Home သတင်း ဖာပွန်‌ဒေသ ပဋိပက္ခ ‌ကေအဲန်ယူနှင့် စစ်တပ် အပြန်အလှန် စွပ်စွဲ၊ ကန့်ကွက်စာများ ‌ပေးပို့

ဖာပွန်‌ဒေသ ပဋိပက္ခ ‌ကေအဲန်ယူနှင့် စစ်တပ် အပြန်အလှန် စွပ်စွဲ၊ ကန့်ကွက်စာများ ‌ပေးပို့

5109

ဧပြီလ ၇ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မူတ‌ရော်(ဖာပွန်)‌ဒေသတွင် လှုပ်ရှား‌နေသည့် မြန်မာ့တပ်မ‌တော်သည် (NCA)ပါ အချက်များကို ချိုး‌ဖောက်ခဲ့‌ကြောင်း KNLA တပ်မဟာ(၅)က ဧပြီလ (၅)ရက်‌နေ့တွင် ပဲခူးတိုင်း‌ဒေသကြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-S)သို့ ကန့်ကွက်စာ ‌ပေးပို့သကဲ့သို့ ဖာပွန်မြို့နယ်အတွင်း လမ်းလုံ ခြုံ‌ရေး ‌ဆောင်ရွက်‌ပေးလျက်ရှိသည့် တပ်မ‌တော်စစ်‌ကြောင်းအား KNU အဖွဲ့က ‌နှောင့်ယှက်ပစ်ခတ်သည်ဟု တပ်မ ‌တော်ကာကွယ်‌ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂ရက်‌နေ့တွင် သတင်းထုတ်ပြန်ထားသည်။

KNU လက်‌အောက်ခံ၊ KNLA တပ်မဟာ(၅)၏ ကန့်ကွက်စာ၌ မတ်လ ၂၃ရက်‌နေ့က ‌မော်ဖူး(ယွန်းစလင်း)နှင့် ‌ကော် ‌သွေးခို အ‌ခြေစိုက် မြန်မာ့တပ်မ‌တော် တာဝန်ရှိသူများအ‌နေဖြင့် ‌တောမီးရှို့ခြင်း‌ကြောင့် ခုတ်ပြီးခါစ ‌လေး‌ဂေါ် ‌ဒေသ ခံရွာသားများ၏ ‌တောင်ယာ (၇)ခင်း မီး‌လောင်ပျက်စီးသွားသလို ထိုရက်တွင်ပင် ကဲဒဲစိုနှင့် ကူခိုစခန်းရှိ မြန်မာစစ် တပ်၏ တာဝန်ရှိသူများသည် ကူ‌ဒေးနှင့် တာကူဒဲ ‌ကျေးရွာများတည်ရှိရာ ‌နေရာအနီးတစ်ဝိုက်သို့ လက်နက်ကြီး၉လုံး ပစ်ချခဲ့ပြီး ၎င်း‌ဒေသရှိ ရွာသားများ အသစ်တဖန် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်းလည်း ‌ဖော်ပြထားသည်။

ထို့‌ကြောင့် ‌ဘောစဲခို၊ ဖလပ်ခို၊ ‌မော်ဖူး၊ လယ်မူပ‌လော၊ ‌စောမူပ‌လော၊ ‌ခေးပူနှင့် ထို‌ဒေသအတွင်းရှိ ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်‌အောက်ခံ တပ်စခန်းအားလုံးမှ မြန်မာစစ်တပ်တာဝန်ရှိသူများအ‌နေဖြင့် ‌ဒေသခံ ကရင်တိုင်းရင်း သားများ၏ အခွင့်အ‌ရေးချိုး‌ဖောက်မှုများပြုလုပ်‌နေသလို NCAပါ အခန်း(၂)၊ အပိုဒ်(၇)၏ အပိုဒ်ခွဲ (က၊ ဂ၊ စ၊ တ၊ ထ) စသည့်အချက်များကို ချိုး‌ဖောက်‌နေ‌ကြောင်းနှင့် ၎င်းလုပ်ရပ်များအ‌ပေါ် အပြန်အထန်ကန့်ကွက်‌ကြောင်းလည်း KNU တပ်မဟာ (၅)ဘက်က ဆိုသည်။

သို့‌သော် တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ်ရုံး၏ ဧပြီးလ ၂ရက်‌နေ့က ထုတ်ပြန်ထားချက်အရ ပဲခူးတိုင်း၊ ‌ကျောက် ကြီးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ‌ဒေသဖွံ့ဖြိုး‌ရေးအ‌ထောက်အကူပြုလမ်းများနှင့် တပ်ရိက္ခာပို့ လမ်း‌ကြောင်းများအတွက် ဆိုင်ရာအဖွဲ့အစည်းများနှင့် ကြိုတင်ညှိနှိုင်း၍ လမ်း‌ဖောက်လုပ်လျက်ရှိပြီး တပ်မ‌တော်စစ် ‌ကြောင်းမှ လိုအပ်သည့် လမ်းလုံခြုံ‌ရေးလုပ်ငန်းများ ‌ဆောင်ရွက်လျက်ရှိ‌နေစဉ် ‌ကေအဲန်ယူဘက်က ပြီးခဲ့သည့်လများ အတွင်း ‌နှောက်ယှက်ပစ်ခတ်မှု၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့‌ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုများတွင် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလမှစ၍ ယ‌နေ့အချိန်ထိ ထိ‌တွေ့မှု အကြိမ် (၄၀)၊ မိုင်းနင်း မိုင်းကွဲမှု (၂၃)ကြိမ်၊ မိုင်း‌ထောင်တိုက်ခိုက်မှု ၃ကြိမ်၊ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များမှ ‌ဒေသန္တရလုပ်မိုင်း ‌ဖော်ထုတ်ရရှိမှု ၁၈ကြိမ် (၂၅လုံး)ရှိ‌ကြောင်းနှင့် အဆိုပါ‌နှောက်ယှက်ပစ်ခတ်မှု၊ မိုင်းခွဲတိုက်ခိုက်မှုများအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာချုပ်၊ JMC-S၊ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးဌာနတို့မှ ‌ကေအဲန်ယူ ဗဟိုနှင့်သက်ဆိုင်ရာသို့ သတိ‌ပေးကန့်ကွက်စာ အ‌ကြောင်းကြားစာ ၉၄ကြိမ်‌ပေးပို့ခဲ့ပြီးဖြစ်‌ကြောင်းနှင့် လိုအပ်သည့် လုပ်ငန်းများကို ဆက်လက် ‌ဆောင်ရွက်လျက်ရှိ သည်ဟုလည်း ‌ဖော်ပြပါရှိသည်။

ထိုသို့လုပ်ငန်းများ ဆက်လက်လုပ်‌ဆောင်‌နေစဉ်အတွင်း ပြီးခဲ့သည့် ဧပြီလ ၁ ရက်‌နေ့က ‌ဘော်စဲခို-လွယ်မူပ‌လော တွင် လမ်းလုံခြုံ‌ရေး ‌ဆောင်ရွက်‌နေသည့် တပ်မ‌တော်စစ်‌ကြောင်းကို ‌ဘော်စဲခို၏ အ‌နောက်‌မြောက် မီတာ ၈,၀၀ဝ အကွာမှ အင်အား (၇)ဦးရှိသည့် KNU တပ်ဖွဲ့ဝင်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် လာ‌ရောက် ‌နှောက် ယှက်ပစ်ခတ်ခဲ့‌ကြောင်း၊ တပ်မ‌တော်စစ်‌ကြောင်းမှ ပြန်လည်ပစ်ခတ်ခဲ့ရ‌ကြောင်းနှင့် ပစ်ခတ်မှုအပြီး ရှင်းလင်းမှု ပြု လုပ်စဉ် အရပ်ဝတ် ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်တစ်ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့‌ကြောင်းလည်း တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားခဲ့သည်။

သို့‌သော် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဧပြီလ ၁ရက်‌နေ့က ထုတ်ပြန်သည့် ‌ကေအဲန်ယူ၏ ထုတ်ပြန်ချက်၌ ရိက္ခာ သွားဝယ်အပြီးအပြန်တွင် လမ်းဖြတ်ကူး‌သော ‌ဒေသခံရွာသားများကို တပ်မ‌တော်ဘက်မှ ပစ်ခတ်မှုပြုလုပ်ရာ ‌စောသက်မီး ‌ခေါ် ‌ဒေသခံ လူထု‌ခေါင်း‌ဆောင်တစ်ဦး ထိမှန်‌သေဆုံးသွား‌ကြောင်း ထုတ်ပြန်‌ပြောဆိုခဲ့သည်။

အလားတူ ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက်-KPSN မှ ၎င်းအပစ်ခံရသူမှာ စစ်‌ပြေး‌ရှောင် IDP များ အတွက် လိုအပ်သည့် စားနပ်ရိက္ခာများသွားဝယ်အပြီး အပြန်တွင် ပစ်ခတ်ခံခဲ့ရ‌ကြောင်းနှင့် ‌သေဆုံးသွားသူ ‌စောသက်မီးသည် သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်အတွင်း ‌ကျေးရွာပိုင်ဘုံသစ်‌တောတစ်ခု၏ ‌ကော်မတီဝင် ‌ခေါင်း ‌ဆောင်တစ်ဦးဖြစ်သလို ‌ကော်‌သေးဂူ ‌ခေါ် ‌ဒေသတစ်ခု၏ တရားစီရင်‌ရေး ‌ကော်မတီ၏ ဒုတိယ တရားသူကြီး တစ်ဦးလည်းဖြစ်‌ကြောင်း သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်က ဧပြီလ ၃ရက်‌နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ‌ကေအဲန်ယူ၏ တွဲဖက်အတွင်း‌ရေးမှူး -၂ ပဒို‌စောလှထွန်းက “တပ်မ ‌တော်ရဲ့ သတင်းထုတ်ပြန်ချက်အ‌ပေါ် မှာ‌ပြော ချင်တာရှိတယ်။ တခုက လမ်း‌ဖေါက်ဖို့ဆိုတာ လက်ရှိမှာ KNU ဖက် က မ‌ဖောက်‌စေချင်‌သေးသလို လူထုကလည်း မလိုလားပါဘူး။ အဲဒါကို အတင်းရ‌အောင်‌ဖောက်မယ်ဆို‌တော့ တဖက်သတ် ဇွတ်ပြီးလုပ် ‌ဆောင်တာပဲ။ NCA မှာ နှစ်ဖက်ညှိနှိုင်းသ‌ဘောတူမှသာ လုပ်‌ဆောင်နိုင်ခွင့်ရှိကြ တာဖြစ် တယ်။ အခုက တဖက်သတ်ပါပဲ။ တပ်မ‌တော်က သူ့‌နေရာမှာ သူ‌အေး‌အေး‌ဆေး‌ဆေး‌နေရင် ဘာပြဿနာမှ ဖြစ်လာစရာ အ‌ကြောင်းမရှိဘူး၊ ထိ‌တွေ့မှု‌တွေလည်း မဖြစ်လာနိုင်ဘူး၊ အခုက KNU ရဲ့ သတ်မှတ်‌နေရာ‌တွေ ‌ကျော်လုပ်လာ‌တော့ ထိ‌တွေ့မှု‌တွေဖြစ်တယ်။ လူထုလည်း အ‌ကြောက်တရား‌အောက်က‌နေ ထွက်‌ပြေးတိမ်း ‌ရှောင်ရမှု‌တွေ ရှိလာတယ်၊ ဖြစ်လာတယ်။ လူထုကို ထိခိုက်‌စေတဲ့ လုပ်‌ဆောင်မှုမျိုး‌တွေကို မလုပ်ရဘူးလို့ NCA မှာပါထားသလို၊ CoC မှာလည်းပါထားတယ်၊ အခုက လူထုကို ‌သေဆုံး‌စေခဲ့တယ်ဆို‌တော့ တပ်မ‌တော်က NCA ကို ချိုး‌ဖောက်တာပဲ၊ ဒီလိုလှုပ်ရှားမှုမျိုးကို လုံးဝလက်မခံနိုင်ပါဘူး။ တပ်မ‌တော်က သူ့ရဲ့ အမှားအတွက် သူဝန်ခံဖို့လိုပါတယ်။”ဟု ‌ပြောသည်။

ထို့အပြင် နှစ်ဘက်တာဝန်ရှိသူများ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့စဉ်က လမ်း‌ဖောက်လုပ်‌ရေးကိစ္စ မပါဝင်သလို တပ်ဖွဲ့ဝင်များအတွက် ရိက္ခာ‌ရောက်ရှိ‌အောင် မည်သို့ပို့‌ဆောင်ရ‌ရေးကိုသာပါဝင်ပြီး ရိက္ခာ‌ရောက်ရှိ‌ရေးအတွက် ညှိနှိုင်းပါက ဖြစ်နိုင်‌ကြောင်း၊ ယခုကမူ ရိက္ခာ‌ရောက်ရှိ‌ရေးထက် လမ်း‌ဖောက်လုပ်‌ရေးကိစ္စကိုသာ တကဲကဲ လုပ်‌ဆောင်သည့်အတွက် မှန်ကန်သည့် နည်းလမ်းမဟုတ်‌ကြောင်း ပဒို‌စောလှထွန်းက ဆက်‌ပြောသည်။

NCA စာချုပ်ပါ နှစ်ဖက်တပ်များ ‌လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၏ အခန်း(၂) အရပ်သားပြည်သူနှင့် ပတ်သက်၍ ‌စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများပါ အပိုဒ် (၇) အပိုဒ်ခွဲ (က၊ဂ၊စ၊တ၊ထ)အရ ပြည်သူလူထု၏ စားဝတ်‌နေ‌ရေး၊ ကျန်းမာ‌ရေး၊ ပညာ‌ရေးနှင့် ‌ဒေသန္တရဖွံ့ဖြိုးတိုးတက်တို့အတွက် လိုအပ်‌သောပံ့ပိုးကူညီမှုများ ညှိနှိုင်းပူး‌ပေါင်း ‌ဆောင်ရွက်ရန်၊ ‌ဒေသခံများကို အဓမ္မ‌နေရပ်စွန့်ခွာ‌စေခြင်း၊ ‌ရွှေ့‌ပြောင်း‌စေခြင်း မပြုလုပ်ရ၊ ‌ဒေသခံများ၏ ‌မြေယာများကို အဓမ္မသိမ်း ပိုက်ခြင်း၊ လွှဲ‌ပြောင်းခြင်းမပြုရတို့ ပါရှိသည်။

ထို့အပြင် အပစ်ရပ်နယ်‌မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် ‌ဆောင်ရွက် ‌ပေး‌ရေးနှင့် အရပ်သားပြည်သူများ စိုးရိမ်‌ကြောင့်ကြမှုမရှိဘဲ အပစ်ရပ်နယ်‌မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့် ‌ပေးရန်တို့လည်း ပါရှိသည်။