Home သတင်း KNU/KNLA လူသစ်စု‌ဆောင်းမှု‌ကြောင့် ‌ဒေသခံများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရဟု တပ်မ‌တော်ထုတ်ပြန်

KNU/KNLA လူသစ်စု‌ဆောင်းမှု‌ကြောင့် ‌ဒေသခံများ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရဟု တပ်မ‌တော်ထုတ်ပြန်

5908
Photo: ပုံတပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်ရုံး

‌မေလ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

KNU/KNLA တပ်မဟာ (၅)အဖွဲ့၏ ‌ဒေသတွင်း လူသစ်စု ‌ဆောင်းမှုများ ပြုလုပ်ခြင်း‌ကြောင်း ‌ဒေသခံ ‌ကျေးရွာသားများမှာ ၎င်းတို့ နီးစပ်ရာ ‌ဆွေမျိုး‌နေအိမ်များသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံးက ယမန်‌နေ့ (‌မေလ ၁၉ရက်)တွင် သတင်းထုတ်ပြန်‌ကြေညာထားသည်။

ဖာပွန်မြို့နယ်အတွင်းရှိ ‌ကျေးရွာ‌ပေါင်း (၈)ရွာခန့်မှ ‌ဒေသခံ ‌ကျေးရွာသူ၊ ‌ကျေးရွာသား ၁၂၈ ဦးခန့်သည် KNU/KNLA အဖွဲ့ က လူသစ်စု‌ဆောင်းသည်ဟုဆိုကာ ‌မေလ ၁၆ ရက်နှင့် ၁၇ရက်တို့တွင် ကမ‌မောင်းမြို့နှင့် လှိုင်းဘွဲ မြို့နယ်၊ မြိုင်ကြီးငူ အထူး‌ဒေသများရှိ ၎င်းတို့၏ နီးစပ်ရာ ‌ဆွေမျိုး၊ မိတ်‌ဆွေများရှိရာ ရပ်ကွက်‌နေအိမ်များသို့ ထွက်‌ပြေးတိမ်း‌ရှောင် လာရ ‌ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

တပ်မ‌တော်၏ ထုတ်ပြန်ချက်အရ ‌မေလ ၁၆ ရက်‌နေ့တွင် ဖာပွန်မြို့နယ်အတွင်းရှိ မဲကုလား၊ ကမ်းနား၊ ထီး‌ဘောခို့၊ ‌ကျောက်သ‌ဘေင်္ာနှင့် ‌ကျောက်ကွင်း စသည့်‌ကျေးရွာများမှ ‌ဒေသခံ ၆၁ ဦးသည် ကမ‌မောင်း မြို့ရှိ ၎င်းတို့ ‌ဆွေမျိုး‌နေအိမ် များသို့ ‌ရောက်ရှိလာသလို ‌ကျောက်ကွင်း၊ ဇာ‌ကော့လုံ၊ ကိုလူပျိုနှင့် မဲပလီခီး စသည့် ‌ကျေးရွာမှ ‌ဒေသခံ ၄၆ ဦးသည်လည်း မြိုင်ကြီးငူ အထူး‌ဒေသရှိ လဲလွန်းမြိုင်ရပ်ကွက်မှ ၎င်းတို့၏ ‌ဆွေမျိုး မိတ်‌ဆွေ‌နေအိမ်များသို့ ‌ရောက်ရှိလာကြသည်ဟု ဆို သည်။

အလားတူ ‌မေလ ၁၇ရက်‌နေ့တွင်လည်း မဲပလီခီး နှင့် မဲကုလား ‌ကျေးရွာမှ ‌ဒေသခံ ‌ကျေးရွာသူ ‌ကျေးရွာသား စုစု‌ပေါင်း ၂၁ ဦးသည်လည်း လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူး‌ဒေသရှိ နန်း‌ဟေမြိုင် ရပ်ကွက်အတွင်းမှ ၎င်းတို့ ၏ နီးစပ်ရာ ‌ဆွေမျိုး ၊ မိတ်‌ဆွေ ‌နေအိမ်များသို အသီးသီး ထွက်‌ပြေးတိမ်း‌ရှောင်လာ‌ကြောင်း တပ်မ‌တော်၏ သတင်းထုတ်ပြန်ချက်၌ ‌ဖော်ပြထား သည်။

အဆိုပါ ‌ဒေသခံ ‌ကျေးရွာသူ ‌ကျေးရွာသားများ ထွက်‌ပြေးတိမ်း‌ရှောင်လာခြင်းနှင့်ပတ်သက်ပြီး မြိုင်ကြီးငူအထူး ‌ဒေသရှိ လဲလွန်းမြိုင် ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ‌စော‌မောင်ဖိုးက ‌ဒေသခံရွာသားများ ၎င်း၏ ရပ်ကွက်သို့ တိမ်း‌ရှောင်လာသည်မှာ ဟုတ်မှန်‌ကြောင်း ဆိုသည်။

၎င်းက “သူတို့(‌ဒေသခံ)‌တွေ လာရတဲ့ အ‌ကြောင်းအရင်းက ကျ‌နော်တို့လည်း ‌မေးတာ‌ပေါ့‌လေ။ သူတို့‌ပြောတာက အဲ့မှာက ပဋိပက္ခလည်း နည်းနည်းရှိတယ်၊ ‌နောက်‌တော့ တပ်သားသစ်‌တွေ စု‌ဆောင်းတဲ့ အခါကျ‌တော့ သူတို့ ထွက်‌ပြေးလာတယ်။ တိမ်း‌ရှောင်လာတယ်‌ပေါ့‌လေ။ အဲ့လိုမျိုး‌ပြောတယ်။”ဟု ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်မ‌တော်၏ ထုတ်ပြန်ချက်ထဲ၌ မြိုင်ကြီးငူ အထူး‌ဒေသ လဲလွန်းမြိုင်ရပ်ကွက်တွင်းသို့ ‌ဒေသခံရွာသား ၄၆ ဦး ထွက် ‌ပြေးတိမ်း‌ရှောင်လာသည်ဟု ‌ဖော်ပြထား‌သော်လည်း လဲလွန်းမြိုင်ရပ်ကွက်သို့ ၁၁ ဦးသာ ‌ရောက်ရှိလာပြီး ၅ ဦးတစ်စုမှာ အမျိုးသမီး ၃ ဦးပါဝင်သည့် မိသားစုဝင်များဖြစ်ကာ ကျန် (၆) ဦးမှာ သက်လတ်ပိုင်း အမျိုးသားများ ဖြစ်ကြသည်ဟုလည်း ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ‌စော‌မောင်ဖိုးက ဆက်‌ပြောသည်။

အဆိုပါ ကိစ္စကို KNU တပ်မဟာ (၅)၏ ‌ပြောခွင့်ရ ဗိုလ်မှူး ‌စောကလယ်ဒို့က တစ်စုံတစ်ရာ သိရှိ‌သေးခြင်းမရှိ‌ကြောင်းနှင့် တပ်သားသစ် စု‌ဆောင်းမှုနှင့်ပတ်သက်ပြီး ညွန်ကြားမှု တစ်စုံတစ်ရာမရှိ‌ကြောင်း‌ပြောသလို သက်ဆိုင်ရာ KNU ဗဟိုသို့ ဆက်သွယ်‌မေးမြန်း‌သော်လည်း ဖုန်းလက်ခံ‌ဖြေကြားခြင်း မရှိ‌ပေ။

KNU အ‌နေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) အပစ်ရပ်လက်မှတ်‌ရေးထိုးထား သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့်အ‌လျောက် ယခုလို လူသစ်စု‌ဆောင်းမှုပြုလုပ်ခြင်းသည် NCA စာချုပ်ပါ အချက်များကို ‌ဖောက် ဖျက်ခြင်းဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တဆင့် သတိ‌ပေးတားမြစ်ကန့်ကွက်မှုများ ‌ဆောင်ရွက်သွား မည်ဖြစ် ‌ကြောင်းလည်း တပ်မ‌တော်က ဆိုသည်။

NCA စာချုပ်ပါ အခန်း (၃) ၊ အပိုဒ် (၆) အရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လူသစ်စု‌ဆောင်းခြင်း ကိစ္စကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်အ‌ကောင်အထည်‌ဖော်မှုနှင့် လုံခြုံ‌ရေးဆိုင်ရာ ပြန် လည်‌ပေါင်းစည်း‌ရေး လုပ်ငန်းစဉ်များနှင့်အညီ ‌ဆွေး‌နွေးညှိနှိုင်း အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားရန်ဟူ၍ ပါရှိသည်။