Home သတင်း လိင်‌ဖျော်‌ဖြေ‌ရေး လုပ်‌နေသည်ဟု ‌ကျော်‌ဇောသည့်အိမ်ကို ဝင်‌ရောက်ရှာ‌ဖွေ Live လွင့်သူ ၆ ဦးကို ရုံး ထုတ်

လိင်‌ဖျော်‌ဖြေ‌ရေး လုပ်‌နေသည်ဟု ‌ကျော်‌ဇောသည့်အိမ်ကို ဝင်‌ရောက်ရှာ‌ဖွေ Live လွင့်သူ ၆ ဦးကို ရုံး ထုတ်

9540
Photo: Nay Naw

ဧပြီ ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ‌ကျောက်လုံးကြီးလမ်းနှင့် ‌ဟေမာန်ဦးသုသာန်သွား လမ်း ဆုံအနီးတွင် လိင်‌ဖျော်‌ဖြေ‌ရေးလုပ်ငန်းလုပ်‌နေသည်ဟု ‌ကျော်‌ဇောသည့် ‌နေအိမ်ကို လူမှုကွန် ယက်တွင် တိုက်ရိုက် (Live) ထုတ်လွင့်ကာ ဝင်‌ရောက်ရှာ‌ဖွေမှု ပြုလုပ်ခဲ့သူ ၆ ဦးအား ယ‌နေ့ (ဧပြီလ ၂ဝ ရက်) တွင် မြဝတီမြို့နယ် တရားရုံး၌ ချုပ်ရမန်ယူရန် ရုံးထုတ်ခဲ့‌ကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်‌နေ့ ညပိုင်းက လူမှုကွန်ယက်တွင် ပြည့်တန်ဆာရုံဝင်ဖမ်းမည်ဟု တိုက်ရိုက် Live လွင့်ကာ ဝင်‌ရောက်ရှာ‌ဖွေခဲ့ကြသည့် မြဝတီမြို့မှ ‌ရွှေ့‌ပြောင်းအလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌ပေး ‌နေသူ AAC အဖွဲ့မှ ကိုရဲမင်းအပါအဝင် တက်ကြွလှုပ်ရှားသူ ၆ ဦးအား ပုဒ်မ ‌လေးခုဖြင့် ဧပြီလ ၁၇ ရက်‌နေ့က မြဝတီမြို့မရဲစခန်းတွင် အမှုဖွင့်ထိန်းသိမ်းထားပြီး ယ‌နေ့ ချုပ်ရမန်ယူရန် ရုံးထုတ်ခဲ့ခြင်းဖြစ် သည်။

AAC ကိုရဲမင်းနှင့် အဖွဲ့အား ‌ရှေ့‌နေလိုက်‌ပေးသူ တရားလွှတ်‌တော်‌ရှေ့‌နေ ကိုမျိုး‌အောင်က “ရဲက‌နေပြီး အမှုတည်‌ဆောက်ဆဲကာလဆို‌တော့ သူတို့‌တွေကို တရားရုံးက အာမခံ‌ပေးလို့ မရ‌သေးပါဘူး။ ရဲက လည်း အာမခံမ‌ပေး‌တော့ ဒီရက်ပိုင်း အချုပ်ထဲမှာ ‌နေကြရပါဦးမယ်။ ဒီ‌နေ‌တော့ တရားရုံးမှာ ချုပ်ရမန် လာယူတာ အမှုကို‌တော့ လာမယ့် ‌မေလ ၁ ရက်‌နေ့မှာ ရုံးချိန်း ထပ်ချိန်းထားတယ်” ဟု ‌ပြောသည်။

မြဝတီ မြို့အမှတ် ၄ ရပ်ကွက် ‌ကျောက်လုံးကြီးလမ်းနှင့် ‌ဟေမာန် ဦးသုသာန်ဘက်သို့သွားရာလမ်းတွင် “နဒီလှိုင်း”အမည်ရှိ မီး‌ရောင်မှိတ်တုတ် မှိတ်တုတ်ဖြင့် ဖွင့်လှစ်‌သော အ‌အေးဆိုင်အမည်ခံ မာဆတ် ဆိုင်တွင် လူအများ‌ပျော်ပါး‌နေသည်ဟုသတင်းအရ Covid-19 ကာကွယ်သည့်အ‌နေဖြင့် သွား‌ရောက် ဖမ်းဆီးခြင်းဖြစ်ရာ အပိုင်ရာအိမ်မှူး ပါဝင်ခဲ့‌သော်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ ့ မပါဝင်သည့်အတွက် ပိုင်နက်ကျူးလွန်မှုဖြင့်အမှုဖွင့်အ‌ရေးယူခံခဲ့ရခြင်းဖြစ် သည်ဟု အမှုဖွင့်ခံရသူ ကိုရဲမင်းနှင့်တက်ကြွလှုပ်ရှားသူများဘက်က ‌ပြောသည်။

ဧပြီလ ၂ဝ ရက်‌နေ့တွင် ချုပ်ရမန်ယူရန် တရားရုံး ပထမရုံးချိန်းအပြီး တရားရုံးမှ အချုပ်ကားသို့ တက် စဉ် ကိုရဲမင်းတို့အဖွဲ့က “ပြည်သူအများသိတဲ့ ဖာရုံကို ဝင်‌ရောက်ဖမ်းတဲ့သူ‌တွေ အဖမ်းခံရတဲ့အတွက် မြဝတီမြို့က ဖာရုံ‌တွေ တရားဝင်ဖြစ်ပြီးလား။ ဖာရုံကိုဝင်ဖမ်းလို့ တရားစွဲခံရတာ၊ ဖာရုံ‌တွေဖွင့်ထားတာ ကို အများပြည်သူသိ‌အောင်လို့ တင်ပြ‌ပေးတာ၊ ဒီလိုကိုဗစ်ကာလမှာ ဖာရုံ‌တွေ မဖွင့်‌စေချင်လို့ပါ။”ဟု ‌ပြောဆိုခဲ့သည်။

Photo: Nay Naw

မြဝတီမြို့အမှတ် ၄ ရပ်ကွက် ‌ကျောက်လုံးကြီး‌အောက်လမ်းရှိ “နဒီလှိုင်း” ဆိုင်ပိုင်ရှင် မတင်မာဝင်းက ဧပြီလ ၁၆ ရက်‌နေ့ည ၁၁း၃ဝ အချိန်ခန့်က အမျိုးသား ၆ ဦးမှ တုတ်များကိုင် ‌ဆောင်ကျူး‌ကျော် လာ သည်ဟုဆိုကာ မြဝတီရဲစခန်းတွင်အမှုဖွင့်ခဲ့သည့်အတွက် ရဲမင်း(ခ)ရဲမင်းကြည်၊ သူရိန်မင်းထွန်း၊ ‌အောင်‌ကျော်စိုး၊ ထွန်းထွန်း၊ ဝင်းနိုင်၊ ‌စောလမင်း(ခ) ‌စော‌ကျော်သီဟဝင်း တို့ ၆ ဦးအား မြဝတီရဲစ ခန်းမှ (ပ)၃၄၆/၂ဝ၂ဝ ရာဇသတ်ကြီး ပုဒ်မ ၄၅၁/၄၅၆ ဖြင့် အမှုဖွင့်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အုပ်ချုပ်‌ရေးအဖွဲ့ဝင်များအား ဂုဏ်သိက္ခာကျဆင်း‌စေရန် လူမှု ကွန်ယက်စာမျက်နှာမှတစ်ဆင့်ပြုလုပ်ခဲ့သည့်အတွက် အမှတ် ၃ ရပ်ကွက် ငှက်‌ပျော‌တောရပ်‌နေ ရဲမင်း(ခ)ရဲမင်းကြည်(၃၈)နှစ်နှင့် ‌ရေပူ‌ကျေးရွာ အမှတ် ၅ ရပ်ကွက်‌နေ သူရိန်မင်းထွန်း(၃၈)နှစ်တို့ ၂ဦးအား ဒုရဲအုပ်မင်းမင်းထွန်းမှ တရားလိုပြုလုပ် တိုင်ကြားမှု‌ကြောင့် မြဝတီရဲစခန်းမှ(ပ) ၃၄၇/၂ဝ၂ဝ၊ ဆက်သွယ်‌ရေးဥပ‌ဒေပုဒ်မ ၆၆ (ဃ) ဖြင့်လည်း‌ကောင်းအမှုဖွင့်ထား‌ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် ၂ ရပ်ကွက်‌နေ ပြည်သူတစ်ဦးဖြစ်‌သော ဦးစိုးမြင့်ကလည်း “အခင်းဖြစ်တဲ့‌နေရာဟာ တကယ်ပဲ ပြည့်တန်ဆာရုံဆိုတာ အမှန်အတိုင်းသိရတယ်။ ဘယ်လိုကြုံဖူးလဲဆို‌တော့ တာဝန် သိပြည်သူ‌တွေအ‌နေနဲ့ လမ်းသွားရင်းနဲ့ပဲ ပြည့်တန်ဆာအိမ်ဆိုတာ သိရတယ်။ လူ‌တွေအဝင် အထွက်‌တွေရှိတယ်” ဟု ဆိုသည်။

မြဝတီ မြို့ အမှတ် ၄ ရပ်ကွက် ‌ကျောက်လုံးကြီးလမ်းနှင့် ‌ဟေမာန် ဦးသုသာန်ဘက်သို့သွားရာလမ်းရှိ အဆိုပါ အခင်းဖြစ်ပွားရာ လိင်‌ဖျော်‌ဖြေ‌ရေးလုပ်ငန်း လုပ်‌နေသည်ဟု ‌ကျော်‌ဇောသည့်‌နေအိမ်ကို ယခု အချိန်တွင် ချိတ်ပိတ်ထားသည်ဟု ရပ်ကွက် ‌နေပြည်သူများက ‌ပြောသည်။