်နှင့်အတူ ‌မြေ တိုင်းကိရိယာဒရုန်းများနှင့် ‌တောင်ပတ်ပြီးရှာ‌ဖွေ‌သော်လည်း ညမိုးချုပ်အထိ ပြန်မ‌တွေ့ရှိ‌သေး‌ကြောင်း ကရင် ပြည်နယ် မီးသတ်ဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူး ဦးစိုးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီမနက် ‌တောင်‌ပေါ်တက်ရင်းရှာရင်း သူ့ဖုန်းကိုဆက်တဲ့အခါမှာ ‌အော်တိုအသံ‌တော့ရတယ်။ ၁၁ နာရီ ‌နောက်ပိုင်းမှာ ဆက်သွယ်မှုဧရိယာပြင်ပတုန့်ပြန်မှု‌နောက်ပိုင်းမှာ ဖုန်းလိုင်းအဆက်အသွယ်ပြတ်ခဲ့ပါတယ်။ အ ဆင်းလမ်းတစ်‌လျှောက်‌တောင်ကမ်းပါး‌တွေမှာ ကျ‌နော်တို့အဖွဲ့ရှာရင်း ‌တောင်‌ခြေကို ည‌နေ ၄ နာရီ‌ကျော် ပြန် ‌ရောက်တယ်။ အဲဒီအချိန်‌တောင်‌ပေါ်ကဆင်းလာတဲ့ ဘုရားဖူးတစ်‌ယောက်က သူ့ဆိုင်ကယ်‌သော့ကို အမြင့် ‌ပေ‌လေးငါးရာမှာ‌တွေ့‌တော့ ကျ‌နော်တို့ပြန်တက်ရှာလို့လည်း အချိန်က ‌နောက်ကျသွားပြီး”ဟု ‌ပြောသည်။

ယမန်‌နေ့ မွန်းလွဲ ၁ နာရီ‌ကျော်အချိန်တွင် အဆိုပါ တက္ကသိုလ်‌ကျောင်းသူက ‌တောင်‌ပေါ်သို့ တစ်ဦးတည်းတက် ‌ရောက်ခဲ့ခြင်းဖြစ်သလို ‌တောင်‌ပေါ်ကိုလည်း‌ရောက်ရှိကာ ‌တွေ့ရှိသူများ၏ ‌ပြောပြချက်အရ ည‌နေ ၅နာရီတွင် ‌တောင်‌ပေါ်မှပြန်လည်ဆင်းသွားခဲ့သည်ဟု ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဦးစိုးဝင်းက ဆက်‌ပြော သည်။

၎င်းတက္ကသိုလ်‌ကျောင်းသူသည် ဇွဲကပင်‌တောင်၏ အ‌နောက်ဘက်ခြမ်းတွင် တက်‌ရောက်ခဲ့ခြင်းဖြစ်ရာ သူမ၏ ဆိုင်ကယ်ကိုလည်း ‌တောင်‌ခြေတွင်အပ်နှံထားပြီး အမြင့်‌ပေ ၂ ‌ထောင်ခန့်ရှိသည့် ‌ရေတံခွန်နားတွင် အမျိုးသမီး ဖိနပ်တစ်ရံကိုလည်း ရှာ‌ဖွေ‌တွေ့ခဲ့သည်ဟု ကယ်ဆယ်‌ရေးသမားများထံမှ သိရသည်။

ရာသီဥတု အ‌ခြေအ‌နေ၊ လမ်းပန်းဆက်သွယ်‌ရေးအ‌ခြေအ‌နေများ‌ကြောင့် ယ‌နေ့ရှာ‌ဖွေ‌ရေးအစီအစဉ် ရပ်နား လိုက်ကာ ဇွန် ၂၇ ရက်‌နေ့ နံနက် ၅ နာရီတွင် ကယ်ဆယ်‌ရေးသမားများ၊ ရဲအင်အား၊ နယ်‌မြေ‌ဒေသခံများ၊ လူမှု‌ရေးအသင်းအဖွဲ့များနှင့် တက္ကသိုလ် ‌ကျောင်းသားများစု‌ပေါင်း၍ ‌တောင်‌ပေါ်သို့ ရှာ‌ဖွေမှု အစီအစဉ်ကို ဆက်လုပ်သွားမည်ဟု သိရသည်။