Home သတင်း ကိုဗစ် အ‌ရေး‌ပေါ်ကာလအတွင်း မြဝတီမြို့ရှိ တိုးချဲ့ရပ်ကွက်‌နေပြည်သူများ ၃ ရက်အပြီး ဖယ်ရှားရမည်ဖြစ်၍ အခက်ကြုံ‌နေ

ကိုဗစ် အ‌ရေး‌ပေါ်ကာလအတွင်း မြဝတီမြို့ရှိ တိုးချဲ့ရပ်ကွက်‌နေပြည်သူများ ၃ ရက်အပြီး ဖယ်ရှားရမည်ဖြစ်၍ အခက်ကြုံ‌နေ

3335
Photo: Nay Naw

‌မေလ ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အစိုးရ စီမံကိန်းအဖြစ် ရပ်ကွက် ၆၊ ၇ တိုးချဲ့‌ဖော်‌ဆောင်ရာ ‌မြေ‌နေရာအတွင်း မူလ‌နေထိုင်ပြီး ‌မြေကွက်အစားရရှိသူများအား ယခုလို ကိုဗစ်-၁၉အ‌ရေး‌ပေါ်ကာလတွင် ၃ ရက်အတွင်း ‌နေအိမ် များ ဖယ်ရှား‌ပြောင်း‌ရွှေ့ရမည်ဖြစ်သည့်အတွက် အခက်အခဲများစွာ ကြုံ‌တွေ့‌နေရသည်ဟု ထို‌နေရာတွင် ‌နေထိုင် သူများက ‌ပြောသည်။

မြဝတီမြို့သည် နယ်စပ်မြို့ ဖြစ်သည်နှင့်အညီ လူ‌နေထူထပ်လာသည့်အတွက် ရပ်ကွက် ၆၊ ၇ကို အစိုးရစီမံကိန်း အဖြစ်တိုးချဲ့ ‌ဖော်‌ဆောင်ရာတွင် မူလ‌နေထိုင်သူအများစုမှာ ‌မြေကွက်အစားရရှိ‌သော်လည်း ဝင်‌ငွေနည်းပါးချိန် ယခုလို Covid-19 အ‌ရေး‌ပေါ် ကာလအတွင်း သုံးရက်နှင့်အပြီး ‌နေအိမ်ဖျက်ကာ ဖယ်ရှား‌ပြောင်း‌ရွှေ့ရမည် ဆိုခြင်း‌ကြောင့် အခက်အခဲများစွာဖြစ်‌နေရ‌ကြောင်း လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းက ‌မြေကွက်ဝယ်ယူပြီး အိမ်‌ဆောက်လုပ်‌နေထိုင်ခဲ့သူ မတင်မာလွင်က ‌ပြောသည်။

“ အိမ်တစ်အိမ်‌ပြောင်းမယ်‌ရွှေ ့မယ်ဆိုတာ သုံးရက်နဲ့ဘယ်လိုမှ အချိန်မလုံ‌လောက်ပါဘူး။ ဖြိုဖျက်ပြီး ကားနဲ့ သယ်‌ပေးရင်‌တောင် ‌နေစရာအိမ်မရှိ‌သေး‌တော့ အခက်အခဲဖြစ်တာ‌ပေါ့၊ လက်ရှိ‌နေရာမှာ မ‌ပေးနိုင်ရင်‌တောင် ‌မြေကွက်အစား‌ပေးပြီး တစ်လခန့်အချိန်ရရင်‌တော်‌သေးတယ်။ ခုဟာက ကိုဗစ်ကပ်‌ရောဂါကလည်းရှိ‌နေ‌တော့ အလုပ်လည်းထွက်မလုပ်ရ၊ ထမင်း‌တောင် သူများလာလှူ‌ပေးလို့ နှပ်မှန်‌နေတာပါ။ ”ဟု မတင်မာလွင်က ‌ပြောသည်။

မြဝတီ မြို့ ရပ်ကွက် ၆၊ ၇ ‌ဖော်‌ဆောင်‌ရေးအတွက် ကျူး‌ကျော်‌နေထိုင်သူများကို သက်ဆိုင်ရာက အဆင့်သုံး ဆင့်ဖြင့် ဖယ်ရှားရှင်းလင်းပြီး ပြန်လည်‌နေရာချထား‌ပေးရန်အတွက် ‌မြေကွက်အမှတ်ဖြင့် ကျူး(ကျူး‌ကျော်) လက် မှတ်များထုတ်‌ပေးခဲ့သည်။ ထိုရပ်ကွက်အတွင်း မူလ‌နေထိုင်သူများကို A.B.C.D ဟူ၍ အတန်းစားခွဲ၍ ‌နေရာချထား‌ပေး‌သော်လည်း ‌မြေ‌နေရာအစားမရသူအများအပြားရှိ‌ကြောင်း သိရသည်။

‌မြေ‌နေရာအစား မရသူ ‌စောဖိုးခွားက “ကျ‌နော် ‌နေထိုင်လာတာ ၅ နှစ်ခန် ့ရှိပါပြီ၊ ‌မေလ ၁၉ရက်‌နေ့က တို့ချဲ့ရပ် ကွက် ၆၊ ၇ ‌ဖော်‌ဆောင်‌ရေး‌ကော်မတီရုံးမှာပြုလုပ်တဲ့ ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်း‌နောင်နဲ့ ရပ်ကွက်‌နေပြည်သူများ ‌တွေ့ဆုံပွဲမှာ တာဝန်ရှိသူ‌တွေကို အိမ်ဖြိုဖျက်ခံရပြီး ကျူးလက် မှတ်မရသူ‌တွေကို ဘယ်လို‌ဖြေရှင်းမလဲ‌မေး‌တော့ ‌နောက်မှရှင်းမယ်လို့ ‌ပြောပါတယ်။ ‌မေလ ၂၁ ရက်‌နေ့မှာ အသ နားခံစာတင်ပါလို့ အ‌ကြောင်းကြားလာတဲ့အတွက် သက်ဆိုင်ရာကို အသနားခံစာ ဆက်လက်တင်ပြသွားပါမယ်”ဟု ‌ပြောသည်။

အခု ရပ်ကွက် ၆၊ ၇ တိုးချဲ့မည့်‌နေရာတွင် နှစ်‌ပေါင်းများစွာ အနစ်နာခံ ‌နေထိုင်လာကြ‌သော်လည်း ‌မြေ‌နေရာ အစားပြန် မရဘဲ မြို့ထဲတွင်‌နေပြီး တဲ‌လေးလာ‌ဆောက်ထားရုံဖြင့် ကျူးလက်မှတ်ရရှိသွားသူများရှိသည့်အတွက် အစိုးရတာဝန်ရှိသူများ၏ စီစဉ်‌ဆောင်ရွက်မှုအ‌ပေါ် ‌မေးခွန်းထုတ်‌နေသူများလည်းရှိသည်။

Photo: Nay Naw

ယင်းကိစ္စနှင့်ပတ်သက်၍ မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက “တိုးချဲ့ရပ်ကွက် ၆မှ ဖယ် ရှားရှင်း လင်းမယ့်အစီအစဉ်မှာ ဇန်နဝါရီလ ၁ ရက်‌နေ့ ၂၀၂ဝ ‌နောက်ဆုံးစာရင်းအရ အိမ်‌ခြေ ၂၀၅ အိမ်ရှိပါတယ်။ ၎င်းတို့ ကို A.B.C.D.ဆိုပြီး အဆင့် ၄ ဆင့်ခွဲပြီး အိမ်တန်ဘိုးအလိုက် ‌မြေ‌နေရာအစားထိုး‌ပေးဖို့ စီစဉ်ထားပါတယ်။ အဆင့် A မှာ ပါဝင်သူ ၁၇ ဦးရှိတယ်။ သူတို့ကို ရပ်ကွက် ၇ မှာ ‌ပေ ၆၀×၆ဝ ‌မြေကွက် ၂ ကွက်စီ‌ပေးပါမယ်။ အဆင့် B မှာ အိမ်‌ခြေ ၆၃ လုံးရှိတယ်။ ရပ်ကွက် ၇ မှာပဲ ‌မြေ‌ပေ ၄၀×၆ဝ တစ်ကွက်စီ‌ပေးပါမယ်။ အဆင့် C မှာ အိမ်‌ခြေ ၁၁ဝ ရှိပြီး သူတို့ကို‌တော့ မဲကနယ်တိုးချဲ့ရပ်ကွက် (‌ရွှေမြစန္ဒီ)မှာ ‌မြေ ‌ပေ ၂၀×၆ဝ တစ်ကွက်စီ ‌ပေးသွားမှာဖြစ်ပါ တယ်။” ဟု ‌ပြောသည်။

ထို့အပြင် သတ်မှတ်ချက် အဆင့် D တွင် ပါဝင်သူ ၇ ဦးကိုမူ ‌မြေ‌နေရာအစားပြန်‌ပေးရန် အစီအစဉ်မရှိ‌ကြောင်း နှင့် ကျန် ၈ အိမ်ကိုလည်း စိစစ်‌နေဆဲဖြစ်‌ကြောင်း မြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက ဖြည့်စွက်‌ပြောသည်။

အဆိုပါ တိုးချဲ့ ရပ်ကွက် ၆ နှင့် ရပ်ကွက် ၇ အဖြစ် ‌ဖော်‌ဆောင်သည့်‌မြေများမှာ ယခင်က တပ်မ‌တော်က ပြန်လည်စွန့် လွတ်‌ပေးသည့်‌မြေများဖြစ်‌သော်လည်း မူလ‌မြေပိုင်ရှင်များ ပြန်မရဘဲ ယင်း‌မြေအား ဌာ‌နေ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၎င်းတို့နှင့်နီးစပ်သူများမှ ‌မြေ‌ရောင်းခဲ့၍ ပြည်သူများက ဝယ်ယူ‌နေထိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅-၂၀၁၆ ခုနှစ်မှစ၍ မြဝတီတိုးချဲ့ရပ်ကွက် ၆ ၊ ရပ်ကွက် ၇ အဖြစ် တရားဝင်သတ်မှတ်ခဲ့ပြီး ယခုအခါ တိုင်း ရင်းသားလက်နက်ကိုင် ကုမ္ပဏီများဖြစ်‌သော Steel Stone ကုမ္ပဏီ နှင့် Chit Linn Myaing ကုမ္ပဏီတို့မှ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦး‌ဆောင်မှုဖြင့်ဟုဆိုကာ ရပ်ကွက် ၆/၇ စီမံကိန်း‌မြေအဖြစ် ‌ဖော်‌ဆောင်မည့် ‌မြေအား ၁ ‌ပေပတ်လည်လျှင် ၅,၀၀ဝ ကျပ်နှုန်းဖြင့် ‌ရောင်းချလျက်ရှိ‌နေပြီး ထို‌မြေ‌ပေါ်တွင် ယခင်က ဝယ်ယူ‌နေ ထိုင်ခဲ့သူများကို အဆင့် ၄ ဆင့်ခွဲ၍ ‌မြေအစား‌ပေးကာ ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။