လွတ်လပ်ရေးရပြီး ကရင်စာပေခရီးကြမ်း
S. မင်းခိုက်သူ
၁၉၄၈ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံ လွတ်လပ်ရေးရသည်။ မြန်မာနိုင်ငံ လွတ်လပ် ရေးရသော်လည်း ကရင်အမျိုးသားတို့ မျှော်မှန်းသော ကရင်ပြည်နယ် ပေါ်ပေါက်လာခြင်း မရှိသေးသဖြင့် ကရင်ခေါင်းဆောင်များနှင့် ကရင်အမျိုးသားအစည်း အရုံး (KNU) တို့သည် ဖဆပလအစိုးရနှင့် ဆက်လက် ဆွေးနွေးနေလျက်ရှိသည်။
‘၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ပြည် ထောင်စုမြန်မာနိုင်ငံတော်အစိုးရ (ဖဆပလ)၏ ဆုံး ဖြတ်ချက်အရ ကရင်ရေးရာဝန်ကြီးဌာနကို စတင်ဖွဲ့ စည်း တည်ထောင်ပေးခဲ့သည်။ ပထမဆုံးသော ကရင်ရေးရာဝန်ကြီးမှာ ပဒိုစောစံဖိုးသင် ဖြစ်သည်။ ကရင်ရေးရာဝန်ကြီးလက်အောက်တွင် ကရင်ရေးရာ နှင့် ကရင်ပညာရေးဌာနတို့ဖြင့် ဖွဲ့စည်းခဲ့သည်’။ ဖဆပလအစိုးရသည် ကရင်ခေါင်းဆောင်များနှင့် ကရင်ပြည်နယ်အရေးကို ဆက်လက်ဆွေးနွေးရာ တွင် ပြေလည်မှုမရသဖြင့် ရန်ကုန်မြို့တွင် ‘ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီ ၃၁ တွင် တိုက်ပွဲစတင်ဖြစ်ပွားသည်။ ကရင်ပြည် ပေါ်ပေါက်ရေးနှင့်အတူ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။
‘၁၉၅၁ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကရင် ပြည်နယ်ပေါ်ပေါက်လာခဲ့သည်’။ ပထမဦးဆုံး ကရင်ပြည်နယ်ဝန်ကြီးချုပ်မှာ ကရင်အမျိုးသမီး မစ္စစ်ဘမောင်ချိန်ဖြစ်သည် ‘၁၉၅၃/၅၄-ခုနှစ် ကရင်ပြည်နယ်ဝန်ကြီး’ ဟု တွေ့ရသည်။ ထိုအခါ ပညာရေးဌာနမှာ အပြောင်းအလဲ လုပ်လာသည်ကို တွေ့ရလေသည်။ ‘ပညာရေးဌာနကို ပြည်ထောင်စု အစိုးရ လက်အောက်သို့ ၁၉၅၂ ခုနှစ်၊ အောက် တိုဘာ ၁ ရက်နေ့တွင် ပြန်လည်လွှဲပြောင်းဖွဲ့စည်းပေး ခဲ့သည်’။ လွတ်လပ်ရေးရပြီး ကတည်းက ကရင်စာပေ ကို စာသင်ကျောင်းများ၌ သင်ကြားခွင့် ရှိ/မရှိ အတိ အကျ မသိရပေ။ သင်ကြားခွင့်ရပါလျှင်လည်း ဆယ်နှစ်ကျော်ဝန်းကျင်လောက်သာ ရှိလိမ့်မည်။
၁၉၅၈ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့် အစိုးရတက်လာပြီး အုပ်ချုပ်ရေးစနစ်ကို ပြောင်းလဲ လာခဲ့ပြန်သည်။ ယခင် သင်ကြားဖြေဆိုခွင့် ရရှိလာ ခဲ့သော စကောကရင်စာပေမှာ ရပ်ဆိုင်းသွားခဲ့သည်ဟု ဆိုပါသည်။ ပိုးကရင်စာပေ သင်ကြားလာခဲ့ခြင်း ရှိမရှိကိုတော့ အတိအကျ မသိရပေ။ ၁၉၆ဝ ပြည့်နှစ် တွင် ဗိုလ်ချုပ်နေဝင်းသည် ရွေးကောက်ပွဲပြုလုပ်ပေး ခဲ့သည်။ ဦးနု (သန့်ရှင်းဖဆပလ)အနိုင်ရသဖြင့် အစိုးရဖြစ်လာသည်။ သမ္မတမှာ မန်းဝင်းမောင် ဖြစ် လာသည်။ သို့သော် မကြာလိုက်ပေ။ နိုင်ငံရေး မတည်မငြိမ်ဖြစ်ကာ ဖက်ဒရယ်ကို အကြောင်းပြု၍ ‘၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တပ်မတော်က တိုင်းပြည်၏အာဏာ ကို သိမ်းခဲ့သည်’။ ဗိုလ်ချုပ်နေဝင်းဦးဆောင်သော တပ်မတော်အဖွဲ့ကို ]တော်လှန်ရေးကောင်စီ အစိုးရ အဖွဲ့}ဟု ခေါ်သည်။
ဤတွင်နိုင်ငံရေး မတည်ငြိမ်သဖြင့် ၁၉၅၈ ခုနှစ် မှ ၁၉၆၃ ခုနှစ်အထိ ခြောက်နှစ်အတွင်း စာသင် ကျောင်းများ၌ ကရင်စာပေသင်ကြားမှုသည် လုံးဝ ရပ်ဆိုင်းသွားခဲ့သည် ဟုဆိုပါသည်။ ထိုကာလတွင် ပြည်တွင်းစစ်သည်လည်း ဆက်လက်ဖြစ်ပွားလို့ နေ ခဲ့သည်။
‘၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အစိုး ရက လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာ၍ တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ မူးဆိုး ကော (rlpd: uDIupI) စောဟန်တာသာမွှေး ဦးဆောင်သော ကရင်တော်လှန်ရေးကောင်စီ (ကေ အာစီ)နှင့် ငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုး ခဲ့သည်။ ကရင်ပြည်နယ်ကို “ကော်သူးလေ” ဟု ပြောင်းလဲ ခေါ်ဆိုခဲ့သည်’။ (နောင် ကရင်ပြည်သူများ ၏ ဆန္ဒအရ ကရင်ပြည်နယ်ဟုပင် ပြန်လည် ခေါ်ဆို သည်။) ယင်းအချိန်တွင် ‘ကရင်ကျောင်းသုံး ဖတ်စာ အုပ်များ ညှိနှိုင်းပြုစုကြသည်။ ကရင်စာပေတစ်မျိုး တည်းဖြစ်ရေး ညှိနှိုင်းခဲ့ကြသည်။ သို့သော် အောင် မြင်မှု မရရှိဘဲ အချိန်ကြန့်ကြာမှုသာ ဖြစ်ခဲ့သည်’။ ဤတွင် ကရင်စာပေ ပြန်လည် ရှင်သန်လာဖို့ရန် ကျောင်းသုံးဖတ်စာအုပ်များကို ကြိုးပမ်းလာကြ သဖြင့် မျှော်လင့်ချက်ရောင်ခြည်သန်းလာသည်ဟု ဆိုရပါမည်။
တော်လှန်ရေးကောင်စီသည် တိုင်းပြည် အာဏာ သိမ်းထားချိန်တွင် ကရင်ပြည်နယ်ရှိ ကရင်သံဃာ တော်များနှင့် စာပေပညာရှင်များသည် ၎င်းတို့၏ နဂိုရှိနေသော ရှေးဟောင်းပိုးကရင်စာပေ (လိုက်ထူ့ လီ ပေစာ) ကို ဖော်ထုတ်ကြိုးပမ်းခွင့် ရလာကြသည်။ ‘၁၉၆၄ ခုနှစ်တွင် ကရင်ယဉ်ကျေးမှုပိုင်းမှ ပုဂ္ဂိုလ် များသည် ဘားအံမြို့၌ “ကရင်စာပေ ဖော်ထုတ်ရေး ကော်မတီ(ဘားအံ)” ကို ဖွဲ့စည်းတည်ထောင်၍ ရှေး ဟောင်း စာပေယဉ်ကျေးမှုများကို သုတေသန ပြုလုပ် ဖော်ထုတ်ခြင်း၊ ကျေးရွာများတွင် အစိုးရနှင့် ပူးပေါင်း၍ လူအား ငွေအား၊ ပစ္စည်းများဖြင့် ကူညီကာ စာသင်ကျောင်းများ တည်ထောင်ခြင်းများ ပြုလုပ်ခဲ့ကြသည်’။ ကရင်စာပေဖော်ထုတ်ရေး ကော် မတီသည် မိမိတို့ဒေသ ဖွံ့ဖြိုးရေး၏ အခွင့်အရေး တစ်ရပ်ပင်ဖြစ်၍ ကြိုးပမ်းအားထုတ်ကြလေသည်။
‘၁၉၆၄ ခုနှစ်တွင် ကရင်စာပေဖော်ထုတ်ရေး ကော်မတီက မူရင်း ရှို(ပိုး)ကရင်သင်ပုန်းကြီးကို ပြု ပြင်၍ ကရင်အမျိုးသားသင်ပုန်းကြီးအမည်ဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည်’။ ထို့ကြောင့် ပိုးကရင်(လိုက်ထူ့လီ) သင်ပုန်းကြီးတစ်စောင် ပေါ်ထွက်လာခဲ့သည်။ ဘားအံမြို့ပေါ်ရှိ အစိုးရတိုက်ဝါလေးလုံး၌ ကရင် သံဃာတော်များနှင့် စာပေပညာရှင်များသည် ကရင် စာပေ သင်ပြမည့် ဆရာ/မများအား ပိုးကရင်စာပေ သင်တန်းကို ပို့ချပေးသည်ဟု ဆိုပါသည်။ ထိုအခါ ရှေးကျသော ပိုးကရင်စာပေ(လိုက်ထူ့လီ)ကို ကရင် ပြည်နယ်တွင် ကျယ်ပြန့်စွာ ဖော်ထုတ်နိုင်ခဲ့ပြီး ပြန့်ပွားလို့လာခဲ့သည်။ ကရင်ပြည်သူများအတွင်း တန်ဖိုးရှိသော စာပေတစ်ရပ် အသုံးပြုလာနိုင်ခဲ့သည်။ မျက်မှောက်ခေတ်တွင် မွန်ပြည်နယ်၊ တနသင်္ာရီတိုင်း ဒေသကြီးအထိ ပြန့်နှံ့သွားပြီးဖြစ်သည်။
ကရင်စာပေသည် အဂင်္လိပ်ခေတ်တွင် အစိုးရ အသိအမှတ်ပြု စာသင်ကျောင်းများ၌ သင်ကြားခွင့် ရလာခဲ့သော (သာသနာပြုဆရာများ တီထွင်သည့် စကောနှင့် ပိုး) စာပေနှစ်မျိုးနှင့် ၁၉၆၄ ခုနှစ်တွင် ကရင်ပြည်နယ် ဘုန်းတော်ကြီးများနှင့် ကရင် စာပေ ပညာရှင်များ ဦးဆောင်ဖော်ထုတ်သော ပိုးကရင် စာပေဟူ၍ စာပေသုံးမျိုး ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရလေသည်။
စာပေ အမျိုးမျိုး ကွဲပြားမှုသည် ညီညွတ်မှုကို ပျက်ပြားစေပါသည်။ ထိုအခါ ကရင်စာပေပညာရှင် များသည် စာပေတစ်မျိုးတည်း ဖြစ်ရေးကို ဆွေး နွေးကြသည်။ သို့သော် ထိုကြိုးပမ်းမှုသည် အောင် မြင်မှု မရရှိခဲ့ကြပေ။ ထိုအခါ ]၁၉၆၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ၃၃ ဦး ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာအဖွဲ့ဝင် တစ်ဦးဖြစ်ခဲ့သူ ဆရာသာထိုက တင်ပြသော အကြံပြုချက်များ အနက် စဝှော်ကရင်စာပေ၊ အရှေ့ပိုးကရင်စာပေ၊ အနောက်ပိုးကရင်စာပေ ဟူ၍ စာပေ ၃ မျိုးကို အတည်ပြုပေးရန်နှင့် ကရင်အမျိုးသားတို့က မိမိတို့ ကြိုက်နှစ်သက်သော စာကိုသင်ကြားခွင့်ပြုရန် အကြံပြု တင်ပြပေးခဲ့သည်’ ကို တွေ့ရလေသည်။
မော်ကွန်းဝင်ဆရာသာထို၏ အကြံပြုတင်ပြချက် မှာ အောင်မြင်သည်ဟု ဆိုရပါမည်။ အကြောင်းမှာ စကောကရင်စာပေ၊ ပိုးကရင်စာပေ၊ ပိုးကရင်စာပေ (လိုက်ထူ့လီ) သုံးမျိုးကို တော်လှန်ရေးကောင်စီ အစိုးရက အတည်ပြုပေးခဲ့ခြင်းကြောင့်ပင် ဖြစ် သည်။ ဆရာသာထို၏ ကျေးဇူးကား လွန်စွာကြီးမား လှပေသည်။ ထို့နောက် ထိုကရင်စာပေသုံးမျိုးကို သက်ဆိုင်ရာ ကရင်ပညာရှင်များသို့ သင်ရိုးများကို ပြုစုစေခဲ့ပါသည်။ သင်ရိုးပြုစုစဉ် ၁၉၆၄ ခုနှစ်၊ ကရင်တော်လှန်ရေးကောင်စီ (KRC) နှင့် မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီအစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု သဘောတူညီချက် ထုတ်ပြန်ခဲ့ကြသည်ဟု ဆိုပါသည်။
ထို့ပြင် ‘၁၉၇၁ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ပညာရေးဌာနမှ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ် ပြင်ပ၌ ကရင်ကျောင်းသား ၉ဝ ရာခိုင်နှုန်းခန့်ရှိသော ကရင်ဒေသ ကျောင်းများတွင် သူငယ်တန်းအတွက် တစ်ပတ်လျှင် စာသင်ချိန် ၆ ချိန်၊ ပထမတန်းနှင့် ဒုတိယတန်းအတွက် တစ်ပတ်လျှင် စာသင်ချိန် ၅ ချိန်စီ ခွင့်ပြုကြောင်း တွေ့ရှိရပါသည်’။ ထိုသို့ အချိန်ဇယားနှင့်တကွ သတ်မှတ်ပြဋ္ဌာန်းထားမှု ရှိခဲ့ သော်လည်း ပညာရှင်များက ပြန်လည်လေ့လာ ကြည့်ရာတွင် ‘ကျောင်းသုံးဖတ်စာအုပ်များ ပြုစုနေဆဲ ကာလဖြစ်၍ ၁၉၆၂ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း ကရင်စာပေကို ကျောင်းများ၌ သင်ကြားခြင်း အစီ အစဉ် မရှိခဲ့ပါ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများလည်း မရှိသောကာလ ဖြစ်သည်’ဟု ဆိုထားပြန်ပါသည်။
ကရင်စာပေကို အစိုးရစာသင်ကျောင်းများ၌ သင်ကြားခြင်း အစီအစဉ် မရှိခဲ့ဟု ပညာရှင်များက တွေ့ရှိခဲ့ပါသည်။ သင်ရိုးများကို ပြုစုဆဲကာလနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိသေးသောကာလ (ရေးဆွဲ တုန်း)ပင်ဖြစ်သည်။ ထို့ကြောင့် ကရင်စာပေပြန်လည် ရှင်သန်လာမှုသည် ဟုတ်တော့မလိုလိုနှင့် အချိန်များ စွာ ကုန်ဆုံးသွားသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် သင်ရိုးစာအုပ်များ ထွက်ပေါ်လာသည်ကို တွေ့ရပါသည်။
‘ကရင်ကျောင်းသူ ကျောင်းသားများ သင်ကြား လျှက်ရှိသော သူငယ်တန်းဖတ်စာအုပ်မှာ မူးဆိုး ကော်ကဆာ စောဟန်တာသာမွှေး ပြုစုပေးသည့် စကောကရင်ဖတ်စာ၊ ကရင်ပြည်နယ်ဦးစီးအဖွဲ့က ပြုစုပေးသည့် အရှေ့ပိုးကရင်စာနှင့် ဆရာမန်းဘရင် ပြုစုသည့် အနောက်ပိုးကရင်စာတို့ဖြစ်သည်။ အဆို ပါ ဖတ်စာများကို ၁၉၇၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကျောင်းသုံးဖတ်စာ စိစစ်ရေးကော်မတီက စိစစ်အတည်ပြု ပုံနှိပ်ပေးခဲ့ သည့် စာအုပ်များဖြစ်ပြီး ၁၉၇၅ ခုနှစ်တွင် ထွက်ပေါ် လာခဲ့သည်’ဟု ဆိုပါသည်။
၁၉၆၃ ခုနှစ် မှ ၁၉၇၅ ခုနှစ်အထိ ၈ နှစ် အတွင်းတွင် ကရင်စာပေပြန်လည်ရှင်လာဖို့ရန် ကြိုးပမ်းနေကြတုန်းပင် ရှိသေး၍ အချိန်မှာ လွန်စွာ ကြာမြင့်ခဲ့သည်ကို တွေ့ရလေသည်။
ထို့ပြင် ပထမတန်း၊ ဒုတိယတန်း စကောကရင် ကျောင်းသုံး ဖတ်စာအုပ်များကိုလည်း အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည်ဟု ဆိုပါသည်။ သို့သော် ထုတ်ဝေမှု ရှိ/မရှိ မသိရပေ။ မြန်မာနိုင်ငံသည် ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက် လာသဖြင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာ နိုင်ငံတော်ဖြစ်လာသည်။ တော်လှန်ရေးကောင်စီ စစ်အစိုးရသည်လည်း တစ်စခန်းရပ်ခဲ့သည်။ သို့ သော် ဆိုရှယ်လစ်အစိုးရအဖြစ် အသွင်ပြောင်းခဲ့သည် ဟုလည်း ဆိုကြသည်။
‘၁၉၇၄ ခုနှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ တိုင်းရင်းသားစာပေကို လွတ်လပ်စွာ သင်ကြား ခွင့် ပြဋ္ဌာန်းပေးခဲ့သည်’။ ဥပဒေပြဋ္ဌာန်းမှု ရှိသော် လည်း သင်ရိုးဖတ်စာအုပ်များမှာ နောက်ကျစွာထွက်ရှိ လာသည်ကို တွေ့ရလေသည်။ ’၁၉၇၆ ခုနှစ်တွင် သူငယ်တန်းအတွက် ကရင်စာ ၃ မျိုးဖြင့် (စကော၊ ပိုးအရှေ့၊ ပိုးအနောက်ဖတ်စာအုပ်) ပုံနှိပ်ပေး ခဲ့သည်’။
မြန်မာ့ဆိုရှယ်လစ်ခေတ် ဦးနေဝင်းလက်ထက် တွင် အစောဆုံးတွေ့ရသော ‘အနောက်ပိုးကရင် သူ ငယ်တန်းဖတ်စာအုပ် ရိုက်နှိပ်ထားသည့်ခုနှစ်မှာ ၁၉၇၆ ခုနှစ်ဖြစ်ပြီး အရှေ့ပိုးကရင်စာအုပ်ကို ၁၉၇၅ ခုနှစ်ဟူ၍ အတွင်းများ၌ တွေ့ရပါသည်။ စာအုပ် မျက်နှာဖုံးများ၌ “ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန ကျောင်းသုံး စာအုပ်ကော်မတီ” ဟူ၍ တွေ့ရပါသည်’။
ဤသို့ဖြင့် အချိန်ကြာမြင့်စွာ ကုန်ဆုံးလာခဲ့သည်။ စာသင်ကျောင်းများ၌ ကရင်စာပေ ပြန်လည်သင်ကြား ရန်မှာ မျှော်လင့်ချက် ကုန်ဆုံးလာခဲ့လေသည်။ ပြန်လည်လေ့လာကြည့်ရာတွင် ကရင်စာပေသုံးမျိုး ဖြစ်သော သူငယ်တန်းဖတ်စာအုပ်တစ်မျိုးမှာ ပုံနှိပ် ပေါ်ထွက်လာခဲ့သည်။ ထို့နောက်ဆက်လက်ပြီး ‘ပထမတန်း၊ ဒုတိယတန်း ဖတ်စာအုပ်များကို ပါမောက္ခ ဒေါ်စီစီဝင်းက ဦးဆောင်ပြီး ကျောင်းသုံး ဖတ်စာကော်မတီက စိစစ်အတည်ပြုပေးခဲ့သည်’ဟု သိရသည်။ ပုံနှိပ်ထုတ်ဝေပေးမှု ရှိ/မရှိတော့ အတိ အကျ မသိရပေ။
၁၉၇၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ကရင်သူငယ်တန်း ဖတ်စာအုပ် ၃ မျိုးကိုဆိုလိုပါသည်။ သို့သော် ၁၉၇၄ ခုနှစ် နောက်ပိုင်းတွင် စာသင်ကျောင်းများ၌ ထို သူငယ်တန်း ဖတ်စာအုပ်သုံးမျိုးသည် သင်ယူနိုင်ခွင့် ရှိ/မရှိ သေချာစွာ မသိရချေ။ ငယ်စဉ်က နေလာ ခဲ့သော မူလတန်းစာသင်ကျောင်း၌ ကရင်သူငယ်တန်း ဖတ်စာအုပ်ကို သင်ယူခြင်း၊ သင်ပေးခြင်း၊ လုံးဝ မတွေ့ရှိခဲ့ပေ။ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံး၌ ကရင်စာပေနှင့်လုံးဝ အဆက်အသွယ် ပြတ်သွားခဲ့ လေသည်။ ကရင်စာပေ အမှောင်ထု ကျရောက်သော ခေတ်ကာလတစ်ခုဟု ဆိုရပါမည်။
ထိုနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် စီးပွားရေး၊ ပညာရေး စသည့်အဘက်ဘက်က ကျဆင်းလာခဲ့ သည်။ ပြည်သူလူထုသည်လည်း ဆင်းရဲတွင်းထဲ ကျရောက်လာတော့သည်။
(ဆက်ရန် … )
S. မင်းခိုက်သူ (P.T.N)