Home သတင်း ခွင့်ပြုချက်မရှိဘဲ တပ်ဖွဲ့ဝင် အမှတ်တံဆိပ်များ တပ်ဆင်သုံးစွဲခြင်းမပြုရန် KNU/KNLA-PC တားမြစ်စာ ထုတ်

ခွင့်ပြုချက်မရှိဘဲ တပ်ဖွဲ့ဝင် အမှတ်တံဆိပ်များ တပ်ဆင်သုံးစွဲခြင်းမပြုရန် KNU/KNLA-PC တားမြစ်စာ ထုတ်

11306
Photo: KNU/KNLA(PC)

‌မေလ ၂၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(ငြိမ်းချမ်း‌ရေး‌ကောင်စီ)-KNU/ KNLA-PC တပ်ဖွဲ့ဝင်အမှတ်တံဆိပ်များကို ဗဟိုခွင့်ပြုချက်မရဘဲ တပ်ဆင်သုံးစွဲခြင်း မပြုရန် ယမန်‌နေ့ (‌မေလ ၂၇ရက်)က တားမြစ်စာ ထုတ်ပြန်လိုက်သည်။

မလိုလားအပ်‌သော ကိစ္စရပ်များမဖြစ်‌ပေါ်‌စေရန် အဖွဲ့အစည်း၏ Logo ၊ Sticker၊ လက်‌မောင်းတံဆိပ်၊ ဦးထုပ် တံဆိပ်နှင့် လည်စည်းပုဝါများ စသည့် အမှတ်အသားများထုတ်လုပ်ခြင်း၊ ရိုက်နှိပ်‌ပေးခြင်း၊ တပ်ဆင်‌ပေးခြင်း၊ ဖြန့်ဖြူး‌ရောင်းချခြင်းတို့ကို ဗဟို၏ ‌ထောက်ခံခွင့်ပြုချက်မရှိဘဲ မပြုလုပ်ကြရန် တားမြစ်စာထုတ်ပြလိုက်ခြင်းဖြစ် သည်။

KNU/KNLA-PCမှ ဗိုလ်ကြီး ‌စော‌ကျော်ညွန့်က“ဒီကိစ္စက အရင်ကတည်းက ညွှန်ကြားထားပြီးသားပါ။ တကယ့် အဖွဲ့အစည်း‌ခေါင်း‌ဆောင်‌တွေ မဟုတ်ရင် ဒါ‌တွေကို အသုံးမပြုဖို့ အရင်နှစ်‌တွေက ညွန်ကြားထားပြီးပြီး။ ဒါ‌ပေမဲ့ တချို့‌အောက်‌ခြေ‌ခေါင်း‌ဆောင်‌တွေနဲ့ ‌ခေါင်း‌ဆောင်‌တွေမဟုတ်တဲ့ စီးပွား‌ရေး လုပ်စားတဲ့သူ‌တွေက အလွဲသုံးစား လုပ်တာ‌တွေ ရှိကြတယ်။ ဒါ‌ကြောင့် ဒီကိစ္စ‌တွေ ပ‌ပျောက်ဖို့အတွက် စာထုတ်လိုက်တာပါပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အဖွဲ့အစည်း အမည်ခံ အမှတ်တံဆိပ် ရာထူး ရာခံ အတုအ‌ယောင်များဖြင့် ကုန်သည်၊ ပွဲစား၊ ‌ဒေသ တွင်း ကားသမားများမှ အလွဲသုံးစွဲ ပြုလုပ်ကြသလို အဖွဲ့အစည်း‌နောက်ခံ အ‌ကြောင်းပြ၍ ခြိမ်း‌ခြောက် ဟိတ်ဟန် ပြုလုပ်မှုများရှိ‌ကြောင်းလည်း ဗိုလ်ကြီး ‌စော‌ကျော်ညွန့်က ဆက်‌ပြောသည်။

ထိုသို့ အလွဲသုံးစား ပြုလုပ်မှုများ ရှိပါက KNU/KNLA-PC မှ ဖွဲ့စည်းထားသည့် စစ်စည်းကမ်းထိန်းသိမ်း‌ရေးဌာန မှစုံစမ်း ‌ဖော်ထုတ်မှုပြု၍ မည်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို တရားဥပ‌ဒေနှင့် အညီ အ‌ရေးယူမှု ‌ဆောင်ရွက် သွားမည်ဖြစ်‌ကြောင်းလည်း ကရင် ငြိမ်းချမ်း‌ရေး‌ကောင်စီ၏က ဆိုသည်။

အလားတူ ပြီးခဲ့သည့် ‌မေလလယ်ပိုင်းက မြဝတီမြို့‌ပေါ်နှင့် ‌ကော့ကရိတ်-ဖားအံသို့ သွားလမ်းမ‌ပေါ်တွင် ဖြတ် သန်းသွားလာသည့် လက်နက်ကိုင် အမှတ်တံဆိပ်ပါ စာတန်းများ၊ နံပါတ်ပြားများ တပ်ဆင်ထား‌သော ယာဉ် များကို တပ်မ‌တော်အပါအဝင် နယ်ခြား‌စောင့်တပ်(BGF)နှင့် အခြား လက်နက်ကိုင်တပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲများ ပါဝင်သည့် ယာဉ်စစ်‌ဆေး‌ရေး ပူး‌ပေါင်းအဖွဲ့က တားဆီးသတိ‌ပေး ဖြုတ်သိမ်းမှုများပြုလုပ်ခဲ့သည်။