Home သတင်း ဖလုံ-စ‌ဝေါ်ပါတီမှ ‌ရွေး‌ကောက်ပွဲဝင်မည့် ကိုယ်စားလှယ်‌လောင်းများအား ‌ရွေးချယ်မည်

ဖလုံ-စ‌ဝေါ်ပါတီမှ ‌ရွေး‌ကောက်ပွဲဝင်မည့် ကိုယ်စားလှယ်‌လောင်းများအား ‌ရွေးချယ်မည်

3158

‌မေလ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကိုဗစ်-၁၉ ‌ကြောင့် ‌နှောင့်‌နှေး‌နေရသည့် ပါတီကိစ္စများအတွက် ကရင်ပြည်နယ် အ‌ခြေစိုက် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)က လာမည့် ၂၀၂ဝ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်‌လောင်းစိစစ်‌ရွေးချယ်မှုများကို ‌မေလအတွင်း ပြုလုပ်သွားရန် စီစဉ်‌နေ‌ကြောင်း သိရသည်။

အဆိုပါကိုယ်စားလှယ်‌လောင်းများကို စိစစ်‌ရွေးချယ်နိုင်‌ရေးအတွက် ယခု ‌မေလအတွင်း ပါတီ အစည်းအ‌ဝေး တစ်ရပ်‌ခေါ်ယူကာ ဆုံးဖြတ်ချက်ရယူသွားမည်ဖြစ်‌ကြောင်းလည်း PSDP ဥက္ကဋ္ဌ ‌စောခင်‌မောင်မြင့်က ‌ကေအိုင်စီ သို့ ယခုလို‌ပြောသည်။

“ဧပြီလကတည်းက အစည်းအ‌ဝေးထိုင်ဖို့ လျာထား‌ပေမယ့် Covid-19 ‌ကြောင့် မလုပ်ဖြစ်ဘူး။ ဒီ ‌မေလအတွင်း မှာ‌တော့ လုပ်ဖို့လျာထားတယ်။ ‌ရွေး‌ကောက်ပွဲ မဲဆွယ်ကာလက သိပ်မလို‌တော့ဘူး‌လေ။ ဒါ‌ကြောင့် (‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်) ‌တောင်းတဲ့ခါ အဆင်သင့်ဖြစ်‌အောင်‌ပေါ့” ဟု ၎င်းက ယ‌နေ့(‌မေ ၈ ရက်)တွင် ‌ပြောသည်။

အစဉ်အလာအရ ‌ရွေး‌ကောက်ပွဲကျင်းပသည့် နိုဝင်ဘာလမတိုင်မီ ဩဂုတ်၊ စက်တင်ဘာ၊ ‌အောက်တိုဘာ (၃) လအား မဲဆွယ်ကာလအဖြစ် သတ်မှတ်ထား‌သော‌ကြောင့် ကိုယ်စားလှယ်‌လောင်း ‌ရွေးချယ်‌ရေးအတွက် မိမိတို့ပါတီမှ အလျင်အမြန်‌ဆောင်ရွက်သွားရန်လို‌ကြောင်းလည်း ဥက္ကဋ္ဌ‌စောခင်‌မောင်မြင့်က ဆက်‌ပြောသည်။

‌ရွေး‌ကောက်ပွဲဝင်ချင်‌သော သူများမှ ပုဂ္ဂိုလ်‌ရေးအချက်အလက်များ၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ ‌နေရပ် လိပ်စာများကို အဆိုပြု ‌လျှောက်လွှာ‌ဖောင်၌ ဖြည့်သွင်းပြီး‌နောက် ‌ရွေးချယ်‌ရေး ‌ကော်မတီဝင်များက အစည်း အ‌ဝေးထိုင်ကာ အဖက်ဖက်မှ ပြန်လည်ဆုံးဖြတ်‌ပေးရမည်ဖြစ်‌ကြောင်းလည်း PSDP တာဝန်ရှိသူထံမှ သိရသည်။

ကရင်ပြည်နယ်တွင်သာ အဓိကထားယှဉ်ပြိုင်သွားရန်ရှိသည့် PSDP အ‌နေဖြင့် ကိုယ်စားလှယ်‌လောင်းများအား ‌ရွေးချယ်သွားရန် ရှိ‌နေသလို မဲဆန္ဒနယ်‌မြေမထပ်‌ရေးအတွက် အခြား‌သော ညီ‌နောင်ကရင်ပါတီများနှင့် ညှိနှိုင်း ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း ‌စောခင်‌မောင်မြင့်က ‌ပြောသည်။

ထို့အပြင် ဖလုံ-စ‌ဝေါ်ပါတီ၏ ‌ရှေ့ဆက်လုပ်ငန်းစဉ်များအ‌နေဖြင့် မဲဆွယ်ကာလမဟုတ်‌သေးသည့် မိုးတွင်း (ဇွန် လ၊ ဇူလိုင်လ)၌ နဂိုရှိပြီးသား ပါတီဝင်အ‌ဟောင်းများနှင့်တကွ အနည်းငယ် စည်းရုံးလှုပ်ရှားသွားမည် ဖြစ် ‌ကြောင်းလည်း ပါတီတာဝန်ရှိသူများက သိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) နှင့် ကရင်အမျိုးသားဒီမိုကရက် တစ်ပါတီ(KNDP)၊ ရန်ကုန်အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသား ပါတီ(KNP)တို့ တရားဝင် နိုင်ငံ‌ရေးပါတီများအဖြစ် ရပ်တည်လျက် ရှိသည်။