Home သတင်း နယ်‌မြေအတွင်း ကူးစက်‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး ခရိုင်၊ မြို့နယ်နှင့် ‌ကျေးရွာအသီးသီးကို KNU ညွှန်ကြားချက်ထုတ်

နယ်‌မြေအတွင်း ကူးစက်‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး ခရိုင်၊ မြို့နယ်နှင့် ‌ကျေးရွာအသီးသီးကို KNU ညွှန်ကြားချက်ထုတ်

3360

ဧပြီ ၁၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

KNU -ကရင်အမျိုးသားအစည်းအရုံး နယ်‌မြေအတွင်း COVID-19 ‌ရောဂါ ကာကွယ်ထိန်းချုပ်‌ရေး နည်းလမ်းနှင့် စည်းမျဉ်းစည်းကမ်းများပါ ညွှန်ကြားချက်တစ်‌စောင်ကို ၎င်းတို့ ခရိုင်(၇)ခုအပါအဝင် သက်ဆိုင်ရာ မြို့နယ်‌ကျေး ရွာအသီးသီးကို KNU ဗဟိုမှ ယမန်‌နေ့ (ဧပြီ ၁၅) ရက်စွဲဖြင့် ‌ပေးပို့ခဲ့‌ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။

ကမ္ဘာတစ်ဝှမ်း‌ရောဂါပြန့်ပွားမှု ဖြစ်‌ပေါ်‌နေဆဲကာလနှင့် အလားတူ မြန်မာနိုင်ငံတွင်လည်း ‌ရောဂါပိုး ကူးစက်ခံရ သူများ ပိုမို‌တွေ့ရှိလာမှုအ‌ပေါ် ‌ကေအဲန်ယူ နယ်‌မြေအတွင်း ‌ရောဂါပိုးကူးစက်ပြန့်ပွားမှု မဖြစ်‌ပေါ်‌စေ‌ရေးအတွက် ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့(WHO)၏ ညွှန်ကြားချက်ပါ နည်းလမ်းများနှင့်အညီ ညွန်ကြားချက်များ‌ပေးပို့ခဲ့‌ကြောင်း ‌ကေအဲန်ယူ အတွင်း‌ရေးမှူး (၁) ပဒို‌စောဆဲပွယ်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ နယ်‌မြေထဲမှာ‌တော့ ကူးစက်ခံရတာမျိုး ဖျားနာတာမျိုး‌တော့ မ‌တွေ့ရ‌သေးဘူး။ ဒီလို ‌ရောဂါ မျိုး ကျ‌နော်တို့ နယ်‌မြေမှာ ဝင်‌ရောက်ကူးစက်တာမျိုးမဖြစ်ဖို့နဲ့ ကမ္ဘာအဝန်းက ကာကွယ်‌နေကြသလို ကျ‌နော် တု့ိ လည်းပဲ ဒီကမ္ဘာ‌ပေါ်မှာ လူသားမျိုးနွယ်တစ်မျိုး အ‌နေနဲ့‌ကော ကိုယ့်နယ်‌မြေ‌ဒေသရှိ‌နေတဲ့ အ‌နေအထား အ‌ပေါ် မှာ ကိုယ်အုပ်ချုပ်တဲ့ နယ်‌မြေအတွင်း ဝင်‌ရောက်ကူးစက်တာမျိုးမဖြစ်ဖို့အတွက် ကြိုတင်ကာကွယ်ခြင်း ဖြစ် တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ KNU ၏ ညွှန်ကြားချက်တွင် နယ်‌မြေအဝင်အထွက် သွားလာမှုများကို စစ်‌ဆေး‌ဆောင်ရွက်ရန်၊ ပြည်ပ နှင့် မြို့ပြ‌ဒေသမှ မိမိ‌ကျေးရွာ‌ဒေသသို့ ပြန်‌ရောက်လာသူများကို ‌စောင့်ကြည့်‌ရေး (Quarantine) အစီအစဉ်နှင့် ၎င်း‌စောင့်ကြည့်‌ရေး စည်းမျဉ်းစည်းကမ်းများ၊ ‌ဒေသတွင်း ကျန်းမာ‌ရေးဝန်ထမ်းများ၊ လုံခြုံ‌ရေးနှင့် ‌ဒေသတွင်း အာဏာပိုင်များနှင့် ပူး‌ပေါင်း‌ဆောင်ရွက်‌ရေး လုပ်ငန်းစဉ်ပါ ခရိုင်၊ မြို့နယ်၊ ‌ကျေးရွာအုပ်စု၊ ‌ကျေနယ် ‌ဒေသအ ဆင့်လိုက် လိုက်နာ‌ဆောင်ရွက်ရမည့် အချက်များပါဝင်သည်။

လတ်တ‌လောတွင်လည်း KNU ထိန်းချုပ်နယ်‌မြေများအတွင်း သက်ဆိုင်ရာကျန်းမာ‌ရေး ဝန်ထမ်းများနှင့် လူငယ် များမှ ကူးစက်မြန်‌ရောဂါနှင့်ပတ်သက်၍ အသိပညာ‌ပေးမှုများ၊ လုံခြုံ‌ရေးအရ စစ်‌ဆေး‌ဆောင်ရွက်မှုများကို လုပ်‌ဆောင်‌နေသလို နီးစပ်ရာ ထိုင်း၊ မြန်မာကျန်းမာ‌ရေး တာဝန်ရှိသူများနှင့် KNU ကျန်းမာ‌ရေး တာဝန်ရှိသူများ ချိတ်ဆက်‌ဆောင်ရွက်မှုများလည်းရှိ‌ကြောင်း KNUက ‌ပြောသည်။

ထို့အပြင် လက်ရှိ ကပ်‌ရောဂါ ထိန်းချုပ်ကာကွယ်‌ရေးအတွက် ပညာ‌ပေးလုပ်ငန်းများ လုပ်‌ဆောင်ရာတွင် KNU တပ်မဟာ (၅) နယ်‌မြေ‌ဒေသများတွင် မြန်မာ့တပ်မ‌တော်ဘက်မှ မလိုလားသည့် အပြုအမူများ လုပ်‌ဆောင် ‌နေ‌ကြောင်း ထို့အတွက် ကပ်‌ရောဂါကို အတူတကွ ထိန်းချုပ်ကာကွယ်နို်င်‌ရေးအတွက် တပ်မ‌တော် အ‌နေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှုကို ‌ကြေညာနိုင်မှသာ ပိုမိုထိ‌ရောက်မည့် ကာကွယ်ထိန်းချုပ်မှုပုံစံရ ရှိမည်ဟုလည်း ပဒို‌စောဆဲပွယ်က ဖြည့်စွက်‌ပြောသည်။

အလားတူ KNU (ဗဟို) တရား‌ရေးဌာနမှ COVID-19 ‌ကြောင့် ဖြစ်‌ပေါ်လာနိုင်သည့် မလုံခြုံမှုများနှင့် တရား‌ရေး ဆိုင်ရာ တားဆီးကာကွယ်ခြင်း လမ်းညွှန်ပါ အချက်များကိုလည်း ပြီးခဲ့သည့် ဧပြီလ (၁၃)ရက် ‌နေ့က ထုတ်ပြန်‌ကြေညာထားသည်။

မြန်မာနိုင်ငံ ကျန်းမာ‌ရေး နှင့် အားကစားဝန်ကြီးဌာန၏ ယ‌နေ့ (ဧပြီလ ၁၆ရက် ) နံနက် ၁ဝ နာရီအချိန်ထိ ထုတ် ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် ‌ရောဂါပိုး စစ်‌ဆေး‌တွေ့ရှိရသူ‌ပေါင်း ၈၅ အထိရှိပြီး ‌သေဆုံးသူ ၄ ဦးရှိကာ ပြန် လည် ‌ကောင်းမွန်သူ (၂)ဦးရှိသည်။

အလားတူ ကမ္ဘာတစ်ဝှမ်း ‌ရောဂါ ကူးစက်ခံရသူ‌ပေါင်း နှစ်သန်း‌ကျော်ရှိပြီး ‌သေဆုံးသူ‌ပေါင်း တစ်သိန်း‌ကျော်ရှိကာ ၅သိန်း‌ကျော် ပြန်လည်‌ကောင်းမွန်လာ‌ကြောင်း ကမ္ဘာတစ်ဝှမ်း ထုတ်ပြန် ထားသည့် စာရင်းများအရ သိရသည်။