Home ဆောင်းပါး ကရင့်‌တော်လှန်‌ရေး ပြိုကွဲရန် အသုံး‌တော်ခံရသည့် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်၏ သမိုင်းစာမျက်နှာ

ကရင့်‌တော်လှန်‌ရေး ပြိုကွဲရန် အသုံး‌တော်ခံရသည့် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်၏ သမိုင်းစာမျက်နှာ

10612
Photo: KNU/KNLA(PC)

က‌ပေါ်စိုး

(‌မေလ ၅၊ ၂၀၂၀)

လွန်ခဲ့သည့် ၁၃နှစ်‌ကျော်အချိန်က ဖြစ်သည်။ တိတိကျကျဆိုလျှင် ၂၀၀၇ခုနှစ် ‌ဖေ‌ဖော်ဝါရီ ၇ရက်‌နေ့ နံနက်ပိိုင်းတွင် ဖြစ်သည်။ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ ‌သောင်ရင်းမြစ်ကမ်းနဖူးတွင်ရှိပြီး ‌ဒေါန‌တောင် တန်းပြာ၏ ‌ခြေရင်းရှိ သင်တန်း‌ကျောင်း၌ သင်တန်းသူ သင်တန်းသားများ သင်ခန်းစာများ သင်ကြားရန် ပုံမှန်အ တိုင်း ပြင်ဆင်‌နေကြချိန် ဖြစ်သည်။

သင်တန်း‌ကျောင်းတစ်ခွင် မြူနှင်းကွဲစအချိန်တွင် ထူးခြားသည့် သတင်းစကားတစ်ခု ဆိုက်‌ရောက်လာသည်။ “လူကြီး‌တွေနဲ့ နအဖတို့ ‌ဆွေး‌နွေးကြလို့ ကရင်ပြည်နယ် ငြိမ်းချမ်း‌ရေး ရ‌တော့မယ်။ အထုပ်အပိုး‌တွေ ပြင်ဆင်ထား ပါ”ဟု ‌ကေအဲန်ယူ တာဝန်ရှိသူတဦးက အစည်းအ‌ဝေးငယ်‌လေးတစ်ခုတွင် ကြားသိလာသည်ကို သင်တန်းသား များထံ သတင်းစကား လက်ဆင့်ကမ်း လာ‌ပြောသွားသည်။

ထိုသတင်းစကား၏ အနက်အဓိပ္ပါယ်ကို တိတိပပ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းမရှိ‌သော်လည်း ထူးခြားမှုဟု မှတ်ယူမိသည်။ သို့‌သော် ထိုသတင်းသည် ကြာကြာမခံ။ မွန်းလွဲပိုင်းအ‌ရောက်တွင် အရာရာ ‌ပြောင်းလဲသွားသည်။ သတိဝိရိယဖြင့် ‌နေကြရန် အမိန့်ညွှန်ကြားချက်တစ်ခု ထပ်‌ရောက်လာသည်။ ထိုအချိန်တွင် ရဲ‌ဘော်များက လမ်း‌ကြောင်းများအားလုံး ပိတ်ဆို့ပြီး ‌စောင့်ကင်းများ ချထားကာ အ‌ရေး‌ပေါ် အ‌ခြေအ‌နေကဲ့သို့ အသင့်ပြင်ဆင်‌နေသည်ကို ‌တွေ့ရသည်။

ထို‌နေ့မှစ၍ ညဘက်‌ရောက်လျှင် ရဲ‌ဘော်များနှင့် ‌ကျောင်းသားများက ဆိုင်ရာ‌နေရာအလိုက် အလှည့်ကျ ကင်း ‌စောင့်‌ပေးရသည်။ ထို့အပြင် KNLA တပ်မဟာ ၇ လက်‌အောက်ခံ တပ်ရင်း တစ်ရင်းနှင့် တစ်ရင်း၊ တပ်ခွဲ တစ်ခွဲနှင့် တစ်ခွဲ၊ တပ်စု တစ်စုနှင့်တစ်စုတို့ကြား မယုံသကင်္ာမျက်လုံးဖြင့် ‌စောင့်ကြည့်ကြသည့် အ‌ခြေအ‌နေသို့ အချိန်တိုအ တွင်း ‌ပြောင်းလဲသွားသည်။

‌သေချာသည်မှာ ‌ကေအဲန်ယူအတွင်း ကြီးမားသည့် ဂယက်တစ်ခု ရိုက်ခတ်လာ‌လေပြီး။ ယင်းသည် အဘယ်အ ‌ကြောင်းအရာ ဖြစ်သနည်း။

Photo: KNU/KNLA(PC)

ယင်းသည် ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်၊ ကရင်အမျိုးသား‌နေ့တွင် KNLA တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စောထိန် ‌မောင် (ခ) ‌စော‌ဌေး‌မောင် ဦး‌ဆောင်သည့်အဖွဲ့သည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ပြီး နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေး ရယူလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ငြိမ်းချမ်း‌ရေး ရယူခြင်းအခမ်းအနားကို ထို့‌ကော်ကိုးရွာတွင် ကြိုဆိုပွဲများ တခမ်းတနားဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)အဖွဲ့ဆိုသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ထပ်တိုးလာခြင်းဖြစ် သည်။

ဗိုလ်ချုပ်ကြီးထိန်‌မောင်တို့ ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌နေဖြင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ရန် အ‌ကြောင်းဖန်လာသည်ကို ‌ပြောရမည်ဆိုလျှင် နအဖ စစ်အစိုးရနှင့် ‌ကေအဲန်ယူတို့ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုက ဆိုရ ပါမည်။

လွန်ခဲ့သည့် ၂၀၀၄ခုနှစ်က ဗိုလ်ချုပ်ကြီး‌စောဘိုမြ ဦး‌ဆောင်သည့် ‌ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ရှိ အများ‌လေးစားရသည့် ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ လူမှုအသိုင်းအဝိုင်းမှ လူကြီးများ၊ တပ်ထွက် ကရင်လူ ကြီးများ၏ ကြားဝင်‌စေ့စပ်မှုဖြင့် နအဖ စစ်အစိုးရ၏ စစ်‌ထောက်လှမ်း‌ရေး‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ခင်ညွန့်နှင့် ရန်ကုန် တွင် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု ပြုလုပ်ခဲ့ကြသည်။

‌ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ထဲတွင် ဗိုလ်ချုပ်မြနှင့်အတူ ဗိုလ်မှူးချုပ်‌စော‌ဌေး‌မောင်၊ ကွယ်လွန်သူ ‌ကေအဲန်ယူ အတွင်း‌ရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း၊ လက်ရှိ KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲ စသည့် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ပါဝင်ခဲ့သည်။

ဗိုလ်ချုပ်ခင်ညွန့်နှင့် သွား‌ရောက်‌ဆွေး‌နွေးအပြီး ပြန်လာကြသည့် ‌ကေအဲန်ယူအဖွဲ့အတွင်း ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု လုပ်ငန်းစဉ်အ‌ပေါ် သ‌ဘောထားကွဲလွဲမှုများ ဖြစ်‌ပေါ်လာသည်။ ထိုမှတစ်ဆင့် ‌ခေါင်း‌ဆောင်များအကြား သ‌ဘော ထားကွဲလွဲမှု ဖြစ်‌ပေါ်လာပြီး ထိန်းမရ၊ သိမ်းမရဖြစ်လာသည်။ အဆိုပါ သ‌ဘောထားကွဲလွဲမှုသည် ယ‌နေ့အချိန်ထိ အကျိုးသက်‌ရောက်မှုရှိဆဲဖြစ်‌ကြောင်း မိခင်အစည်းအရုံးကို ချစ်မြတ်နိုးသူတိုင်း အသိပင်ဖြစ်သည်။

ထု့ိ‌နောက် ၂၀၀၆ခုနှစ်၊ ဒီဇင်ဘာလ ၂၄ရက်‌နေ့တွင် ဗိုလ်ချုပ်ကြီး‌စောဘိုမြ ကွယ်လွန်သွားခြင်းသည် ဗိုလ်မှူးချုပ်‌စော ‌ဌေး‌မောင်အား ‌ကေအဲန်ယူထဲမှ ခွဲထွက်ပြီး နအဖစစ်အစိုးရနှင့် သွား‌ရောက်ပူး‌ပေါင်းရန် တွန်းပို့လိုက်သည်ဟု ဆိုရ မည်ဖြစ်သည်။

‌ကေအဲန်ယူ ဖားအံခရိုင်၊ မူ‌အေးပူ‌နေရာတွင် ကျင်းပသည့် ဗိုလ်ချုပ်ကြီး‌စောဘိုမြ၏ ဈာပန အခမ်းအနားသို့ နအဖ ဘက်က စစ်‌ထောက်လှမ်း‌ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်မြတ်ဦးထွန်းကိုယ်တိုင် တက်‌ရောက်လာပြီး ထိုစဉ်က ဗိုလ်မှူးချုပ် ‌စော‌ဌေး‌မောင်နှင့် နီးနီးကပ်ကပ်ရှိမှုက ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များအကြား မနှစ်မြို့စရာ၊ မျက်စိစူးစရာ ဖြစ်လာ သည်။

Photo: KNU/KNLA(PC)

ထို့‌ကြောင့် ဗိုလ်မှူးချုပ်‌စော‌ဌေး‌မောင်နှင့် နအဖ စစ်အစိုးရတို့၏ ဆက်ဆံ‌ရေး အ‌ခြေအ‌နေ၊ လှုပ်ရှားမှုများသည် ‌ကေအဲန်ယူ၏ ငြိမ်းချမ်း‌ရေး မူဝါဒလမ်းစဉ်များကို လမ်း‌ကြောင်း ‌ချော်ထွက်ပြီး ‌သွေဖီသွားသည့်အတွက် အဖွဲ့အစည်း အတွင်း ပြန်လည်စည်းရုံးမှုများ၊ သတိ‌ပေးညှိနှိုင်းမှုများ အကြိမ်ကြိမ်၊ အဖန်ဖန် လုပ်‌ဆောင်ခဲ့‌သော်လည်း အချည်းအ နှီးသာ ဖြစ်ခဲ့သည်။

ထိုသို့ အက်‌ကြောင်းဖြစ်လာမှုကို ထိန်းညှိရန် အတွင်း‌ရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း ကိုယ်တိုင် ကြားဝင်‌စေ့စပ်မှုများ လုပ်‌ဆောင်ခဲ့‌သော်လည်း ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်နှင့် ပဒိုမန်းရှာတို့အကြား အမုန်းပွားမှုနှင့် တစ်ဦး‌ပေါ်တစ်ဦး အငြိုးအ‌တေးထားမှုများသာ အဖတ်တင်သည်ဟု ‌ခေါင်း‌ဆောင်များက ဆိုကြသည်။

ထိုအချိန်တွင် ဗိုလ်မှူးချုပ်‌စော‌ဌေး‌မောင်က ပဒိုမန်းရှာအား “ငါ ‌တော်လှန်‌ရေးလုပ်‌နေတဲ့အချိန်မှာ မင်းက နွား‌ကျောင်း သားလုပ်‌နေတုန်းပဲ ရှိတယ်”ဟု ‌ပြောဆိုပုတ်ခတ်လိုက်သည့် စကားသည် ‌ကေအဲန်ယူအသိုင်းအဝိုင်းထဲ၌ သမိုင်းတွင် သွား‌သော စကားတစ်ခွန်း ဖြစ်လာသည်။

‌နောက်ဆုံးတွင် ကရင်အမျိုးသားများ မလိုလားသည့် ‌တော်လှန်‌ရေးအတွင်း ထပ်ခါတလဲလဲ ဖြစ်‌ပေါ်‌နေသည့် အကွဲ အပြဲဇာတ်လမ်းကို ဗိုလ်မှူးချုပ်‌စော‌ဌေး‌မောင်က ၂၀၀၇ခုနှစ်တွင် လက်‌တွေ့ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ကာ အကွဲအပြဲ သမိုင်းစာမျက်နှာတစ်ခုကို ထပ်ဖွင့်‌ပေးလိုက်သည်။

ဗိုလ်မှူးချုပ်‌စော‌ဌေး‌မောင်တို့ KNU/KNLA-PC အဖွဲ့သည် နအဖနှင့် ငြိမ်းချမ်း‌ရေးယူခဲ့စဉ် ပြည်နယ်ငြိမ်းချမ်း‌ရေးနှင့် ‌ဒေသဖွံ့ဖြိုး‌ရေးအတွက်ဟု ‌ကြွေး‌ကြော်ခဲ့‌သော်လည်း ဖွံ့ဖြိုး‌ရေးလုပ်ငန်းကို မယ်မယ်ရရ တစ်ခုမျှ လုပ်‌ဆောင်နိုင်ခြင်း မရှိသည်မှာ အားလုံး အမြင်ဖြစ်သည်။ သို့‌သော် ပြည်နယ်အတွင်း နအဖ စစ်တပ်၏ ပြည်သူလူထုအ‌ပေါ် လူ့အခွင့် အ‌ရေးချိုး‌ဖောက်မှုများ၊ ‌ကေအဲန်ယူအ‌ပေါ် ထိုးစစ်ဆင်မှုက ဆက်ဖြစ်ပွား‌နေဆဲဖြစ်သည်။

ဗိုလ်မှူးချုပ်‌စော‌ဌေး‌မောင် ငြိမ်းချမ်း‌ရေးယူပြီး တစ်နှစ်အကြာ နအဖ စစ်အစိုးရက နိုင်ငံ‌တော်၏ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေကို ၂၀၀၈ခုနှစ်တွင် အတည်ပြု ပြဌာန်းပြီး‌နောက် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ အပစ်ရပ် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအားလုံး ဌာ‌နေ ပြည်သူ့စစ် (သို့မဟုတ်) နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်းရန် စစ် အစိုးရက ဖိအား‌ပေးမှုများ ဆက်တိုက် လုပ်‌ဆောင်ခဲ့သည်။

ထို့‌ကြောင့် ၂၀၁ဝခုနှစ်တွင် ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူမှ ခွဲထွက်လာ‌သော တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသားတပ်မ‌တော် (DKBA)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/ KNLA-PC)၊ ‌ဟောင်သ‌ရောအထူး‌ဒေသ ကရင် ငြိမ်းချမ်း‌ရေးတပ်ဖွဲ့(KPF)တို့သည်လည်း နယ်ခြား‌စောင့်တပ်(BGF)အဖြစ်သို့ အသွင်‌ပြောင်းရန် နအဖ၏ ဖိအား‌ပေး ခြင်းကို နဖူးတိုက်ဒူးတိုက် ကြုံ‌တွေ့ရပါ‌တော့သည်။

ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင် ဦး‌ဆောင်သည့် KNU/KNLA-PC အဖွဲ့သည်လည်း (DKBA)၊ (KPF) တို့နည်းတူ ကရင် ပြည်နယ် နယ်ခြား‌စောင့်တပ် (BGF)အဖြစ် အသွင်‌ပြောင်းရန် နအဖ ၏ ဖိအား‌ပေးမှုကို ခံခဲ့ရသည်။ ယင်းဖိအား‌ပေး မှုဒဏ်ကို မခံနိုင်သည့် DKBA တပ်ဖွဲ့ဝင်အများစုနှင့် KPF တပ်ဖွဲ့များမှာ နယ်ခြား‌စောင့်တပ်အဖြစ်သို့ အသွင်ကူး ‌ပြောင်းသွားရပြီး စစ်တပ်၏ လက်‌အောက်ခံ တပ်အဖြစ် ယ‌နေ့တိုင် ရပ်တည်‌နေခဲ့ရသည်။

ထိုစဉ်က နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးကို လက်မခံသည့် ဗိုလ်ချုပ်‌စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်း‌မွှေး ဦး‌ဆောင်သည့် DKBA တပ်မဟာ (၅)တပ်ဖွဲ့နှင့် နအဖစစ်တပ်တို့အကြား ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီး ‌နောက်တစ် ရက်တွင် မြဝတီမြို့တွင်း၊ မြို့ပြင်များတွင် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားရာတွင် နယ်ခြား‌စောင့် အသွင်ကူး‌ပြောင်း ‌ရေးကို ငြင်းဆန်ခဲ့သည့် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်၏ KNU/KNLA-PC တပ်ဖွဲ့ဝင်များနှင့် နအဖစစ်တပ်တို့အကြား တင်းမာမှုရှိလာပြီး တပ်ဖွဲ့ဝင်အချို့ သတ်ဖြတ်ခံခဲ့ရသည်အထိ ဖြစ်ပွားခဲ့‌သေးသည်။

မြန်မာ့နိုင်ငံ‌ရေး ‌ရေစီး‌ကြောင်းအရ ၂၀၁ဝပြည့်နှစ်၊ နိုဝင်ဘာလ ၇ရက်‌နေ့တွင် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ အနိုင်ရ သမ္မတ ဦးသိန်းစိန်၏ တပ်အသွင်‌ပြောင်းအရပ်သား အစိုးရနှင့် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်၏ KNU/KNLA-PC တို့ အကြား ၂၀၁၂ခုနှစ်တွင် ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး လုပ်‌ဆောင်ခဲ့သလို ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ ရက်‌နေ့တွင် အခြား‌သော တိုင်းရင်းသား လက်နက်အဖွဲ့ ၇ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး စာချုပ် (NCA)ကို ပါဝင် လက်မှတ်‌ရေးထိုးခဲ့သည်။

သို့‌သော် ကရင်လက်နက်ကိုင်အဖွဲ့တစ်ခုအ‌နေဖြင့် လက်မှတ်‌ရေးထိုးထား‌သော်လည်း နိုင်ငံ‌ရေး အားနည်းမှု၊ တိကျ ‌သေချာသည့် မူဝါဒလမ်းစဉ်မရှိ‌သော‌ကြောင့် ၂၁ရာစု ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံတွင် KNU ၏ နိုင်ငံ‌ရေး ဦး‌ဆောင်မှု‌အောက်တွင်သာ ရပ်တည်သွားမည်ဟု ထုတ်‌ဖော်‌ပြောဆိုလာသည့်အထိ ဖြစ်သည်။

Photo: KHCPS

အမှန်စင်စစ် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်သည် ‌ကေအဲန်ယူက မခွဲထွက်ခင် စစ်သား‌ကောင်းတစ်ဦးဖြစ်သလို စစ်တိုက် ရာတွင် အလွန်ထူးချွန်၊ အလွန်‌တော်သူတစ်ဦးဖြစ်သည်။

သူသည် ဧရာဝတီတိုင်း သာ‌ပေါင်းမြို့နယ်၊ ‌ပေါက်‌ကျော်‌ကျေးရွာဇာတိဖြစ်ပြီး လွတ်လပ်‌ရေး မရခင်ကတည်းက အမှတ်(၁) ကရင်‌သေနတ်ကိုင်တပ်ရင်းတွင် စစ်မှုတာဝန် စတင်ထမ်း‌ဆောင်ခဲ့သလို ကရင့်‌တော်လှန်‌ရေး စတင်ခဲ့ သည့် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့ကတည်း ပါဝင်လာခဲ့သည့် ဝါရင့် ‌တော်လှန်‌ရေးသမားတစ်ဦးလည်း ဖြစ် သည်။

ထု့ိ‌နောက် ၁၉၆၀-၁၉၇ဝခုနှစ်ကြားတွင် ကရင်အမျိုးသားအစည်းအရုံး၏ စစ်‌ရေးအ‌တောင်ပံ ကရင်အမျိုးသား လွတ်‌မြောက်လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)၏ တပ်ရင်း ရုံးထိုင်မှူး၊ အထူးတပ်ရင်း၏ တပ်ရင်းမှူး၊ တပ်မ ဟာ(၇) တပ်မဟာမှူး စသည့် အဆင့်ဆင့်‌သော စစ်‌ရေးတာဝန်ကို ထမ်း‌ဆောင်ခဲ့ရသူ ဖြစ်သည်။

တပ်မဟာ ၇ တပ်မဟာမှူးတာဝန်ထမ်း‌ဆောင်ချိန်တွင် စစ်ဆင်ကွပ်ကဲရာ၌ အလွန်‌တော်သည့်အတွက် ‌အောင်မြင်မှု များ အလီလီ ရရှိခဲ့သူတစ်ဦးလည်းဖြစ်သည်။ တပ်မဟာ၏ တပ်ရင်းနှင့် အင်အားကို ပြည့်မှီ‌အောင် တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ သလို စစ်တိုက်ထူးချွန်သည့် တပ်မှူး၊ တပ်သား များစွာကို ‌မွေးထုတ်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

သူ‌မွေးထုတ်လိုက်‌သော တပ်မှူးများထဲတွင် သူ စစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးသွားယူပြီး တပ်မဟာ ၇၊ တပ်မဟာမှူး တာဝန်ကို ဆက်လက် ဆက်ခံသူ၊ လက်ရှိ KNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ စစ်‌ရေးဦး‌ဆောင်မှုတွင် ထူးချွန်သည့်အတွက် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်အား ‌ကေအဲန်ယူက ‌ပေးအပ် သည့် ဂုဏ်ပြုဆုများစွာ ရရှိခဲ့သူလည်း ဖြစ်သည်။

ယခုလို စစ်‌ရေးဘက်တွင် အလွန်ထူးချွန်သူတစ်ဦး၏ နိုင်ငံ‌ရေးဘက်တွင် အားနည်းမှုကို အခွင့်‌ကောင်းယူကာ ၎င်း အား အကြံ‌ပေးသူ ပုဂ္ဂိုလ်ကြီးများ၏ လွဲမှား‌သော အကြံ‌ပေးမှုနှင့် နဝတ-နအဖ စစ်အစိုးရ အဆက်ဆက်၏ သပ်လျှို ‌သွေးခွဲမှုစနစ်‌အောက်တွင် တိုးဝင်မိသွားခြင်းဖြစ်သည်။ မြန်မာပြည်အတွင်းမှ ငြိမ်းချမ်း‌ရေး အ‌ကြောင်းပြကာ ကရင် အချင်းချင်း‌သွေးခွဲ‌ပေးသည့် အုပ်စုများ၏ စကားကို သူ နား‌ယောင်သွားခြင်းဟု မှတ်ယူနိုင်သည်။

Photo: Nay Naw

ဗိုလ်ချုပ်ကြီး ‌စော‌ဌေး‌မောင်အ‌ကြောင်း ကိုယ်‌တွေ့ကြုံ‌တွေ့ခဲ့ရသည်များကို ပြန်လည်ထုတ်‌ဖော်‌ပြောဆိုခြင်းမှာ ကရင့် လက်နက်ကိုင်အဖွဲ့များအကြား စည်းလုံးညီညွတ်မှုကို ထိခိုက်‌စေရန် ရည်ရွယ်ခြင်း လုံးဝမရှိ‌ကြောင်း ရိုးသားစွာ ဝန်ခံ လိုသည်။ တချိန်က ရန်သူတို့၏ ‌သွေးခွဲမှုများကို ယခုအချိန်တွင် သင်ခန်းစာယူကာ ‌တော်လှန်‌ရေးရည်မှန်းချက်သို့ အတူစည်းလုံးညီညွတ်စွာ ‌လျှောက်လှမ်းနိုင်ကြ‌ရေးအတွက် ရည်ရွယ်‌ပြောပြလိုခြင်းဖြစ်သည်။

ယခုဆိုလျှင် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်မှာ ၂၀၂ဝပြည့်နှစ်၊ ‌မေလ ၃ရက်‌နေ ည‌နေ ၆နာရီ‌ကျော်က သူ‌နေထိုင်ရာ KNU/KNLA-PC ဌာနချုပ်တွင် ခရစ်‌တော်၌ ထာဝရ အိပ်စက် အနားယူသွားခဲ့ပြီးဖြစ်သည်။ သူ၏ ဈာပန အခမ်းအနား ကိုလည်း ‌မေလ ၅ရက်‌နေ့၊ အဂင်္ါ‌နေ့ မွန်းလွဲ ၂နာရီတွင် ဌာနချုပ်ရှိ အာဇာနည်ဗိမ္မာန်ကုန်း၌ ကျင်းပခဲ့ပြီးဖြစ်သည်။

ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင် ကွယ်လွန်သွားခြင်းနှင့်ပတ်သက်၍ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ နိုင်ငံ ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်တို့ အပါအဝင် အလွှာစုံ အဖွဲ့အစည်းများက ဝမ်းနည်း‌ကြောင်း သဝဏ်လွှာများ အသီးသီး ‌ပေးပို့ခဲ့ ကြသည်။

ဗိုလ်ချုပ်ကြီး‌ဌေး‌မောင် နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးယူခဲ့စဉ်က သူ‌မျှော်မှန်းခဲ့သည့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိ‌သော၊ ငြိမ်းချမ်း‌သော၊ ဖွံ့ဖြိုးတိုးတက်‌သော ကရင်ပြည်နယ်ကြီးမှာ သူကွယ်လွန်အချိန်ထိ မ‌သေချာ မ‌ရေရာသည့် ဝဲဂယက် ထဲတွင် တည်ရှိ‌နေဆဲဆိုသည်မှာ အရှိတရား ဖြစ်သည်။

Photo: Nay Naw

ခွဲထွက်ခြင်း၏ ရလဒ်အဖြစ် နဂိုမူလ ကရင့်အမျိုးသား‌တော်လှန်‌ရေး အင်အား‌လျော့သွားသလို ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ တိုးလာခြင်းသာ ဖြစ်လာသည်။ ယခု သူမရှိ‌တော့သည့် ကာလအလွန်တွင် သူ ‌မွေးထုတ်ပြီး တည်‌ထောင် ‌ပေးလိုက်သည့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့၏ အနာဂတ်သည် မည်ကဲ့သို့ ဖြစ်လာမည်နည်း။ မူဝါဒလမ်းစဉ် မည်သို့ ရှိမည်၊ ဦး‌ဆောင်မှုက အဘယ်သို ့ရှိလာမည် စသည့် ‌မေးခွန်းများပြည့်နှက်လျက်ရှိသည်ကို ‌တွေ့ရသည်။

မည်သို့ပင်ဖြစ်‌စေကာမူ ဗိုလ်ချုပ်ကြီး‌စောထိန်‌မောင် (ခ) ‌စော‌ဌေး‌မောင်သည် ကရင့်အမျိုးသား‌တော်လှန်‌ရေး အင်အားကို ချိနဲ့သွား‌အောင် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းလုပ်‌ဆောင်လာခဲ့သည့် နအဖ စစ်အစိုးရနှင့် သွား‌ရောက်ပူး‌ပေါင်းသွားခဲ့ခြင်းမှာ ကရင့်အမျိုးသားများ၏ သမိုင်းစာမျက်နှာတွင် အမည်းစက်တစ်ခုအဖြစ် ကျန်ရစ်မှာ ဧကန်မလွဲ မဟုတ်ပါ‌လော။

(ဤ‌ဆောင်းပါးသည် ‌ဆောင်းပါးရှင် က‌ပေါ်စိုး၏အာ‌ဘော်သာဖြစ်သည်။)