Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တစ်ပတ်အတွင်း ဘိန်းစာပင် ၆,၅ဝဝ ကျော် ရှင်းလင်း

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တစ်ပတ်အတွင်း ဘိန်းစာပင် ၆,၅ဝဝ ကျော် ရှင်းလင်း

1945

မေလ ၂၆ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ဒီးကျေးရွာပြင် ဥယျာဉ်ခြံတောထဲများတွင် စိုက်ပျိုးထားသည့် ဘိန်းစာပင် ၆,၅ဝဝ ကျော်ကို ဧပြီ ၂ဝ ရက်နှင့် ၂၄ ရက်နေ့တွင် ပူးပေါင်းအဖွဲ့များက ထပ်မံ၍ သွားရောက်ခုတ်ထွင် ရှင်းလင်းမှုများ ပြုလုပ် ခဲ့ သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိ သူများထံမှ သိရသည်။

ပထမအကြိမ်တွင် ဘိန်းစာပင် ၂,ဝဝဝ ကျော်၊ ဒုတိယအကြိမ်တွင် ယာခင်း ၇ နေရာမှ ဘိန်းစာအပင် ၄,၅ဝဝ ကျော်ကို KNU -ကရင် အမျိုးသားအစည်းအရုံး၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ဖွဲ့ဝင်များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်တို့ ပူးပေါင်းပြီး သွားရောက်ခုတ်ထွင် ရှင်းလင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ရင်း ၁၆ မှ တပ်ရင်းမှူး ဗိုလ်မှူးစောရွှေဝင်းက “ဘိန်းစာပင် ဖျက်ဆီး ဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ အောက်ခြေတပ်ဖွဲ့တွေကို ညွှန်ကြားထားပါတယ်။ ဘိန်းစာပင်စိုက်ပျိုးတာတားမြစ်ထား ပါ တယ်။ စိုက်ခွင့်မရှိပါဘူး။ မနှစ်ကလည်း လိုက်လံခုတ်ထွင်ရှင်းလင်းခဲ့တယ်။ သတိပေးတားမြစ်ထားပြီးသားပါ။ ခုပြန်ပြီး စိုက်ကြ တယ်။ တရားမဝင်တဲ့ဟာတွေ မလုပ်ကြဖို့ ပြောချင်တယ်။ ရိုးရိုးသားသားနဲ့ လုပ်ကိုင်သက်မွေးကြစေချင်တယ်” ဟု မေလ ၂၄ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် လူငယ်အများမှာ ဘိန်းစာရွက်ကို ရေဖြင့်ပြုတ်ပြီး ကိုကာကိုလာအချိုရည်၊ ချောင်းဆိုး ပျောက် ဆေး၊ အခြားဆေးဝါးများနှင့် ရောစပ်သုံးစွဲကြလေ့ရှိပြီး စိုက်ပျိုးသည့်ဒေသခံအချို့မှာလည်း ပြစ်မြူုပစ်ဒဏ်များကို သိရှိခြင်းမရှိ သည့်အတွက် အမြားအပြား စိုက်ပျိုးကြခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။