Home သတင်း Covid-19 ဂယက်‌ကြောင့် နယ်စပ်မြဝတီရှိ တနိုင်တပိုင်အထည်ချုပ်ရုံလုပ်ငန်း ၃၀ဝ ခန့် ရပ်ဆိုင်းရဖွယ်ရှိ

Covid-19 ဂယက်‌ကြောင့် နယ်စပ်မြဝတီရှိ တနိုင်တပိုင်အထည်ချုပ်ရုံလုပ်ငန်း ၃၀ဝ ခန့် ရပ်ဆိုင်းရဖွယ်ရှိ

3257
Photo: Nay Naw

ဧပြီ ၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံမှ အထည်‌အော်ဒါများဖြင့် ရပ်တည်‌နေရသည့် နယ်စပ်မြဝတီမြို့ရှိ တနိုင်တပိုင် အထည် ချုပ်လုပ်ငန်း ၃၀ဝ ‌ကျော်မှာ Covid-19 ဂယက်‌ကြောင့် အခက်အခဲအမျိုးမျိုးဖြင့် ‌ရေရှည်တွင် လုပ်ငန်းလည်ပတ်မှု မပြုလုပ်နိုင်‌တော့ဘဲ ရပ်နားထားရဖွယ်ရှိ‌ကြောင်း အထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူများက ‌ပြောသည်။

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ‌ရောဂါကူးစက်ခံရသူ ပိုမိုများပြားလာပြီး ထိုင်းအစိုးရမှ ခရီးသွား လာမှုတွင် ကန့်သတ်မှုများရှိ‌နေ၍ မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံကူးလူးသွားလာမှု ရပ်ဆိုင်းခဲ့ကာ လုပ်ငန်း လည်ပတ်မှု မရှိ‌တော့သည့်အတွက် နယ်စပ် မြဝတီမြို့ရှိ တနိုင်တပိုအထည်ချုပ် အလုပ်ရုံများ ရပ်ဆိုင်းရဖွယ် အ‌ခြေအ‌နေရှိ‌နေသည်ဟု တနိုင်တပိုင် အထည်ချုပ်လုပ်ငန်းရှင် ‌ဒေါ်ရင်‌ထွေးက ‌ပြောသည်။

၎င်းက “ကျမတို့ က ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့နဲ့ အနီးတဝိုက်မှာ‌ရောင်းချတဲ့ ‌ဈေးထည် ‌တွေပဲ ‌အော်ဒါယူချုပ်ကြတာပါ။ အခု ထိုင်းနိုင်ငံမှာက Covid-19 ကူးစက်ပျံ့ပွားမှု ဂယက်‌ကြောင် အထည်ဆိုင်‌တွေ အ‌တော်များများက ပိတ်ထားကြတယ်‌လေ။ ကျမတို့ကို အထည်‌အော်ဒါ‌ပေးတဲ့ ထိုင်းအလုပ်ရှင် ‌တွေကလည်း အသစ်ထပ်ပြီးမ‌ပေး‌တော့ တချို့အထည်ချုပ်ရုံ‌တွေက လုပ်ငန်းမလည်ပတ်နိုင်လို့ လုံးဝရပ်ဆိုင်းထားရပါတယ်။ တစ်ချိုရုံ‌တွေက‌တော့ အရင်အထည်‌အော်ဒါ‌တွေကိုပဲ လက်စသပ်ချုပ်‌နေကြရတယ်”ဟု ‌ပြောသည်။

ယခုလိုအတိုင်းသာ ဆက်သွားမည်ဆိုပါက မြဝတီမြို့ရှိ တနိုင်တပိုင် အထည်ချုပ်လုပ်ငန်း ၃၀ဝ ခန့်မှာ ရပ်ဆိုင်းရဖွယ်ရှိသည့်အတွက် စက်ရုံကို အမှီပြု၍ လုပ်ကိုင်‌နေကြသည့် အထည်ချုပ်လုပ်သား ၁၀,၀၀ဝ ‌ကျော်ခန့်သည်လည်း အလုပ်လက်မဲ့ဖြစ်ကာ ၎င်းတို့ကို မှီခို‌နေရတဲ့ မိသားစုဝင်များ၏ စားဝတ်‌နေ‌ရေးအတွက် အခက်အခဲများစွာ ရှိလာနိုင်သည်ဟု ‌နော်ရင်‌ထွေးက ဆက်‌ပြောသည်။

အထည်ချုပ် လုပ်သား ကို‌ကျော်လင်းဦးက“တံတား‌တွေ မပိတ်ခင်တုန်းက အဆင်‌ပြေတာ‌ပေါ့။ အခုတံတား ‌တွေ လည်း ပိတ်‌ကော၊ ကျ‌နော်တို့က ဟိုဖက်ကမ်းနဲ့ ဆက်သွယ်ရတဲ့အခါကျ‌တော့ အခု အဆင်မ‌ပြေဘူး‌ပေါ့။ ‌အော်ဒါ ‌တွေလည်း ‌တော်ရုံတန်ရုံ မရ‌တော့ဘူး။ ကိုယ့်မိဘဆီပြန်‌တော့လည်း အဆင်မ‌ပြေဘူး။ အ‌ပေါ်(ထိုင်း)ပြန် တက်လည်း ဟိုမှာက ပိတ်ထားတယ် ။ အခက်အခဲရှိတာ‌ပေါ့”ဟု ‌ပြောသည်။

ထို့အပြင် ချုပ်ပြီးသားအထည်များကို တဖက်ထိုင်းဘက်ခြမ်းသို့ သယ်ယူပို့‌ဆောင်ရာတွင်လည်း မြဝတီနယ်စပ်ရှိ ‌လှေဂိတ်များနှင့်တံတားများမှတဆင့် ယခင်ကဲ့သို့ သွားလာ၍ မရသည့်အတွက် ယခင်က အထည် ၅၀ဝ ပါ အ ထုပ်တစ်ထုပ်ကို ဘတ် ၃၀ဝ သာ ကုန်ကျ‌သော်လည်း ယခုအခါ ကားကြီးများဖြင့် ပို့‌ဆောင်ရသည့်အခါ သယ်ယူ စရိတ်မှာ ယခင်ကထက် ၂ ဆ ‌ကျော် မြင့်တက်လာသည်ဟုလည်း တနိုင်တပိုင် အထည်ချုပ် လုပ်ငန်းရှင်များက ‌ပြောသည်။

ထိုင်းနိုင်ငံတွင် Covid-19 ကူးစက်ခံရသူ ၂၀၀ဝ ‌ကျော်အထိရှိလာပြီး ‌နေ့စဉ် လူဦး‌ရေ ၁၀ဝ ခန့် ကူးစက်မှုရှိ‌နေ၍ ထိုင်းအစိုးရမှ ည ၁ဝ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်အား ဧပြီ ၃ ရက်‌နေ့က ထုတ်ပြန်ထား သည်။

၎င်းအပြင် ခရီးသွားလာမှုတွင် ကန့်သတ်မှုများရှိ‌နေပြီး အထည်သယ်ယူပို့‌ဆောင်ရာမှာ အခက်အခဲများရှိ‌နေ၍ နယ်စပ်မြဝတီမြို့ရှိ တနိုင်တပိုင် အထည်ချုပ်လုပ်ငန်းတချို့မှာ ရပ်ဆိုင်းထားရပြီး တစ်ချို့ အထည်ချုပ် စက် ရုံများမှာ ပြည်တွင်း‌ဈေးထည်များနှင့် နှာ‌ခေါင်းစည်း( Mask )များချုပ်ကာ လုပ်ငန်းလုံးဝ မရပ်တန့်‌အောင် ကျား ကန်ရပ်တည်‌နေရ‌ကြောင်း သိရသည်။