Home သတင်း အပစ်အခတ်ရပ်စဲ‌ရေးကို အခွင့်‌ကောင်းယူပြီး တပ်မ‌တော်မှ အင်အားတိုးချဲ့‌ကြောင်း KNU ‌ပြော၊ ယုံကြည်မှု တည်‌ဆောက်‌ရေးကို ထိခိုက်‌စေဟုဆို

အပစ်အခတ်ရပ်စဲ‌ရေးကို အခွင့်‌ကောင်းယူပြီး တပ်မ‌တော်မှ အင်အားတိုးချဲ့‌ကြောင်း KNU ‌ပြော၊ ယုံကြည်မှု တည်‌ဆောက်‌ရေးကို ထိခိုက်‌စေဟုဆို

14152

‌မေလ ၁၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

မြန်မာ့တပ်မ‌တော်အ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေးကို အခွင့်‌ကောင်းယူပြီး ၎င်းတို့နယ်‌မြေအတွင်း တပ်အင်အားတိုးချဲ့ မှုများပြုလုပ်လာ‌ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံးက ယ‌နေ့ ‌မေလ (၁၅)ရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန် ကာ ‌ပြောဆိုလိုက်သည်။

KNU ၏ မူ‌တြော်(ဖာပွန်)ခရိုင် (တပ်မဟာ-၅)နှင့် ‌တောင်ငူခရိုင် (တပ်မဟာ-၂)၊ ဖားအံခရိုင် (တပ်မဟာ-၇) နယ်‌မြေ‌ဒေသ များတွင် တပ်မ‌တော်မှ ယခင်နှစ်များထက် အင်အား နှစ်ဆဖြည့်တင်းခြင်းနှင့် တပ်စခန်းသစ်တိုး ချဲ့ခြင်းများ ပြုလုပ်လာ‌နေ ‌သော‌ကြောင့် အပစ်အခတ်ရပ်စဲ‌ရေး ခိုင်မာ‌ရေးအတွက် ယုံကြည်မှုတည်‌ဆောက်‌ရေးကို ထိခိုက်‌စေ‌ကြောင်း အပစ်ရပ် သ‌ဘောတူညီချက် အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ လတ်တ‌လောစိန်‌ခေါ်ချက်နှင့် ပတ်သက်၍ ထုတ်ပြန်သည့် KNU ၏ ထုတ်ပြန်ချက်၌ ထိုသို့‌ဖော်ပြထားခြင်းဖြစ်သည်။

KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက “‌အောက်‌ခြေမှာဖြစ်တဲ့ ကိစ္စရပ်‌တွေမှာ တပ်မ‌တော် စစ်‌ကြောင်း ‌တွေရဲ့ပုံစံ‌တွေက ပိုပြီး‌တော့ ရန်လိုတဲ့ ပုံစံ‌တွေ ပိုပြလာတဲ့အခါကျ‌တော့ အ‌နေအထား‌တွေက ပြည်သူလူထု‌တွေအတွက် ပိုပြီး‌တော့ စိတ်မချစရာ‌တွေဖြစ်လာတာ‌ပေါ့။ သူတို့က(စစ်တပ်) မသိမသာနဲ့ တိုးလာတာ။ စခန်း‌တွေကို ထပ်ပြီး‌တော့ ‌ကောင်း‌အောင်လုပ်လာတယ်။ အင်အား‌တွေကို ရှိတာထက် ပိုပြီးတိုးချဲ့ လာတယ်ဆိုတဲ့ဟာ‌တွေက ပုံမှန်လုပ်လာ‌တော့ အခုသုံးသပ်တဲ့ အ‌ခြေအ‌နေထိက‌တော့ နှစ်ဆအထိဖြစ်လာတယ်လို့ ‌ပြောလို့ရတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ တပ်မ‌တော်၏ တပ်အင်အားများတိုးချဲ့မှုနှင့်ပတ်သက်၍လည်း တပ်မ‌တော်အ‌နေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)ပါ အခန်း(၃) အပိုဒ်(၅) ပါအချက်များကို လိုက်နာ‌ဆောင်ရွက်ရန် လိုအပ်‌ကြောင်းလည်း KNUက တိုက်တွန်းထားသည်။

NCA စာချုပ်ပါ အခန်း(၃) အပိုဒ် (၅)တွင် တပ်အင်အားတိုးချဲ့မှု ၊ နယ်‌မြေစိုးမိုးမှု၊ စစ်‌ရေးလှုပ်ရှားမှုနှင့် တပ်စခန်းသစ် တည်‌ဆောက်မှု များမပြုလုပ်ရန် အပါအဝင် နှစ်ဖက်ဖြစ်ပွားသည့် ပဋိပက္ခများအ‌ပေါ် အင်အားသုံး ‌ဖြေရှင်းခြင်းမပြုရဟူ၍ စသည်ဖြင့် အပိုဒ်ခွဲ (က) မှ (ဋ)အထိ ‌ဖော်ပြပါရှိသည်။

လက်ရှိတွင် ကမ္ဘာ့ကပ်‌ရောဂါကျ‌ရောက်မှု‌ကြောင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ယာယီရပ်တန့်မှုဖြစ်‌ပေါ်‌နေ‌သော်လည်း တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအ‌နေဖြင့်‌သော်လည်း‌ကောင်း၊ KNU အ‌နေဖြင့်‌သော်လည်း‌ကောင်း အစိုးရနှင့် အွန် လိုင်း အစည်းအ‌ဝေးများဖြင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များအပြင် COVID-19 ကပ်‌ရောဂါဆိုင်ရာ ကိစ္စရပ်များကို ဆက် လက်၍ ချိတ်ဆက်ညှိနှိုင်းမှုများပြုလုပ်‌နေ‌ကြောင်း KNUက ဆိုသည်။

ထိုသို့ ညှိနှိုင်း‌ဆောင်ရွက်မှုများရှိ‌သော်လည်း ‌အောက်‌ခြေ‌မြေပြင်အ‌နေအထားအရ KNU၏ အုပ်ချုပ်‌ရေးနှင့် ‌ရောဂါကာ ကွယ်ထိန်းချုပ်း‌ရေး လုပ်ငန်းစဉ်များကို တပ်မ‌တော်စစ်‌ကြောင်းအချို့မှရန်လို‌သော သ‌ဘော‌ဆောင်သည့် လှုပ်ရှားမှုများ ပိုမိုလုပ်ကိုင်လာသလို KNU ထိန်းချုပ်နယ်‌မြေအတွင်းရှိ ‌ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ၊ ‌တောမီးရှို့ မှုများ‌ကြောင့် ‌ဒေသခံ‌တောင်ယာများ ပျက်စီးခြင်းအပြင် ‌ဒေသခံပြည်သူများ ထွက်‌ပြေးတိမ်း‌ရှောင်ရမှုများရှိ‌နေပြီး ငြိမ်းချမ်း ‌ရေး လုပ်ငန်းစဉ်အ‌ပေါ် ပြည်သူများ၏ ယုံကြည်မှုကို ‌လျော့နည်း‌စေ‌ကြောင်း KNUက ‌ထောက်ပြသည်။

အဆိုပါ NCA အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ ဖြစ်‌ပေါ်‌နေသည့် လတ်တ‌လော စိန်‌ခေါ်ချက်များကို JMC အစည်းအ‌ဝေးကို ပြန်လည်‌ခေါ်ယူ ကျင်းပခြင်း သို့မဟုတ် တပ်‌နေရာချထား‌ရေးကို ပြီးပြတ်‌အောင် လုပ်‌ဆောင်ရန် လိုအပ်‌ကြောင်း တိုင်းရင်း သားအ‌ရေး ‌လေ့လာသူ ဦး‌မောင်‌မောင်စိုးက သုံးသပ်သည်။

၎င်းက “ကျ‌နော်တို့ ‌တွေ့ရတာက KNU ‌ရော၊ RCSS ‌ရော တပ်‌နေရာချထား‌ရေးနဲ့ပတ်သက်ပြီး ယ‌နေ့ အချိန်ထိ မပြီး ပြတ်‌သေးတာ။ မပြီးပြတ်တဲ့အခါမှာ တပ်ကလည်း ဒါကသူတို့ထိန်းချုပ်နယ်‌မြေ၊ နယ်‌မြေ စိုးမိုး‌ရေး လုပ်တယ်လို့ ‌ပြော တယ်။ KNU နဲ့ RCSS ကလည်း ဒီနယ်‌မြေသည် သူတို့ ထိန်းချုပ်နယ် ‌မြေဖြစ်တယ်ဆိုပြီး လက်ခံတာ‌ပေါ့။ အဲ့‌နောက် ကွယ်မှာပဲ စစ်‌ရေးပဋိပက္ခဖြစ်တယ်။ ဒါ‌တွေကိုပြီးပြတ်‌အောင် မ‌ဆွေး‌နွေးနိုင်ဘဲနဲ့ နယ်‌မြေ တိုးချဲ့‌နေမယ်ဆိုလို့ရှိရင် ဒီပြဿနာ‌သေး‌သေး‌လေး‌တွေက အကြီးကြီးပြန်ဖြစ်သွားနိုင်တယ်။ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ပြန်ထိခိုက်သွားနိုင်တာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်မ‌တော်က ‌မေလ ၁ဝ ရက်မှစ၍ ဩဂုတ်လ ၃၁ရက်‌နေ့အထိ ထာဝရ ငြိမ်းချမ်း‌ရေးနှင့် COVID-19 ‌ရောဂါ ကာကွယ် ထိန်းချုပ်‌ရေးလုပ်ငန်းစဉ်များ ပိုမိုကျယ်ပြန့်စွာ လုပ်‌ဆောင်နိုင်ရန်ဟုဆိုကာ အကြမ်းဖက်အုပ်စုဟု သတ်မှတ်‌ကြေညာ ထားခြင်းခံထားရသည့် အဖွဲ့အစည်း‌နေရာများမှအပ အပစ်အခတ်ရပ်စဲထား‌ကြောင်း ‌မေလ ၉ ရက်‌နေ့က သတင်းထုတ်ပြန် ‌ကြေညာထားသည်။

တပ်မ‌တော်၏ ၃ လ‌ကျော်ကာလ အပစ်အခတ်ရပ်စဲမှု ‌ကြေညာချက်တွင် ကြိုတင်ကန့်သတ်ချက်များထားရှိခြင်းသည် အမျိုးသားရင်ကြား‌စေ့‌ရေးကို ဦးတည်နိုင်ခြင်း မရှိ‌ကြောင်းလည်း KNU ဘက်က ‌ပြောသည်။

“ထုတ်ပြန်ချက်ထဲမှာ အဓိက ၂ ချက်ပါတာ‌ပေါ့။ အပစ် ၃ လရပ်မယ်။ ဒါ‌ပေမဲ့ AA (ရက္ခိုင့်တပ်‌တော်)နဲ့ ပတ်သက်တဲ့ ‌နေရာ ‌တွေ မပါဘူးဆိုတဲ့ တစ်ချက်နဲ့ တပ်မ‌တော်ရဲ့ မူ (၆)ချက်ကို ‌ပြောသွားတဲ့အချက်တစ်ချက် ပါတာ‌ပေါ့။ တပ်မ‌တော်ရဲ့ သတင်းထုတ်ပြန်ချက်က အကန့်အသတ်‌တွေနဲ့ ပြုလုပ်တဲ့ Conditional ceasefire ဖြစ်တဲ့အတွက်‌ကြောင့် ဒီ Conditional ceasefire ကို ထား‌နေသမျှ ကာလပတ်လုံး ကျ‌နော်တို့ အမျိုးသားရင်ကြား‌စေ့‌ရေးကို ဦးတည်ဖို့က‌တော့ ခက်ခဲမယ် ဆိုတာကို ‌ထောက်ပြချင်တယ်။ ‌နောက်တစ်ချက်က ‌နေရာတိုင်းမှာ တပ်မ‌တော်ရဲ့ မူလို့ ကိုင်ပြီး‌ပြောတဲ့‌နေရာမှာ NCA အ‌ခြေခံမူနဲ့ ကိုက်ညီဖို့လိုတယ်” ဟု ပဒို‌စောတာဒိုမူးက ‌ပြောသည်။

တပ်မ‌တော်က ၃လ‌ကျော်ကြာ အပစ်ရပ်ထားသည်ဟု ထုတ်ပြန်‌ကြေညာထား‌သော်လည်း KNU မူ‌တြော် (တပ်မဟာ ၅) ခရိုင်၏ နယ်‌မြေ‌ဒေသအချို့တွင် တပ်မ‌တော် နှင့် KNU တပ်မဟာ ၅ လက်‌အောက်ခံတပ်များအကြား ‌နေ့စဉ်လိုလို ထိ‌တွေ့ ပစ်ခတ်မှုများ ဖြစ်ပွား‌နေ‌သေး‌ကြောင်း KNU တပ်မဟာ ၅ ‌ပြောခွင့်ရ ဗိုလ်မှူး ‌စောကလယ်ဒို့ ယခုလို ‌ပြောသည်။

“တပ်မ‌တော်က အပစ်ရပ် ‌ကြေညာထား‌ပေမဲ့ သူတို့ရဲ့ လှုပ်ရှားမှု ရှိ‌နေ‌သေး‌တော့ ထိ‌တွေ့မှု အကြီးကြီး မဟုတ်‌ပေမဲ့ နည်း နည်းဖြစ်‌နေတုန်းပဲ။ ၁ဝ ကြိမ်‌လောက် ‌တော့ရှိမယ်။ မ‌နေ့က သုံး‌နေရာ‌လောက် (ပစ်ခတ်မှု) ဖြစ်‌သေးတယ်။ ဒီဒွယ်လို မြို့နယ်ထဲက ‌လေဖိုးထ၊ ကတိုင်တိ နဲ့ မာ‌ထော အဲ့ဒီ ‌ကျေးရွာအုပ်စု‌ဒေသ‌တွေမှာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့်လများက သထုံခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် COVID-19 ကာကွယ်‌ရေး လုပ်ငန်းစဉ်အ‌ပေါ် နှစ်ဖက်နားလည်မှု လွဲမှားသည့် ကိစ္စနှင့် မူ‌တြော်(ဖာပွန်)ခရိုင်အတွင်းဖြစ်ပွားခဲ့သည့် တပ်မ‌တော်၏ အင်အားသုံး ‌ဆောင်ရွက်မှု‌ကြောင့် နှစ်ဖက် ထိ‌တွေ့မှုများဖြစ်ပွားခဲ့ခြင်းကိစ္စကို ဆက်လက် ညှိနှိုင်းလုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း KNU ၏ ယ‌နေ့ ထုတ်ပြန် ချက်၌ ‌ပြောဆိုထားသည်။