Home ဆောင်းပါး ‌ဖော့‌ကော်‌ကေ (ပန်းခ‌ရေ) ဒိုင်ယာရီ

‌ဖော့‌ကော်‌ကေ (ပန်းခ‌ရေ) ဒိုင်ယာရီ

2774

‌စောထွန်းလင်း

(‌မေလ ၆၊ ၂၀၂၀)

ပန်းမျိုးစုံတွင် ‌ဖော့‌ကော်‌ကေသည် အ‌ရောင်၊ အဆင်း အရ မာယာမရှိ။ သို့‌သော်လည်း ပန်းချစ်သူများကို သူ့ ရနံသင်းသင်းက လွှမ်းမိုးနိုင်သည်။ ဖူး၊ ပွင့်၊ ‌မြေခ ချိန်တွင်ပင် တယုတယ ‌ကောက်ယူကာ သီကုန်းပြီး (မူးဏင်‌ဖောဟ်) ပျို‌မေတို့ ဆင်မြန်ကြစမြဲ။ “‌ဖော့‌ကော်‌ကေ (ပန်းခ‌ရေ) ဟာ လန်းလန်း၊ နွမ်းနွမ်း‌မွှေးသည်”။

လွန်ခဲ့‌သော ၁ဝ နှစ်ခန့်က ကရင်ရသစာ‌ပေ ဖွံ့ဖြိုး‌ရေးအတွက် သင်တန်းတစ်ခုကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသရှိ၊ တမို့‌ဝေါင်း‌ကျေးရွာ ဘုန်းကြီး‌ကျောင်း၌ ဖွင့်လှစ်ခဲ့သည်။ ထိုုစဉ်က သင်တန်း‌နေရာကို ဘုန်းကြီး ‌ကျောင်း‌ရှေ့ရှိ ခ‌ရေပင်ကြီး‌အောက်တွင် ခုံများချထိုင်ကာ သင်ကြားခဲ့ခြင်း ဖြစ်သည်။

သင်တန်းပြီး‌နောက် သင်တန်းသူသင်တန်းသားများ၏ ရသစာ‌ပေလက်ရာများကို စုစည်းကာ မဂ္ဂဇင်း ထုတ်ရန် သင်တန်းတာဝန်ခံတို့က စီစဉ်ကြသည်။ သို့‌သော် စာအုပ်နာမည်‌ပေးရန် ဝိုင်းစဉ်းစားသည့်အခါ နာမည်‌ရွေးရခက် ‌နေပြန်သည်။ ထိုစဉ်က အဖြစ်အပျက်များကို သင်တန်းဆရာ တစ်ဦးဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က ယခုလို ‌ပြောပြသည်။

“သင်တန်းသား‌တွေရဲ့ ဖန်တီးတဲ့ စာ‌ပေအနုပညာက အဲ့ခ‌ရေပင်ကိုပဲ ‌တော်‌တော်များများ၊ ဦးတည်ပြီး ဖန်တီး ထားတယ်။ ခ‌ရေပင်ရယ်၊ ခ‌ရေ‌စေ့ရယ်၊ ခ‌ရေပွင့်ရယ်၊ ခ‌ရေရဲ့ အလှအပ၊ ခ‌ရေရဲ့အနံ့အသက်ကိုပဲ ‌ရေးဖွဲ့ ထား တာ ဖြစ်တဲ့အတွက် စာအုပ်ပြုစုတဲ့ အခါကျ‌တော့ နာမည်‌ပေးဖို့ ဝိုင်းစဉ်းစားတဲ့ အခါမရဘူး။ ‌နောက်ဆုံးမှာ ဘာပဲ ဖြစ်ဖြစ် ဒီစာအုပ်ထဲက စာသား‌တွေအရဆိုရင် ‌ဖော့‌ကော်‌ကေ (ပန်းခ‌ရေ)လို့ပဲ နာမည်‌ပေးလိုက်ရ‌အောင် ဆို‌တော့ အားလုံးက သ‌ဘောတူတယ်။ စာအုပ်နာမည်က ‌ဖော့‌ကော်‌ကေလို့ ဖြစ်တည်လာတာ‌ပေါ့” ဟု‌ပြော သည်။

ဒီလိုနှင့် ကရင်ပြည်နယ်အတွင်း အစိုးရမဟုတ်သည့် တစ်ခုတည်း‌သော နှစ်စဉ်ပုံမှန်ထွက်ရှိနိုင်သည့် ရသာစာ‌ပေ အသား‌ပေး ‌ဖော့‌ကော်‌ကေ မဂ္ဂဇင်းထုတ်‌ဝေနိုင်ခဲ့သည်မှာ ၁ဝ အုပ်ပြည့်‌မြောက်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ‌ဖော့‌ကော်‌ကေ စာ‌ပေအင်အားစုကလည်း တဖြည်းဖြည်းနှင့် ခိုင်မာဖြစ်တည် လာခဲ့သည်။

ထို့‌နောက် ‌ဒေသတွင်း၌ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုလုပ်ငန်းများ လုပ်‌ဆောင်သည့် ဆုံမှတ်အဖြစ် ရုံးဖွင့်ရန် ‌ဒေသခံ ‌ကျောင်းဒကာ များနှင့် ‌ဖော့‌ကော်‌ကေမဂ္ဂဇင်း အယ်ဒီတာတို့ တိုင်ပင်စကား‌ပြောဖြစ်သည်။ ရုံး‌နေရာကို လည်း ‌ဖော့‌ကော်‌ကေ မဂ္ဂဇင်းဖြစ်တည်ရာ ဒိုင်လွတ်နှင့် တမို့‌ဝေါင်း‌ကျေးရွာ အကြားရှိ ဘုန်းကြီး‌ကျောင်း‌ဘေး လယ်ကွက်‌မြေ‌နေရာကို ‌ရွေးချယ်ခဲ့ကြသည်။

လယ်ပိုင်ရှင်ကလည်း မည်သည့် အကျိုးမှ ရယူလိုခြင်းမရှိဘဲ ‌စေတနာ သန့်သန့်ဖြင့် လှူဒါန်းလိုသည်ဟု ဆို သည့် အတွက် ရုံး‌မြေ‌နေရာရအတွက် အသင့် ဖြစ်သွားသည်။ ‌ဒေသတွင်း စာ‌ပေယဉ်‌ကျေးမှု နာယက ဆရာ‌တော်ကြီးက လိုလိုလားလား ခွင့်ပြု‌ပေးခဲ့သည်။ ဤသို့ဖြင့် ‌ဖော့‌ကော်‌ကေ ကရင်ယဉ်‌ကျေးမှု ဌာနကို ၂၀၁၆ ဇူလိုင် ၁၁ ရက်‌နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

“နာယကဆရာ‌တော်ကြီး‌တွေကို ‌လျှောက်တင်‌တော့ မြို့နယ်စာ‌ပေယဉ်‌ကျေးမှုရုံးလည်း ဖြစ်သလို ‌ဖော့‌ကော် ‌ကေ စာအုပ် အ‌ခြေစိုက်ရာ ရုံးလည်း ဖြစ်‌အောင် ‌နောက်‌နောင် စာ‌ပေယဉ်‌ကျေးမှု ပြုစုရာ၊ ဆုံမှတ်တခု ဖြစ်လာ ‌အောင် ဆိုပြီး‌တော့ ရုံးနာမည်‌လေးကို စာ‌ပေယဉ်‌ကျေးမှု အသင်းအဖွဲ့ရဲ့ လက်‌အောက်ခံ ‌ဖော့‌ကော်‌ကေ ကရင် ယဉ်‌ကျေးမှုဌာန ရုံးဆိုပြီး‌တော့ နာမည်‌ပေးကြတာ‌ပေါ့” ဟု ဌာနတာဝန်ခံ စာ‌ရေးဆရာ ‌စော‌ယောင့်သာ အဲဆန်က ဆိုသည်။

‌ဖော့‌ကော်‌ကေ ကရင်ယဉ်‌ကျေးမှု ဌာနသည် လက်ရှိ အချိန်တွင် ပိုးဖလုံစာ‌ပေ၊ ရသစာ‌ပေများကို ထုတ်‌ဝေလာ နိုင်ခဲ့သည်ကို ‌တွေ့ရသည်။ ယခု နှစ်ဆန်းပိုင်းတွင်ပင် ဆရာ‌စောမြင့်သူ (ဖားအံ) ‌ရေးသားသည့် ကရင့်ရိုးရာ ဒုံး အကနှင့် သိမှတ်ဖွယ်ရာများ စာအုပ်ကို မူပိုင်ထုတ်‌ဝေခဲ့သည်။ ကရင်တို့ထဲတွင် ထွက်ရှိသည့် စာ‌စောင်၊ မဂ္ဂဇင်း၊ သမိုင်း အ‌ထွေ‌ထွေ‌သောစာအုပ်များကို ‌ဒေသတွင်း၌ ဖြန့်ချိရာ ဌာနအဖြစ်လည်း လုပ်‌ဆောင်ခဲ့ ‌သေးသည်။

ထို့အပြင် ပိုးဖလုံ ‌ဝေါဟာရ စာအုပ်၊ ကရင်မူရင်း ထားအလကင်္ာ ကဗျာ၊ ပိုးဖလုုံ ဗုဒ္ဓဝင်ရုပ်ပြစာအုပ်များကို ထုတ် ‌ဝေနိုင်ခဲ့သလို ‌ဖော့‌ကော်‌ကေ စာ‌ပေအင်းအားစုက ပိုးဖလုံ ဖတ်စာအုပ်များကို အလယ်တန်းအဆင့်ထိ ပြုစု နိုင်ခဲ့ပြီးဖြစ်သည်။ ကရင်ပြည်နယ်အတွင်း အခြား‌သော နှစ်လည်မဂ္ဂဇင်းများကို မူပိုင်မဟုတ်‌သော်လည်း ‌ဖော့‌ကော်‌ကေ စာ‌ပေအင်အားစုက တာဝန်ယူ ပြုစု‌ပေးခဲ့ခြင်းများလည်း ရှိသည်ဟု ရုံးတာဝန်ခံက ‌ပြောပြသည်။

‌ဖော့‌ကော်‌ကေ ကရင်ယဉ်‌ကျေးမှုဌာနက ကရင်စာစီစာကုုံး စာအုပ်၊ ကရင်ဘာသာ ဝတ္ထုတို ‌ပေါင်းချုပ် စာ အုပ်ကို ဆက်ထုတ်‌ဝေရန် စီစဉ်‌နေပြန်သည်။ ကရင်ဖတ်စာ ၉ တန်းနှင့် ၁ဝ တန်းကို ဆက်ပြုစု ရန်ရှိ‌သော်လည်း လက်ရှိ ကိုရိုနာဗိုင်းရက်စ်ဂယက်‌ကြောင့် လုပ်ငန်းများ ရပ်နားရသည့် အ‌ခြေအ‌နေနှင့် ရင်ဆိုင်‌နေရသည်။

‌ဖော့‌ကော်‌ကေ ကရင်ယဉ်‌ကျေးမှု ဌာနရုံး‌နေရာကို ယခင်က ဝါးတဲအ‌နေဖြင့် အစပြုခဲ့‌သော်လည်း လက်ရှိ အချိန်တွင် အုတ်ခံအ‌ဆောက်အဦးအဖြစ် ‌ဆောက်လုပ်‌နေပြီး ဖြစ်သည်။ ရုံးရံပုံ‌ငွေအတွက် ‌နွေရာသီ စာ‌ပေ ‌ဟော‌ပြောပွဲများမှ ရရှိသည့် ရံပုံ‌ငွေဖြင့် လှည့်ပတ်သုံးစွဲရ‌သော်လည်း ယခုနှစ်တွင် ကိုရိုနာဗိုင်းရက်စ် ဂယက် ‌ကြောင့် စာ‌ပေ‌ဟော‌ပြောပွဲများ မကျင်းပနိုင်သလို ရံပုံ‌ငွေ‌လျော့နည်း‌နေပြီး ဖြစ်သည်ဟု ရုံးတာဝန်ခံက ဖွင့်ဟ သည်။

မည်သို့ ဆို‌စေ‌ဖော့‌ကော်‌ကေ (ပန်းခ‌ရေ) ပင်‌အောက်တွင် အစပြုသည့် ရသစာ‌ပေသင်တန်း‌လေးမှ လွတ်လပ် သည့် ‌ဖော့‌ကော်‌ကေ ရသမဂ္ဂဇင်း၊ တဖန် ‌ဖော့‌ကော်‌ကေ ကရင်ယဉ်‌ကျေးမှုဌာန အဖြစ် ခိုင်မာ ရှင်သန်လာခဲ့ရာ ကရင်စာ‌ပေသမိုင်းတွင် ‌ဖော့‌ကော်‌ကေ (ပန်းခ‌ရေ) ဒိုင်ယာရီသည် တ‌ထောင့်တစ်‌နေရာတွင် မှတ်တမ်းအဖြစ် ထင်ကျန်ရစ်မည်သာဖြစ်သည်။ “‌ဖော့‌ကော်‌ကေ (ပန်းခ‌ရေ) ဟာ လန်းလန်း၊ နွမ်းနွမ်း ‌မွှေးရနံ သင်း‌နေဆဲသာ”။

‌စောထွန်းလင်း