

2172

‌မေ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ဖားအံပြည်သူ့‌ဆေးရုံ၌ ယမန်‌နေ့(‌မေ ၁၈ ရက်)က ‌ရောက်ရှိ‌နေသည့် COVID-19 ‌ရောဂါပိုး‌တွေ့ရှိထားသူ(positive)အမျိုးသား၂ ဦး၏ ကျန်းမာ‌ရေးအ‌ခြေအ‌နေမှာ ‌ကောင်းမွန်လျက် ရှိ‌ကြောင်း ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

၎င်းက “သူတို့က positive သာ ဖြစ်တာ ‌ရောဂါသည်မဟုတ်ဘူး။ (ကျန်းမာ‌ရေးအ‌ခြေအ‌နေ)အကုန် အ‌ကောင်း။ ဒါ‌ပေမယ့် positive ဆို‌တော့လည်း ‌ဆေးရုံရဲ့ သီးသန့်အခန်းမှာ လိုအပ်တဲ့ ‌စောင့်‌ရှောက် မှု‌တွေ လုပ်‌ဆောင်‌ပေး‌နေပါ တယ်။” ဟု ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က မ‌လေးရှားနိုင်ငံမှ ပြန်လာခဲ့သည့် အဆိုပါ အမျိုးသား ၂ ဦးကို ရန်ကုန် ‌လေဆိပ်မှတဆင့် ကားဖြင့် တိုက်ရိုက်‌ခေါ်‌ဆောင်ခဲ့ပြီး ဖားအံမြို့နယ်၊ စံဖရီး‌ကျေးရွာအုပ်စု အတွင်းရှိ Quarantine စခန်းတစ်ခုတွင် ထားရှိကာ ‌စောင့်ကြပ်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ကျန်းမာ‌ရေး ‌ကောင်းမွန်‌နေသည့် ပိုး‌တွေ့ရှိသူ ၂ ဦးကို လက်ရှိ ဖားအံ ပြည်သူ့‌ဆေးရုံ၏ သီးသန့် လူနာ‌ဆောင်တွင် အထူးကု၊ သမား‌တော်များ ကြည့်ရှု‌စောင့်‌ရှောက်လျက်ရှိပြီး ပြည်သူများ အ‌နေဖြင့် စိုးရိမ်စရာမလိုဘဲ ကျန်းမာ‌ရေးဌာနများမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကိုသာ လိုက်နာရန် လွန်စွာအ‌ရေးကြီး‌ကြောင်းလည်း တာဝန်ရှိသူများက ‌ပြောသည်။

ကျန်းမာ‌ရေး နှင့်အားကစားဝန်ကြီးဌာနမှ ‌မေလ ၁၈ ရက်‌နေ့က Covid-19 ‌ရောဂါပိုးဓာတ်ခွဲအတည်ပြု ထားသူများအား သတင်းထုတ်ပြန်ခဲ့ရာ ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ဇာတိမှ အမှတ်စဉ် ၁၈၆ (၂၂ နှစ်)နှင့် အမှတ်စဉ် ၁၈၇ (၃၅ နှစ်)တို့ ၂ ဦးတွင် ‌ရောဂါပိုး‌တွေ့ရှိရ‌ကြောင်း သိရသည်။

‌မေလ ၁၉ ရက်‌နေ့အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(Covid-19 ) ကူးစက်ခံထားရသူ ကရင် ပြည်နယ်မှ ၂ ဦးအပါအဝင် ၁၉၁ ဦးရှိသည့်အနက် ၆ ဦး‌သေဆုံးခဲ့ပြီဖြစ်‌ကြောင်း သိရသည်။