Home သတင်း KNU၏ COVID-19 ကာကွယ်‌ရေး ဂိတ်ကို တပ်မ‌တော်မှ မီးရှို့ဖျက်ဆီး၍ ပစ်ခတ်မှုဖြစ်ပွားခဲ့

KNU၏ COVID-19 ကာကွယ်‌ရေး ဂိတ်ကို တပ်မ‌တော်မှ မီးရှို့ဖျက်ဆီး၍ ပစ်ခတ်မှုဖြစ်ပွားခဲ့

72284

‌မေ ၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ဖာပွန်-ကမ‌မောင်း ကြားတွင်ရှိ‌သော KNU -ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်) (တပ်မဟာ-၅) ခရိုင် ၏ COVID-19 ‌ရောဂါကာကွယ်တားဆီး‌ရေး ဂိတ်(၂)ခုကို မြန်မာ့တပ်မ‌တော်က ယမန်‌နေ့ (‌မေလ ၆ရက်)တွင် ဝင်‌ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း‌ကြောင့် နှစ်ဖက်အကြား တင်းမာမှုဖြစ်ပွားခဲ့‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၅) ဘက်က ‌ပြောသည်။

မူ‌တြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ‌လေးဖိုထ ‌ကျေးရွာအုပ်စု၊ ဝါသိုးခို‌ကျေးရွာနှင့် ကတိုင်တိ ‌ကျေးရွာအုပ်စု၊ ဖားလို့ လမ်းခွတို့တွင် ‌ကေအဲန်ယူ ကျန်းမာ‌ရေးဝန်ထမ်းများနှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)တို့မှ ၎င်းတို့ ထိန်းချုပ် နယ်‌မြေများအတွင်း ကိုဗစ်‌ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ‌စေရန် လိုအပ်သည့် ကျန်းမာ‌ရေး စစ်‌ဆေးမှုများ လုပ်‌ဆောင်‌နေစဉ် တပ်မ‌တော် အမှတ်(၈) စစ်ကွပ်ကဲ‌ရေးဌာနချုပ်(စကခ)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ-၄၀၅)နှင့် (ခမရ-၄၁၀) မှ ဝင်‌ရောက်တားမြစ်ပြီး ဂိတ်စခန်းများကို မီးရှို့ခဲ့‌ကြောင်း မူ‌တြော်ခရိုင်၏ ကျန်းမာ‌ရေးမှူး ‌စောညွန့်ဝင်းက ယခုလို‌ပြောသည်။

“မ‌နေ့က စစ်တပ်က လာပြီး‌တော့ ကျ‌နော်တို့ ချထားတဲ့ ဝါသိုးခိုက ကျန်းမာ‌ရေး ဂိတ်တဲကို လာဖျက်ပစ်လိုက် တယ်။ ‌နောက်ပြီး ဖားလို့ လမ်းခွမှာရှိတဲ့ ကျ‌နော်တို့ ဂိတ်မှာ တာဝန်ရှိတဲ့သူ‌တွေကို ‌မောင်းထုတ်ပြီး ဂိတ်တဲ ‌တွေကို မီးရှို့လိုက်တယ်။ ဒါက သူတို့(စစ်တပ်) နယ်‌မြေတဲ့ မင်းတို့ လာပြီးရှိ‌နေစရာမလိုဘူးဆိုပြီး သူတို့က ကျ‌နော်တို့ကို ‌ပြောပြီး‌မောင်းထုတ်လိုက်တာပဲ”ဟု ၎င်းက ‌ကေအိုင်စီသို့‌ပြောသည်။

ထိုသို့ တပ်မ‌တော်ဘက်က လာ‌ရောက်တားမြစ်‌မောင်းထုတ်မှုများ ပြုခြင်း‌ကြောင့် ယမန်‌နေ့ ‌နေ့လည် ၁၂ နာရီ ၁၂ မိနစ်နှင့် ၂ နာရီ‌ကျော်တွင် ဝါသိုးခို‌ကျေးရွာ၌ ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ည‌နေ ၃ နာရီ ၄၁ မိနစ်ခန့်တွင် ကတိုင်တိ ‌ကျေးရွာအုပ်စု ဖားလို့ လမ်းခွရှိ မီးရှို့ခံခဲ့ရသည့် ဂိတ်တဲနားတွင် ပစ်ခတ်မှု တစ်ကြိမ် စုစု‌ပေါင်း ပစ် ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့‌ကြောင်း ‌စောညွန့်ဝင်းက ဆက်‌ပြောသည်။

ထို့အပြင် ယ‌နေ့ ‌မေလ ၇ ရက်‌နေ့အချိန်ထိ နှစ်ဖက်ကြား ပစ်ခတ်မှု အနည်းငယ်ရှိ‌သေးပြီး ၎င်းပစ်ခတ်မှုများ ‌ကြောင့် တပ်မ‌တော်ဘက်တွင် ထိခိုက်ကျဆုံးမှု ရှိ၊ မရှိ မသိရ‌သေးဘဲ ‌ကေအဲန်ယူဘက်တွင် ထိခိုက်မှု မရှိ‌ကြောင်း ၎င်းပစ်ခတ်မှုများ‌ကြောင့် ဝါသိုးခို‌ဒေသခံအချို့မှာ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရ‌ကြောင်း ‌ကေအဲန်ယူက ဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်ပြီး အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်(ရတခ) ‌ပြောခွင့်ရ ဗိုလ်မှူးကြီး ‌မောင် ‌မောင် လတ်က “ ကျ‌နော်တို့ ဆီ‌တော့ တင်ပြထားတာမရှိ‌သေးဘူး။ ကျ‌နော် မသိ‌သေးလို့‌လေ။ ကျ‌နော် အခုလိုက် ‌မေးလိုက်ပါအုံးမယ်” ဟု ယ‌နေ့ ‌နေ့လည်တွင် ‌ကေအိုင်စီသို့‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၃ဝ ရက်‌နေ့တွင်လည်း တပ်မ‌တော်၏ ဖိအား‌ပေးမှုနှင့် သွား‌ရောက်တားမြစ်မှု ‌ကြောင့် ‌ကေအဲန်ယူ သထုံခရိုင် (တပ်မဟာ-၁) တာဝန်ရှိသူများမှ အစိုးရနှင့် ‌ကေအဲန်ယူ နှစ်ဖက်‌ရော‌နှောအုပ် ချုပ်‌ရေးနယ်‌မြေတွင် ဖွင့်လှစ်ထား‌သော COVID-19 ‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး စစ်‌ဆေး‌ရေးဂိတ်ကို ဖျက် သိမ်းခဲ့ရသလို ၎င်း‌နေရာများကိုလည်း တပ်မ‌တော်ဘက်က ဝင်‌ရောက်‌နေရာယူ စခန်းချမှု များပြုလုပ်ခဲ့‌ကြောင်း ‌ကေအဲန်ယူက ဆိုသည်။

၎င်းမတိုင်ခင် ဧပြီလ ၁၆ရက်‌နေ့တွင်လည်း ‌ကေအဲန်ယူ သထုံခရိုင် တာဝန်ရှိသူများ၏ COVID-19 ‌ရောဂါ ကာကွယ်‌ရေး ဆိုင်ရာ ကျန်းမာ‌ရေး စစ်‌ဆေးမှုများပြုလုပ်ခြင်းအ‌ပေါ် ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးရုံးမှ ‌ကေအဲန်ယူ ဗဟို အပါအဝင် ဆက်ဆံ‌ရေးရုံးများသို့ လိပ်မူ၍ အပစ်ရပ် သ‌ဘောတူ ညီချက်များအတိုင်းလိုက်နာ‌ဆောင်ရွက်ရန် ကန့်ကွက်အ‌ကြောင်းကြားစာ ‌ပေးပို့ခဲ့‌သေးသည်။

သို့‌သော် ကရင်ပြည်နယ်အစိုးရအဖွဲ့ကမူ COVID-19 ‌ရောဂါ ကာကွယ်တားဆီးထိန်းချုပ်‌ရေးတွင် ပူး‌ပေါင်းပါဝင် သည့် ‌ကေအဲန်ယူအပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများကို မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ‌ပေးပို့ခဲ့ သည်။

အလားတူ COVID-19 ကပ်‌ရောဂါကို အတူတကွ ပူး‌ပေါင်း ထိန်းချုပ်ကာကွယ်‌ရေးအတွက် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်‌နေ့က COVID-19 ကာကွယ်ထိန်းချုပ် ကုသ‌ရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အ စည်းများနှင့် ညှိနှိုင်းပူး‌ပေါင်း ‌ရေး‌ကော်မတီကို ဖွဲ့စည်းလိုက်‌ကြောင်း နိုင်ငံ‌တော်သမ္မရုံးက ဧပြီလ ၂၈ရက်က ထုတ်ပြန်လိုက်သလို ‌မေလ ၅ ရက်‌နေ့ကလည်း ၎င်း‌ကော်မတီ နှင့် NCA အပစ်ရပ် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများ (NCA-S EAO)တို့အကြား ရန်ကုန်မြို့၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန (NRPC) ၌ ‌ဆွေး‌နွေးမှုပြုလုပ်ခဲ့‌ကြောင်း သိရသည်။

‌ကေအဲန်ယူ အ‌နေဖြင့် ၎င်းတို့ ထိန်းချုပ်နယ်‌မြေများအတွင်း COVID-19 ကပ်‌ရောဂါ ကူးစက်ပြန့်ပွား မှုမရှိ‌စေ‌ရေး အတွက် မတ်လ ၂၈ ရက်‌နေ့က ‌ကေအဲန်ယူ(ဗဟို)မှ ကိုဗစ်ကပ်‌ရောဂါ အ‌ရေး‌ပေါ် တုန့်ပြန်‌ဆောင်ရွက်‌ရေး အဖွဲ့ (Covid Pandemic Emergency Respond Team)ကို ဖွဲ့စည်းပြီး ၎င်းတို့ နယ်‌မြေအသီးသီးတွင် ကျန်းမာ ‌ရေး အသိပညာ‌ပေးမှုများ၊ ‌ရောဂါကာကွယ်တားဆီး‌ရေး လုပ်ငန်းစဉ်များ၊ ‌ဒေသတွင်း စည်းမျဉ်းစည်း ကမ်းများကို ထုတ်ပြန်ပြီး ၎င်းတို့ တပ်မဟာ၊ ခရိုင်၊ တပ်ရင်း၊ တပ်စိပ်အသီးသီးကို ညွှန်ကြားချက်‌ပေး ပို့လုပ်‌ဆောင်ခဲ့သည်။

ထို့အတူ ‌ကေအဲန်ယူ မူ‌တြော် ခရိုင်အ‌နေဖြင့်လည်း ဗဟို၏ ညွန်ကြားချက်နှင့်အညီ ကပ်‌ရောဂါ ထိန်းချုပ် ကာကွယ် တားဆီး‌ရေးအတွက် ၎င်းတို့ နယ်‌မြေအတွင်းတွင် ကျန်းမာ‌ရေးစစ်‌ဆေး‌ရေး ဂိတ် ၁၄ ခု ဖွင့်လှစ် ‌ဆောင်ရွက်‌နေစဉ် ယခုလို ဂိတ် ၂ ခုကို တပ်မ‌တော်ဘက်က မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။