Home သတင်း ‌ရေတွင်းထဲ မျက်မှန် ဆင်းဆယ်ရာမှ ပန်းရံလုပ်သား ၃ ဦး‌သေဆုံးမှု မြဝတီမြို့တွင် ဖြစ်ပွား

‌ရေတွင်းထဲ မျက်မှန် ဆင်းဆယ်ရာမှ ပန်းရံလုပ်သား ၃ ဦး‌သေဆုံးမှု မြဝတီမြို့တွင် ဖြစ်ပွား

5293
Photo: Nay Naw

ဧပြီ ၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်၊ ပတ္တမြားမယ် စက်သုံးဆီ အ‌ရောင်းဆိုင်ဝင်းအတွင်းရှိ ‌ရေတွင်းထဲ သို့ပြုတ်ကျသည့် ဝရိန်မျက်မှန်ကို ဆင်းဆယ်ရာမှ ‌အောက်စီဂျင်ပြတ်ကာ ပန်းရံလုပ်သား ၃ ဦး ‌သေဆုံးမှု ယမန် ‌နေ့ ဧပြီလ ၃ ရက်‌နေ့ ည ၆နာရီ ခန့်က ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

မြဝတီ-မယ်‌ထော်သ‌လေးသွားကားလမ်း‌ဘေး ပတ္တမြားမယ် စက်သုံးဆီအ‌ရောင်းဆိုင်ဝင်းအတွင်းရှိ အချင်း ၃ ‌ပေ၊ အနက် ၂ဝ ‌ပေ၊ ‌ရေအနက် ၇ ‌ပေ၊ ကွန်ကရစ်‌ခွေ‌ရေတွင်းထဲ၌ ည ၅ နာရီခွဲ အချိန်ခန့်က လူ ၃ ဦး ‌သေဆုံး‌နေ ‌ကြောင်းသတင်းအရ မြို့နယ်မီး သတ်ဦးစီးမှူး(ယာယီ)ကိုကိုဦး၊ အရန်မီးသတ်ဦးစီး ဦး‌အောင်စိုးနှင့် တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲဝင်များ၊ လူမှုကယ်ဆယ်‌ရေးအသင်းများနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများသွား‌ရောက်ကာ ချက်ချင်း ကူညီကယ်ဆယ်‌ရေး လုပ်‌ဆောင်ခဲ့‌သော်လည်း ၃ ဦးစလုံးမှာ ‌သေဆုံးသွားခဲ့‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ မီးသတ်ဦးစီးမှူး ဦးကိုကိုဦးက “ခြံဝင်းခတ်ထားသည့် သံတိုင်နှင့်‌ဘေးအကာအား ဂ‌ဟေ‌ဆော်စဉ် မျက်မှန်ကျသွားလို့ ဆင်းဆယ်ရင်းဖြစ်တာ။ ကျတာက‌တော့ ‌နေ့လည်တည်းကကျတာ၊ အလုပ် သိမ်းချိန်‌ရောက်‌တော့ သူတို့ ပစ္စည်းကို ပြန်လိုချင်လို့ ဆင်းဆယ်တာ၊ ‌ရေတွင်းထဲမှာက ဆီ‌ငွေ့‌တွေနဲ့ ‌အောက်စီဂျင်ပြတ်‌နေတာကို မသိ‌တော့ တစ်‌ယောက်နဲ့ တစ်‌ယောက် ဆယ်တင်ဖို့ကြိုးစားကြရင်း အသက်ရှုကြပ်ပြီး ၃ ဦးစလုံး ‌သေဆုံးရခြင်းဖြစ်တယ်” ဟု သုံးသပ်‌ပြောဆိုသည်။

Photo: Nay Naw

ထိုသို့ ‌ရေတွင်းထဲမှ ဆယ်တင်ပြီး အသက် မီလို‌ဇောဖြင့်‌ဆေးရုံပို ့‌သော်လည်း သုံးဦးလုံးမှာ ‌သေဆုံးသွားခဲ့သည်။ ‌သေဆုံးသူများမှာ မြဝတီမြို့ ‌မေတ္တာ‌လေးမြိုင်‌ကျေးရွာ‌နေ ကိုရဲ(ခ) ရဲရင့်‌အောင် ၂၅နှစ်၊ ကိုထွန်းထွန်း(၄၅)နှစ်နှင့် ကိုထွန်းထွန်းနိုင် (၄၅)နှစ်တို့ဖြစ်ကြပြီး ၎င်းတို့သည် အခင်းဖြစ်‌နေရာ မြဝတီမြို့အမှတ် ၃ ရပ်ကွက် မြဝတီ-မယ်‌ထော်သ‌လေးသွားကားလမ်း‌ဘေး ပတ္တမြားမယ် စက်သုံးဆီဆိုင်ဝင်းအတွင်း ကွန်ကရစ်လမ်းနှင့် သွပ်ကာ သံတိုင်ခြံဝင်း ‌ဆောင်ရွက်သည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်‌နေကြ သူများဖြစ်သည်ဟု သိရသည်။

အဆိုပါ မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ပတ္တမြားမယ် စက်သုံး ဆီအ‌ရောင်းဆိုင်ဝင်းအတွင်းရှိ ‌ရေတွင်းထဲတွင် ပန်ရံ လုပ်သား ၃ ဦး‌သေဆုံးခြင်းနှင့်ပတ်သက်၍ မြဝတီမြို့မရဲစခန်း၏ ‌သေမှု‌သေခင်း အမှတ်စဉ် ၂၀/၂၀၂ဝ ဖြင့် အမှု ဖွင့်ပြီး စစ်‌ဆေး‌ဆောင်ရွက် ‌နေ‌ကြောင်း သိရသည်။