Home သတင်း ‌နေရပ်ပြန်လာမည့်သူများအား စိုးရိမ်မှုမလွန်ကဲဘဲ ‌နွေး‌ထွေးမှုဖြင့် ဝိုင်းဝန်းကူညီဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

‌နေရပ်ပြန်လာမည့်သူများအား စိုးရိမ်မှုမလွန်ကဲဘဲ ‌နွေး‌ထွေးမှုဖြင့် ဝိုင်းဝန်းကူညီဖို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

2279

ဧပြီလ ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံမှတဆင့် ပြည်တွင်းသို့ ဒုတိယအသုတ်ပြန်လည်ဝင်‌ရောက်လာရန်ရှိသည့် ‌နေရပ်ပြန်များအ‌ပေါ် ပြည် နယ်သူပြည်နယ်သားများ အ‌နေဖြင့် စိုးရိမ်‌ကြောက်ရွံ့မှုမလွန်ကဲဘဲ ‌နွေး‌ထွေးမှုဖြင့် ဝိုင်းဝန်းကူညီ‌ပေးကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က တိုက်တွန်း‌ပြောကြားလိုက်သည်။

ထိုင်းဘက်ခြမ်းမှ ဧပြီလကုန်အထိ ပိတ်ထားသည့် မြန်မာ-ထိုင်းနယ်စပ် ခရီးသွားလာမှုများကို ‌မေလဆန်းတွင် ပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် ထိုမှတဆင့် ထပ်မံ‌ရောက်ရှိလာနိုင်သည့် ‌နေရပ်ပြန်များအ‌ပေါ် စိုးရိမ်ပူပန် မှုများနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ်က ယ‌နေ့ ဧပြီလ ၂၁ ရက်‌နေ့တွင် ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်က“ ‌ထောင်ချီရှိတဲ့သူ‌တွေကို ကျမတို့ Quarantine ထားရတာအင်မတန်မှ အန္တရာယ်များပါတယ်။ ‌နေ့တိုင်းလည်း စိတ်ပူ‌နေရတယ်။ ဒီတစ်သုတ်ထွက်သွားလို့ရင်ထဲမှာ ‌ပေါ့သွား‌ပေမယ့် ‌နောက်လာမယ့်အဖွဲ့ကို ကျမတို့ကြိုပြီးစိတ်ပူ‌နေရတယ်။ ပိုပြီး‌တော့လည်းအန္တရာယ်ကြီးတယ်။ တစ်ခုခုဖြစ်လို့ Lock down လုပ်လိုက် တယ်ဆိုရင် ကျမတို့ ကရင်ပြည်နယ်ထဲမှာ အဲ‌လောက်အင်အားကို ကျမတို့ ကရင်ပြည်နယ်ကလူ‌တွေက ဝိုင်း ဝန်းပံ့ပိုးနိုင်ရဲ့လား‌ပေါ့။ အဲဒီ‌တော့ ကျမ‌ပြောချင်တာက ဘာမှမ‌ကြောက်ပါနဲ့။ ဒါ‌ကြောင့် အခုပြန် လာမယ့် သူ‌တွေကို ‌နွေး‌နွေး‌ထွေး‌ထွေးနဲ့ ဝိုင်းဝန်းကူညီ‌ပေးပါလို့ ကျမ‌ပြောချင်ပါတယ်”ဟု သတင်း‌ထောက်များ၏ ‌မေးမြန်းမှုအ‌ပေါ် ထိုသို့ပြန်လည်‌ဖြေကြားသည်။

လက်ရှိတွင် COVID-19 ကပ်‌ရောဂါ ကာကွယ်ထိန်းချုပ်နိုင်‌ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ Facility Quarantine Center များတွင် ထားရှိပြီး ကျန်းမာ‌ရေး‌စောင့်ကြည်မှု သတ်မှတ်ရက်ပြည့်‌မြောက်ပြီ ဖြစ်သည့် ‌နေရပ်ပြန် လူဦး‌ရေ ၁,၁၀ဝ ‌ကျော်ကို ယ‌နေ့ ဧပြီလ ၂၁ ရက်‌နေ့တွင် ‌နေရပ်သို့အသီးသီးပြန်လည်ပို့‌ဆောင်‌ပေး ပြီးဖြစ်သည်။

နယ်စပ် မြဝတီအပါအဝင် သက်ဆိုင်ရာ Facility Quarantine Center များမှတဆင့် ‌နေရပ်ပြန်သို့ ယ‌နေ့ ‌နေ့လည်ထွက်ခွာသူအများစုမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်‌ရောက်လာသူ ‌နေရပ်ပြန်များဖြစ်ပြီး ၎င်းတို့မှာ မန္တ‌လေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ ရှမ်း၊ မွန်၊ ‌နေပြည်‌တော်၊ မ‌ကွေး၊ ပဲခူးနှင့် တနသင်္ာရီစသည့်‌နေရပ်များ မှဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ်အတွင်း အစိုးရ၏ စီမံ‌ဆောင်ရွက်မှုများဖြင့် ‌စောင့်ကြည့်စင်တာများဖြစ်သည့် Facility Quarantine Center များတွင် ‌နေထိုင်ပြီး ကျန်းမာ‌ရေး‌စောင့်ကြည့်မှုခံယူခဲ့သူ ၁,၉၀ဝ ‌ကျော်နှင့် ရပ်ရွာအတွင်း Community Quarantine ကျန်းမာ‌ရေး‌စောင့်ကြည့်မှုခံယူခဲ့သူ ၁,၅၀ဝ ‌ကျော် စုစု‌ပေါင်း ၃,၅၀ဝ ‌ကျော် ရှိ‌နေသည်ဟု သိရသည်။

၎င်းတို့အများစုမှာ သက်ဆိုင်ရာ Quarantine Center များတွင်‌နေထိုင်ပြီး ကျန်းမာ‌ရေး‌စောင့်ကြည့်မှု သတ်မှတ်ကာလပြည့်‌မြောက်ပြီးသူများဖြစ်သည်ဟု သိရသည်။