မြန်မာနိုင်ငံ၏ ဒုတိယငြိမ်းချမ်းရေးသံတမန်
စရှူခလိန်
စလေမြို့ ရှင်ပင်စွယ်ကြိုကျောင်း ဆရာတော် အရှင်မဟာရသ၏ တပည့်စကြိုသူမြတ် အရှင် ဇောတယန္တသည် ၇၃၅ နှစ်တွင် မွေးဖွားသည်ဟု ခန့်မှန်းရပြီး ဇာတိမှာ စလေမြို့ပင်ဖြစ်သည်။ ဆရာတော် အရှင်မဟာရသထံတွင် ရှင်သာမဏေဘဝ၊ ရဟန်းဘဝအဖြစ် စာပေကျမ်းဂန်များ သင်ကြား ဆည်းပူးသည်။ စလေမြို့ ရှင်ပင်စွယ်ကြိုကျောင်းတွင် သီတင်းသုံးနေရင်း ‘စွယ်ကြိုသူမြတ်’ ဟူ၍ ခေါ် ဆိုရာမှ နောင်သောအခါ ‘စကြိုသူမြတ်’ ဟု ခေါ် တွင်လာခဲ့သည်။
စကြိုသူမြတ်ကို မင်းကြီးစွာစော်ကဲလက်ထက် ‘မြို့လှစား’ ကပင့်လာ၍ အင်းဝမြို့သို့ ရောက်တော်မူ သည်။ မြို့လှစား၏ ဆရာတော်တစ်ဆူ ဖြစ်တော်မူ သည်။ ရှင်ဇောတယန္တ သက်တော်အားဖြင့် ၃၁ နှစ်၊ ဝါတော်မှာ ၁၁ ဝါအရ သက္ကရာဇ် ၇၆၆ခုနှစ်တွင် ပထမမင်းခေါင်ကြီးသည် (ဟံသာဝတီ)ပဲခူး ဘုရင် ရာဇာဓိရာဇ်နှင့် စစ်ပွဲဖြစ်ပွားသည်။
ထိုစဉ်က အထက်မြန်မာနိုင်ငံ အညာဒေသ ရတ နာပူရ အင်းဝမြို့တော်တွင် မင်းကြီးစွာစော်ကဲ၏သားတော် ဘုရင်မင်းခေါင်ကြီး ထီးနန်းစိုးစံတော်မူ သည်။ အောက်မြန်မာနိုင်ငံ ဟံသာဝတီပဲခူးတွင် မွန် ဘုရင်ရာဇာဓိရာဇ်သည်လည်း ထီးနန်းစိုက်တော်မူ လျက်ရှိသည်။ ဤအခြေအနေကို ကြည့်လျှင် အထက်ပြည်သည် ဗမာဘုရင်များ ကြီးစိုးအုပ်ချုပ် လျက်ရှိပြီး အောက်ပြည်သည် မွန်ဘုရင်များ အုပ် ချုပ်လျက်ရှိသည်ကို တွေ့ရပါမည်။ တစ်နည်း ပြော လျှင် ပဒေသရာဇ်မင်းတို့သည် မိမိတို့ပိုင်ဆိုင်သည့် နယ်မြေကို ကြီးစိုးအုပ်ချုပ်နေကြလျက် ရှိသည်။
သို့သော် ထိုမင်းနှစ်ပါး လောဘစိတ်သည် မြန် မာနိုင်ငံတစ်ခုလုံးကို စိုးမိုးအုပ်ချုပ်နိုင်ရေးအတွက် စစ်မီးကြီးဖြစ်ပွားစေခဲ့ကြသည်။ အနှစ် ၄ဝ ကြာ မွန်-မြန်မာစစ်ပွဲအဖြစ် ရာဇဝင်သမိုင်းတွင် တွင်ရစ် ခဲ့လေသည်။ ထိုကာလတွင် စကြိုသူမြတ်ရဟန်းတော် သည် အင်းဝမြို့တော်၌ သီတင်းသုံးတော်မူစဉ် မွန် နှင့် မြန်မာတို့၏ စစ်ပွဲကြီးနှင့်တွေ့ကြုံခဲ့ရသည်။ ယင်းစစ်ပွဲ၌ စကြိုသူမြတ် ဗမာရဟန်းတော်၏ ငြိမ်း ချမ်းရေးဆောင်ရွက်ခဲ့ပုံမှာ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းလှပေသည်။
ဟံသာဝတီပဲခူး မွန်ဘုရင်ရာဇာဓိရာဇ်သည် ရတနာပူရအင်းဝ နေပြည်တော်သို့ စစ်တပ်အလုံး အရင်းဖြင့် ရေကြောင်းမှ ဆန်တက်လာသည်။ အင်းဝသို့ရောက်လျှင် ရှောင်တခင်စစ်ကို တိုက်တော် မမူသေးဘဲ စစ်ကိုင်းမြို့ရေဝန်းအရပ်တွင် ခေတ္တမျှ တပ်ချ၍ အနားယူတော်မူသည်။ ထိုအချိန် အင်းဝ နေပြည်တော်သည် စည်းရုံးရေးပျက်ပြားပြီး အဖက် ဖက်တွင် အားနည်းနေချိန်လည်းဖြစ်သည်။ အင်းဝ ဘုရင်မင်းခေါင်သည် ရာဇာဓိရာဇ်ဘုရင်၏ စစ်ဘေး ရန်ကို ကာကွယ်နိုင်စွမ်းမရှိသည့် အခြေအနေသို့ ရောက်နေသည်ဟုဆိုပါသည်။ ထိုအခါ ဘုရင်မင်း ခေါင်သည် ပညာရှိမှူးမတ်များနှင့်တကွ နိုင်ငံတော် တွင် ထင်ရှားကျော်စောသည့် ရဟန်းပညာရှိ၊ လူ ပညာရှိတို့ကို ခေါ်တော်မူပြီး ငြိမ်းချမ်းရေအတွက် အကြံÓဏ်များ ရယူခဲ့ရလေသည်။
‘ယခု ရန်သူရာဇာဓိရာဇ်သည် ရေကြောင်းမှ ဆန်တက်လာ၍ စစ်ကိုင်းရေဝန်းအရပ်တွင် အခိုင် အမာ တပ်စွဲလျက် ရှိချေသည်။ နှလုံးရည်၊ လက်ရုံး ရည် နှစ်ပါးတို့တွင် မည်သည့်အရည်အချင်းဖြင့် ပြေလည်အောင် စီရင်သင့်ပါသနည်း’ ဟု မေးတော်မူ လေသည်။ မည်သူမျှ မလျှောက်တင်ဝံ့ကြဘဲ တိတ် ဆိတ်လျက်နေကြသည်။
ထိုအခါ စကြိုသူမြတ်ရဟန်းက ‘ရာဇာဓိရာဇ်ကို နှုတ်ရည်ဖြင့် ပြေလည်အောင် ကျွန်ုပ်စွမ်းနိုင်ပါ၏’ ဟု ပြန်လည်မိန့်တော်မူလေသည်။ တစ်ဖန် စကြို သူမြတ်ရဟန်းက ‘မိမိသည်ရှေ့ဦးစွာ မေတ္တာစာဖြင့် ဆက်သွင်းပါဦးမည်’ ဖြစ်ကြောင်း ဆက်လက်မိန့် တော်မူပါသည်။
ထိုစည်းဝေးပြီးသည့်အခါ စကြိုသူမြတ်ရဟန်း သည် ‘စကြိုသူမြတ်၊ နေ့ညမပြတ်၊ မေတ္တာရည်ညွှန်း၊ ပို့သွန်းအပ်သော၊ သာသနာ့ ဒါယကာ ဖြစ်တော်မူ သော ဆင်ဖြူသခင် မဟာဓမ္မရာဇ်မင်းမြတ်’ အစရှိ သော မေတ္တာစာကို ရေးသားပြီး ရာဇာဓိရာဇ်မင်းထံသို့ ပို့ဆက်လေသည်။ ‘ယင်းမေတ္တာစာတွင် ငြိမ်းချမ်းရေး ဦးတည်ချက်ဖြင့် တရားသဘောရှုထောင့်မှ ရာဇာဓိ ရာဇ်မင်းကို စည်းရုံးဟောပြော ဆုံးမသော အကြောင်း အရာများ ပါရှိလေသည်။
စကြိုသူမြတ်သည် စစ်ဖြစ်ရာကာလနှင့် လျော် ညီစွာ လိုရင်းတိုရှင်း ရောက်အောင် ရေးသားနိုင် သည်ကိုလည်း တွေ့ရသည်။ ထို့ပြင် မေတ္တာစာတွင် ဟံသာဝတီ ဘုရင်မင်းမြတ်၏ မျက်နှာတော်ကို ရှုမြင်လိုသည့်ဆန္ဒ ပြင်းပြလျက်ရှိကြောင်း၊ လွန်ခဲ့ သော နှစ်ပေါင်းများစွာက ဟံသာဝတီပြည်သို့ ြွက ရောက်ရာတွင် ရာဇာဓိရာဇ်နှင့် တွေ့ဆုံရန် ကြိုးစား ခဲ့ကြောင်း၊ ယခုတိုင် အထမမြောက်သေးကြောင်း ဤဆန္ဒဇောဖြင့် ပျံလွန်တော်မူခဲ့သော် အပါယ်လေးဘုံ သို့ ရောက်နိုင်ပြီး၊ ရာဇာဓိရာဇ်မင်းကို မြင်တွေ့ရပြီးမှ ပျံလွန်အနိစ္စရောက်သော် နတ်ပြည်သို့ ရောက်မည် ဖြစ်ကြောင်း စသည် ရေးသားထားသော မေတ္တာစာ ပင် ဖြစ်သည်။
ဘုရင်မင်းက မေတ္တာစာကိုဖတ်ရသည့်အခါ သူ့ အားဖူးချင်လျှင် ပင့်ဖိတ်လာလိမ့်မည်။ မဖူးချင်ပါက လည်း အကြောင်းတစ်စုံတစ်ရာ သိရလိမ့်မည်။ ဖူးချင်လို့ ပင့်ဖိတ်လာလျှင် ငြိမ်းချမ်းရေးတရား ဟောခွင့်ရမည်။ အရှင်မြတ်၏ အကြံဉာဏ်မှာ လွန်စွာ ပီပြင်လှပေသည်။
ဤမေတ္တာစာကို ဖတ်ရှုရသော ရာဇာဓိရာဇ် မင်းသည် စစ်ချီရန်ကိုပင် မပြုလုပ်တော့ဘဲ ရပ်တန့် သွားပြီး စကြိုသူမြတ်၏ မေတ္တာစာကို အတန်တန် ဖတ်ရှု စဉ်းစားတော်မူလေသည်။ သာသနာကို ကြည်ညိုသော မင်းဖြစ်သလို သတ္တဝါများအပေါ်တွင် ကရုဏာ၊ မေတ္တာ ထားရှိသောမင်းဖြစ်၍ မိမိအား မြင်တွေ့လိုသော သူတော်သူမြတ် ရဟန်းတစ်ပါးကို မိမိက မမြင်လို၊ မတွေ့လိုဟုဆိုပါလျှင် ရတနာသုံးပါး မှ ရတနာတစ်ပါးကို မျက်နှာလွဲရာ ဖြစ်တော့မည်။ ပြည်သူအများကလည်း ကဲ့ရဲ့ကြလိမ့်မည်။ သို့ဖြစ်၍ သူတော်သူမြတ် ရဟန်းကိုမိမိသည် မလွတ်စတမ်း ဖူးတွေ့တော့မည်ဟု စိတ်ဆုံးဖြတ်ချက်ချပြီး စကြိုသူ မြတ်အရှင်ကို ပင့်ဖိတ်၍ ဆွမ်းဆက်ကပ်လေ သည်။
စင်စစ် ရဟန်းတော်တိုင်းသည် အာဏာပါဝါ တန်ခိုးကြီးမားလှသော ပဒေသရာဇ်မင်းတို့၏မျက် နှာကို မြင်ရ(စကားပြောဆိုရ)ဖို့ဆိုသည်မှာ လွယ်ကူ သည့်အရာမဟုတ်ပေ။ အကြောင်းကိစ္စ တစ်စုံတစ်ရာ ရှိသည်ဟုဆိုသော်ငြားလည်း ဘုရင်မင်းက အတွေ့ခံ မှသာလျှင် တွေ့လို့ရနိုင်ပါသည်။ ဗုဒ္ဓဘုရားခေတ်က တိတ္ထိတို့ထံတွင် လာဘ်ပစ္စည်းများ ယူထားသော ကောသလဘုရင်သည် အကျိုးအကြောင်းပြောပြရန် ရှင်အာနန္ဒာကို ကောသလဘုရင်ထံသို့ ဘုရားရှင် လွှတ်လိုက်သည်။ ကောသလဘုရင်က အတွေ့မခံပေ။ ဘုရားရှင်ကိုယ်တိုင် ကြွရာက်မှသာ ကောလသ ဘုရင်က ထွက်လာပြီးတွေ့ပါသည်။
ယခုကဲ့သို့ ရာဇာဓိရာဇ်မင်းက အတွေ့ခံရသည် အထိ မေတ္တာစာရေးနိုင်သည်မှာ လွန်စွာချီးကျူး ရသလို မင်းကြီးကိုတွေ့မြင် ပြောဆိုနိုင်စွမ်းရှိသော စကြိုသူမြတ်၏ သတ္တိရှိမှုမှာလည်း သာမန်စာဆို ရဟန်းတစ်ပါး မဟုတ်ပေ။ စာပေကျမ်းဂန်နှင့်တကွ ဉာဏ်ပညာနှင့် ပြည့်စုံသောစာဆို(စာရေးဆရာ)အရှင်မြတ်တစ်ပါးပင် ဖြစ်သည်။
စကြိုသူမြတ်က ဆွမ်းဆက်ကပ်လှူသည့် အခမ်းအနားတွင် အင်းဝနေပြည်တော်သို့ မွန် ဘုရင်မင်းကြီး ကြွချီလာရသည့် အကြောင်းရင်း (ရည်ရွယ်ချက်)ကို မေးမြန်းတော်မှုသည်။ ရာဇာဓိ ရာဇ်ဘုရင်ကလည်း မိမိ၏ရည်ရွယ်ချက်လေးရပ်ကို ပွင့်ပွင့်လင်းလင်း ပြန်လည်လျှောက်တင်ပြသည်။ ၎င်းလေးရပ်မှာ-
၁။ ရန်သူမင်းကို နှိပ်စက်လို၍ ချီတက်လာ ခြင်း။
၂။ သူ့နိုင်ငံကို ငါ့နိုင်ငံပြုလို၍ ချီတက်လာ ခြင်း။
၃။ ငါ၏စစ်အင်အား ကြီးမားပုံကိုပြလို၍ ချီတက် လာခြင်း။
၄။ စေတီပုထိုးနှင့် ဘုရားသခင်ဓာတ်တော်၊ မွေ တော်များကို ဖူးမြင်လို၍ ချီတက်လာခြင်း။
တို့ပင်ဖြစ်ကြောင်း ပြန်လည်လျှောက်တင်လိုက် ပါသည်။
ထိုအခါ စကြိုသူမြတ်သည် ချီတက်လာခြင်း အကြောင်း လေးရပ်အနက် အထက်သုံးပါးသည် ကား အကုသိုလ်တရားကို အားပေးရာရောက်ပြီး ဘုရားပုထိုးဖူးမြော်ရန် တစ်ပါးသည်သာလျှင် အ မြတ်ဆုံးဖြစ်ကြောင်း မိန့်ကြားလိုက်ပါသည်။ အထက်ပါ စစ်ချီလာခြင်းမှာ သယံဇာတလိုချင်၍ စစ်ချီလာခြင်း မတွေ့ရချေ။
ထို့နောက် အရှင်မြတ်ကဆက်၍ သူ့တိုင်းပြည်ကို ကျူးကျော်ခြင်းသည် မသင့်တော်ဘဲ ပညာရှိ သေနာပတိ ဘုရင်မင်းမြတ်တို့၏ ထုံးစံအတိုင်း ရတ နာ ရပူရအင်းဝနိုင်ငံနှင့် ဟံသာဝတီပဲခူးနိုင်ငံတို့သည် ရွှေလမ်းငွေလမ်းအဖြစ် ဖောက်သင့်ကြောင်း၊ မင်း နှစ်ပါးလည်း ချစ်ကြည်လေးမြတ်စွာ နေထိုင်သင့် ကြောင်း မိန့်ကြားတော်မူသည်။
ယနေ့မျက်မှောက်ခေတ်တွင်လည်း တိုင်းရင်း သားတို့၏ ပြည်နယ်ဒေသတွင် အချင်းချင်း တစ် ဖက်နှင့်တစ်ဖက် လက်နက်အင်အားတွေ တိုးချဲ့မှု မပြုလုပ်ကြဘဲ ရိုးသားစွာဖြင့် ပညာရှိသေနာပတိ တို့၏ထုံးစံအတိုင်း တစ်နယ်နှင့်တစ်နယ် ပညာရှင် များ တိုင်ပင်ကြလျက် ငြိမ်းချမ်းရေးအလုပ်တွေကို ပြုရပါမည်။ မင်းနှစ်ပါးလည်း ချစ်ကြည်လေးမြတ် စွာ နေထိုင်သင့်ကြောင်းကို ညွှန်ပြခဲ့ရာတွင် မိမိ တို့၏တိုင်းရင်းသား အချင်းချင်းတစ်ဦး၏ အကျိုး စီးပွားကို တစ်ဦးက ချစ်ကြည်လေးစားကြလျက် တိုက်ခိုက်မှုမရှိ နေထိုင်ကြပါလျှင် တည်ငြိမ်အေးချမ်း သော ငြိမ်းချမ်းရေးကို ရရှိနိုင်ပါသည်ဟု နား လည်ရပါမည်။
စကြိုသူမြတ်၏ ဩဝါဒစကား (ငြိမ်းချမ်းရေး တရား) ကို နာကြားရသော မွန်ဘုရင် ရာဇာဓိရာဇ် မင်းသည် မည်သို့မျှ ပြန်လည်တုံ့ပြန်ခြင်းမပြုဘဲ မိမိကိုယ်ကိုမိမိ ငြိမ်းချမ်းမှုကို မြတ်နိုးသော ဗုဒ္ဓဝါဒီ အယူရှိသူပီပီ သူတော်စင်ရဟန်းတော်၏ အဆုံးအမ ကို လက်ခံတော်မူလေသည်။ စင်စစ်တစ်ကမ္ဘာလုံး တွင် ရာဇာဓိရာဇ်ကဲ့သို့ ငြိမ်းချမ်းမှုကို မြတ်နိုးကြပါ လျှင် တလောကလုံး စစ်မီးလျှံသည် တောက်လောင် စရာအကြောင်း ရှိမည် မထင်ပေ။
စကြိုသူမြတ်၏ ငြိမ်းချမ်းရေးတရား ဩဝါဒ မေတ္တာစာသည် လွန်စွာမှတ်သားထိုက်သလို ငြိမ်းချမ်းရေးလုပ်ဆောင်သူများအတွက်လည်း လိုက်နာရ မည့် တရားမြတ်ပင်ဖြစ်သည်။ သူ့လူမျိုး၊ ကိုယ့်လူ မျိုး၊ သူ့နိုင်ငံနယ်မြေဒေသ၊ ကိုယ့်နိုင်ငံနယ်မြေဒေသ တွေကို တစ်ဖက်နှင့်တစ်ဖက် မိမိတို့၏စစ်အင်အား ကြီးများမှု၊ တိုးချဲ့မှုများကိုပြသပြီး တိုက်ခိုက် စိုးမိုး ခြင်းတို့သည် ငြိမ်းချမ်းမှု(ငြိမ်းချမ်းရေး)ကို မရရှိစေ နိုင်သည့်အပြင် အကုသိုလ်တရားကိုသာ အားပေးရာ ရောက်ကြောင်း၊ စစ်ပွဲများ တိုးပွားစေကြောင်း၊ ဘာ သာရေးနှင့်ဆိုင်သော ဘုရားပုထိုးစေတီကို ဖူးမြော် ရန်တစ်ပါးသည်သာလျှင် အမြတ်ဆုံးဖြစ်ကြောင်း ငြိမ်းချမ်းမှု၏ အဓိပ္ပာယ် အလင်းတန်းကြီးကို ထိုးပြ လိုက်သကဲ့သို့ ဉာဏ်ပညာရှိသူတိုင်း သိရှိလက်ခံနိုင် ပါလိမ့်မည်။
ထို့ကြောင့် ရှေးခေတ်က မြန်မာ့သားကောင်း ရဟန်းတော်တို့သည် နိုင်ငံတော်၌ ဖြစ်ပေါ်နေသော အမျိုးသားရေးကိစ္စရပ်များတွင် စွမ်းစွမ်းတမံ ပါဝင် ကြိုးပမ်းခဲ့သည့် သာဓကတစ်ခု အဖြစ်တွေ့ရသည်။ ရဟန်းတော်များသည် ဘုရားရှင်ကဲ့သို့ (ရောဟိနီ မြစ်ရေလုပွဲ ဘုရားရှင်ြွကရောက်တရားဟော)ငြိမ်း ချမ်းရေး၌ ပါဝင်လျက် မြန်မာ့သမိုင်းတွင် ငြိမ်းချမ်း ရေးဗိမာန်ကို တည်ဆောက်ခဲ့ကြသည်။ အင်းဝခေတ် မြန်မာတို့ ကိုးကွယ်အားထားရသော စကြိုသူမြတ် ရဟန်းတော်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုသည် နောင် လာနောက်သားများအတွက် နည်းယူစရာအဖြစ် ငြိမ်းချမ်းရေးကို မီးထွန်းညှိပေးထားခဲ့လေသည်။
စရှူခလိန် (ထီးတာကလုန်)
မှီငြမ်း။
မြန်မာစာဆိုတော်များ။(ရွှေဥဩ)
စကြိုသူမြတ်ရဟန်းတော်(ကျော်ဝင်းတင့်)၏ဆောင်းပါး။ (အတွေးအမြင်။၂၀ဝ၇၊အမှတ်-၁၈၇။)