Home သတင်း ‌ကျောင်းအပ်ချိန်တွင် အမည်‌ရှေ့တွင် ကရင်နာမည်ထည့်ရန် ဧရာဝတီတိုင်းစာယဉ် တိုက်တွန်း

‌ကျောင်းအပ်ချိန်တွင် အမည်‌ရှေ့တွင် ကရင်နာမည်ထည့်ရန် ဧရာဝတီတိုင်းစာယဉ် တိုက်တွန်း

17382

‌မေ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး အတွင်းရှိ ကရင်လူမျိုးများ အ‌နေဖြင့် မိမိတို့၏ က‌လေးများကို ‌ကျောင်းအပ်ချိန်တွင် က‌လေးများ၏ နာမည်အစ၌ ကရင်အမည်များဖြစ်သည့် (‌စော၊ စ၊ နန့်၊ ‌နော်) များထည့်သွင်းရန် ဧရာဝတီတိုင်း ‌ဒေသကြီး ကရင်စာနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ‌မေ ၁၈ ရက်‌နေ့တွင် မြို့နယ်စာယဉ်အသီးသီးသို့ စာထုတ် တိုက်တွန်းလိုက်သည်။

‌ကျောင်းအပ်ချိန်တွင် တိုင်းရင်းသားလူမျိုးနှင့် ကာယကံရှင်ကိုယ်တိုင် ထည့်သွင်းလိုသည့် အမည်ကို ထည့်သွင်းလက်ခံရန် တိုင်း‌ဒေသကြီး ပညာ‌ရေးမှူးက မြို့နယ် ပညာ‌ရေးမှူးများထံ အ‌ကြောင်းကြားထားပြီးဖြစ်သည့်အတွက် ယခုလို တိုက်တွန်းရခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်း စာ/ယဉ် ဥက္ကဋ္ဌ မန်းအိုင်ခလိန်က ‌ကေအိုင်စီသို့ ယ‌နေ့(‌မေ ၂ဝ ရက်)တွင် ‌ပြောသည်။

“စ‌ကောကရင်ဆို ‌စောတို့ ‌နော်တို့၊ ပိုးကရင်ဆို စတို့ နန့်တို ့ထည့်ပြီး ‌ကျောင်းအပ်ဖို့ တိုက်တွန်းလိုတယ်။ ဒါ ကိုယ့်ရဲ့ အမျိုးသား‌ရေး လက္ခဏာပဲ။ အရင်က အခုလို အထက်က ညွှန်ကြားတာမရှိဘူး။ ကိုယ့်ဘာသာကိုယ် တွန်းရတာ။ အခုက အထက်က လမ်းဖွင့်‌ပေးပြီး အခွင့်အ‌ရေးတစ်ခုပဲ။ ကရင်မိဘ‌တွေ လိုက်လုပ်ဖို ့တိုက်တွန်း လိုတယ်” ဟု မန်းအိုင်ခလိန်က ‌ပြောသည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်‌ကြောင့် လာမည့် ဇွန်လ ပုံမှန် ‌ကျောင်းဖွင့်ချိန်တွင် ‌ကျောင်းများဖွင့်ရန် အစီအစဉ် မရှိ‌သေးဘဲ ဇူလိုင်လတွင် မူလတန်းအဆင့် စဖွင့်ရန် အစိုးရက စီစဉ်‌နေသည်ဟု နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ် ‌အောင်ဆန်းစု ကြည်က ‌မေ ၁၉ ရက်‌နေ့က ပညာ‌ရေးဌာန တာဝန်ရှိသူများနှင့်‌ဆွေး‌နွေးပွဲတွင် ‌ပြောကြားထားသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း လူဦး‌ရေ ၆ သန်း‌ကျော်ရှိသည့် အနက် ကရင်လူဦး‌ရေ ၂ သန်း‌ကျော်ခန့် ရှိပြီး အချို့မှာ ကရင်လူမျိုးဖြစ်‌သော်လည်း မှတ်ပုံတင်တွင် ကရင်နာမည်မပါရှိခြင်းများလည်း ရှိ‌ကြောင်းသိရသည်။