Home သတင်း နိုင်ငံ‌တော် ‌ထောက်ပံ့သည့်စားနပ်ရိက္ခာ ၅ မျိုးရရှိရန် မြဝတီ၌ အိမ်‌ထောင်စု နှစ်‌သောင်း‌ကျော် စာရင်းတင်ထားပြီး အိမ်‌ထောင်စု ၂၀ဝ အား စတင်‌ပေး‌ဝေ

နိုင်ငံ‌တော် ‌ထောက်ပံ့သည့်စားနပ်ရိက္ခာ ၅ မျိုးရရှိရန် မြဝတီ၌ အိမ်‌ထောင်စု နှစ်‌သောင်း‌ကျော် စာရင်းတင်ထားပြီး အိမ်‌ထောင်စု ၂၀ဝ အား စတင်‌ပေး‌ဝေ

2665
Photo: Nay Naw

ဧပြီ ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့တွင် ပုံမှန်ဝင်‌ငွေမရှိ‌သော အ‌ခြေခံလူတန်းစားများအတွက် နိုင်ငံ‌တော်မှ ‌ထောက်ပံ့ ‌ပေးသည့် စားနပ်ရိက္ခာ ၅ မျိုးရရှိရန် အိမ်‌ထောင်စု (၂၄,၀၁၈) စု စာရင်းတင်ထားပြီး ယ‌နေ့ (ဧပြီလ ၁ဝ ရက်) နံနက် ၁ဝနာရီခန့်က အမှတ်(၄)ရပ်ကွက်‌နေ အိမ်‌ထောင်စု ၂၀ဝ စာကို စတင်‌ပေး‌ဝေခဲ့‌ကြောင်း သိရသည်။

မြဝတီမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက “မြဝတီမြို့‌ပေါ် ရပ်ကွက် ၅ ခုနဲ့ ‌ကျေးရွာအုပ်စု ၁၁ စု တို့မှ ပုံမှန်ဝင်‌ငွေမရှိတဲ့ အိမ်‌ထောင်စု ၂၄,၀၁၈ စုစာအတွက် နိုင်ငံ‌တော်မှ ‌ထောက်ပံ့‌ပေးတဲ့ စားနပ်ရိက္ခာ ၅ မျိုး ရရှိ ‌စေဖို့ စာရင်းတင်ထားပါတယ်။ ဒီ‌နေ့မှာ‌တော့ အိမ်‌ထောင်စု ၂၀ဝ စာအတွက် ရိက္ခာပစ္စည်းများ‌ရောက်လာ၍ စတင်‌ပေး‌ဝေခြင်းများ ပြုလုပ်‌နေပါတယ်။”ဟု ‌ပြောသည်။

ထို့အပြင် နံနက်ဖြန်တွင်လည်း နိုင်ငံ‌တော်မှ‌ထောက်ပံ့‌ပေးသည့် အိမ်‌ထောင်စု ၁,၀၀ဝ စာအတွက် ရိက္ခာ ပစ္စည်းများကို မြို့‌ပေါ်ရပ်ကွက် ၅ ခုတွင် တစ်ရပ်ကွက်လျှင် အိမ်‌ထောင်စု ၂၀ဝ စာစီ‌ပေး ‌ဝေသွားရန်ရှိပြီး ကျန်ရှိသည့် အိမ်‌ထောင်စုများကိုလည်း ‌ထောက်ပံ့‌ရေး ရိက္ခာပစ္စည်းများ ‌ရောက်လာသည်နှင့် ဆက်လက် ‌ဝေမျှ‌ပေးသွားမည်ဟုလည်း မြို့နယ်အုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

ထိုသို့ ပုံမှန်ဝင်‌ငွေမရှိ‌သော အ‌ခြေခံလူတန်းစားများကို နိုင်ငံ‌တော်မှ ‌ထောက်ပံ့‌ပေးသည့် အိမ်‌ထောင်စု ၂၀ဝ စာအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် အစရှိသည့်စားနပ်ရိက္ခာ ၅ မျိုးကို လွှဲ‌ပြောင်း‌ပေး အပ်ခြင်းအခမ်း အနားကို ယ‌နေ့ ဧပြီလ ၁ဝ ရက်နံနက် ၁ဝနာရီခန့်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ‌မေတ္တာလမ်း၊ ‌တောရဘုန်း ကြီး‌ကျောင်း၌ ပြုလုပ်ခဲ့သည်။

Photo: Nay Naw

အခမ်းအနားသို့ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်း၊ ဦးသန့်ဇင်‌အောင်၊ ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သက်လင်း ဦး၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးမင်းလွင်၊ ခရိုင် ဥပ‌ဒေအရာရှိ ဦး‌စောသိန်း‌ဖေမြင့်၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးမှူး ဦးသီဟနိုင်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဖြိုးမင်း‌ဇော်၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ကျော်သူရည်နှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့‌ပေါ်(၅)ရပ်ကွက်မှ အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်‌နေပြည်သူများ (၁၀၀)ဦးခန့် တတ်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပုံမှန်ဝင်‌ငွေမရှိ‌သော အိမ်‌ထောင်စု(၅၀)စုအား အိမ်‌ထောင်စု(၁)စုလျှင် စား‌သောက် ကုန်(၅) မျိုးဖြစ်‌သော ဆန်(၈) ပြည်၊ ကြက်သွန်နီ(၁)ပိဿာ၊ ဆီ(၅၀)ကျပ်သား၊ ဆား (၅၀)ကျပ်သား၊ ကုလားပဲ (၁)ပိဿာတို့အား ‌ထောက်ပံ့‌ပေခြင်း၊ ရပ်ကွက်အတွင်း ‌နေထိုင်လျက်ရှိသည့် ပုံမှန်ဝင်‌ငွေမရှိ‌သော အိမ် ‌ထောင်စု(၁၅၀)စုအား အိမ်တိုင်ရာ‌ရောက်‌ထောက်ပံ့‌ပေးခြင်းများ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။