Home သတင်း ဖားအံ-ရန်ကုန်အ‌ဝေး‌ပြေးယာဉ်လိုင်း ၃ လိုင်းသာ ‌ပြေးဆွဲ

ဖားအံ-ရန်ကုန်အ‌ဝေး‌ပြေးယာဉ်လိုင်း ၃ လိုင်းသာ ‌ပြေးဆွဲ

3679

ဧပြီလ ၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

Covid -19 ကူးစက်‌ရောဂါ‌ကြောင့် ဖားအံ – ရန်ကုန် ယာဉ်လိုင်း‌ပြေးဆွဲ‌နေမှုများကို ‌လျှော့ချမှုများပြုလုပ်‌နေပြီး လက်ရှိ ဖားအံ-ရန်ကုန်အ‌ဝေး‌ပြေးယာဉ်လိုင်း ၃လိုင်းသာ ‌ပြေးဆွဲ‌တော့သည်ဟု ကရင်ပြည်နယ် ဖားအံမြို့ ယာဉ်လိုင်း‌ပေါင်းစုံ ထိန်းသိမ်း‌ရေး‌ကော်မတီထံမှ သိရသည်။

အဆိုပါ ‌ပြေးဆွဲသည့် ယာဉ်လိုင်း ၃ လိုင်းမှာ ‌ရွှေဖားစည်၊ ‌ရွှေမြန်မာနှင့် မိဘဂုဏ်စသည့် ယာဉ်လိုင်းများဖြစ်ပြီး နံနက်တစ်ချိန် ညတစ်ချိန်ဖြင့် ယာဉ်လိုင်း ၁ လိုင်းလျှင်အသွားအပြန် ကား ၄ စီးဖြင့်သာ ‌ပြေးဆွဲ‌နေ‌ကြောင်း ဖားအံမြို့ ‌မော်‌တော်ယာဉ်လိုင်း‌ပေါင်းစုံ ထိန်းသိမ်း‌ရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်က ‌ပြောသည်။

၎င်းက“အခုက ခရီးသွား‌တွေသိပ်မရှိ‌တော့ဘူး။ အများအားဖြင့် ကရင်ပြည်မှာ အလုပ်လာလုပ်တဲ့ ‌နေ့စား အလုပ်သမား‌တွေ များတယ် ။ အလုပ်အဆင်မ‌ပြေ‌တော့လို့ ပြန်သွားရတာဆို‌တော့ မန္တ‌လေးလို ၂ ခုံကို တစ်ခုံပဲ‌ပေးထိုင်ပြီး ပိုက်ဆံ တိုး‌ကောက်လည်းမရဘူး။ ကားခ ၅၅၀ဝ ပုံမှန်ပဲယူတယ်။ ယာဉ်လိုင်းဆက်ဆွဲ ‌နေ‌တော့ ကရင်ပြည်နယ်ကို တစ်ချို့ အလှူရှင်‌တွေက ရန်ကုန်က‌ဆေးဝါးပစ္စည်း‌တွေလှူဒါန်းတာ‌တွေရှိ တဲ့အ‌ပေါ်မှာလည်း အ‌ထောက်အကူရတာ‌ပေါ့။ နိုင်ငံ‌တော်က‌နေပြီး ‌အောင်မဂင်္လာ အ‌ဝေး‌ပြေးဂိတ် Lockdown မချတဲ့အထိ‌တော့ ဒီယာဉ်လိုင်း‌တွေကို ‌ပြေးဆွဲသွားမှာပါ” ဟု ဦးသိန်းတန်က ‌ပြောသည်။

ယခုကဲ့သို့ ယာဉ်‌ပြေးဆွဲမှု‌လျှော့ချလိုက်ခြင်းမှာ ယာဉ်လိုင်း ပိုင်ရှင်များ၏ သ‌ဘောဆန္ဒများကိုရယူကာ ‌ရောဂါ ကာကွယ်ခြင်းအားဖြင့် မိမိသ‌ဘောဆန္ဒအတိုင်းသာ လုပ်‌ဆောင်ခြင်းဖြစ်ပြီး ယခင် ယာဉ်စီးခနှုန်းထား များအ တိုင်းသာ ဆက်လက်‌ပြေးဆွဲ‌နေ‌ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများက ‌ပြောသည်။

ထို့အတူ ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်မှ နယ်စပ်ဂိတ်ပိတ်လိုက်သည့်အတွက် မြဝတီသွားလာသည့်သူများ နည်းလာသည့်အ‌ပေါ် ဖားအံမှ မြဝတီသို့ အိမ်စီးကားနှင့် လိုင်းကား ‌ပြေးဆွဲသည့် သူများလည်း‌လျော့ နည်း လာ‌ကြောင်းသိရသည်။

ဖားအံမှ မြဝတီသို့ အိမ်စီးကားနှင့် လိုင်းကား‌ပြေးဆွဲ‌နေသည့် ‌စောပိုက်‌ထွေးက“ နယ်စပ်ပိတ်လိုက်‌တော့ ဘယ် သူမှ မြဝတီကို မသွား‌တော့ဘူး။ ဒါ‌ပေမယ့် စားဝတ်‌နေ‌ရေးအရ မဖြစ်မ‌နေသွားလာ‌နေတဲ့ ကိုယ့်ခရီးသည်‌တွေ လည်း ရှိ‌သေး‌တော့ ကားသမား‌တွေက ခရီးသည်‌တွေ မျှ‌ဝေရတာ‌ပေါ့။ ကျ‌နော်က ရက်ခြားပြီးကား ‌ပြေးဆွဲရ‌သေးတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မြဝတီမှ ရန်ကုန်သို့ မဖြစ်မ‌နေသွားရမည့် သူအချို့တွင်လည်း ဖားအံမြို့ အ‌ဝေး‌ပြေးဂိတ်မှတစ်ဆင့် ကားသွား‌ရောက်စီးသည့် သူများလည်းရှိသည်ဟု သိရသည်။

ကရင်ပြည်နယ် ဖားအံမြို့အ‌ဝေး‌ပြေးကားဂိတ်တွင် ရန်ကုန်၊ မန္တ‌လေး ၊ ‌တောင်ကြီး ‌နေပြည်‌တော် ပုသိမ် စသည့် ယခင် ‌ပြေးဆွဲသည့်ယာဉ်လိုင်း‌ပေါင်း ၃ဝ ရှိ‌ကျော်ရှိ‌သော်လည်း လက်ရှိဖြစ်ပွား‌နေသည့် ကူးစက်မြန် ‌ရောဂါ အ ‌ခြေအ‌နေ‌ကြောင့် ယခုလ ၁ရက်‌နေကစပြီး ‌ပြေးဆွဲသည့်ယာဉ်လိုင်းများ ‌လျှော့ချလိုက်ကာ ဖားအံ-ရန်ကုန် အ ‌ဝေး‌ပြေးလမ်း‌ကြောင်းတစ်ခု ထဲသာ ‌ပြေးဆွဲ‌တော့သည်ဟု သိရသည်။