Home သတင်း ထိုင်းနိုင်ငံတွင်း ‌နေထိုင်ခွင့်ကာလတိုးခြင်းနှင့် ပြည်‌တော်ပြန်ဝင်‌ရေးကိစ္စအ‌ပေါ် အလုပ်သမားအ‌ရေး‌ဆောင် ရွက်သူများ သတိ‌ပေး

ထိုင်းနိုင်ငံတွင်း ‌နေထိုင်ခွင့်ကာလတိုးခြင်းနှင့် ပြည်‌တော်ပြန်ဝင်‌ရေးကိစ္စအ‌ပေါ် အလုပ်သမားအ‌ရေး‌ဆောင် ရွက်သူများ သတိ‌ပေး

11759
Photo: Nay Naw

ဧပြီလ ၂၅ ရက်၊ ၂၀၂ဝခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားအလုပ်သမားများအတွက် ‌နေထိုင်ခွင့် သက်တမ်းကို ဇူလိုင်လကုန်အထိတိုး‌ပေး လိုက်ခြင်းနှင့် လာမည့်‌မေလ ၁ရက်‌နေ့တွင် မိမိ‌နေရပ်ပြန်သွားကြမည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ အ‌နေဖြင့် အယူအဆမလွဲမှား‌စေရန် အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက သတိ‌ပေး‌ပြောကြား လိုက်သည်။

ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားအလုပ်သမားများအတွက် အ‌ရေး‌ပေါ်ကာလအတွင်း အလိုအ‌လျောက် ‌နေထိုင်ခွင့် သက်တမ်းကာလတိုးလာခြင်းသည် ထိုင်းနိုင်ငံတွင် တစ်ဆက်တစ်စပ်တည်း‌နေထိုင်မှသာ အကျုံးဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ပြန်ဝင်ပြီး ‌စောင့်ဆိုင်း၍ မရနိုင်‌ကြောင်း မြန်မာပြည်သားများအ‌ရေးပူးတွဲလှုပ်ရှားမှု ‌ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

၎င်းက “‌မေလတစ်ရက်‌နေ့‌နောက်ပိုင်း သူများ‌တွေ ‌နေရပ်ပြန်လို့ ကိုယ်က ပြန်သွားပြီးဆိုရင် ထိုင်းနိုင်ငံမှာ မိမိ က ရှိမ‌နေတဲ့အတွက် ဒီလို အလိုအ‌လျောက်သက်တမ်းတိုးခံစားခွင့်‌တွေကို ရမှာမဟုတ်ဘူး။ တချို့ရဲ့ စဉ်းစား ချက်‌တွေက လွဲ‌နေတယ်။ ထိုင်းနိုင်ငံက ‌ပေးတဲ့ အ‌ရေး‌ပေါ်ကာလ ‌ကြေညာချက်‌တွေကို မြန်မာနိုင်ငံ ဘက်ကို အထွက်ပြပြီး မြန်မာနိုင်ငံမှာ‌နေရင်းနဲ့ စာရွက်စာတမ်းသက်တမ်းတိုးတာ‌တွေ Name list တင်ထားရုံနဲ့ နိုဝင် ဘာလ ၃ဝရက်‌နေ့အထိ ဘာစာရွက်စာတမ်း ပြစရာလုပ်စရာမလိုဘဲနဲ့ ခံစားခွင့် အဲ့ဒါ‌တွေကို မြန်မာနိုင်ငံ မှာ ထိုင်ပြီး ခံစားခွင့်ကို တချို့‌တွေးတာ‌တွေရှိပါတယ်။ အဲ့ဒါ ‌တော်‌တော်ကိုလွဲပါတယ်။” ဟု ‌ပြောသည်။

ထို့အပြင် လတ်တ‌လော မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ကြုံ‌တွေ့ ခံစား‌နေရသည့် အလုပ်လက်မဲ့ပြဿနာ၊ အလုပ်ထုတ်ပယ်ခံရခြင်းနှင့် အလုပ်ရုံပိတ်သိမ်းခြင်း‌ကြောင့် ဝင်‌ငွေမရှိသည့် ပြဿနာများကို စာနာ နားလည် ‌သော်လည်း မိမိအ‌နေဖြင့် မိမိ‌နေရပ်ကို ပြန်သင့် မပြန်သင့်ကို ချင့်ချိန်စဉ်းစားသွားရန်လည်း လိုအပ်‌ကြောင်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

ထိုင်းပြည်ထဲ‌ရေး ဝန်ကြီးဌာန၏ ဧပြီလ ၂၁ရက်‌နေ့ ‌ကြေညာချက်အရ နိုင်ငံခြားသားများနှင့် ‌ရွှေ့‌ပြောင်း အလုပ် သမားများအား ယခင် ပထမ‌နေထိုင်ခွင့်သက်တမ်း ‌မေလ ၁ ရက်‌နေ့အထိ ‌ပေးထားခြင်းကို ဒုတိယ အကြိမ် အဖြစ် ဇူလိုင်လ ၃၁ရက်‌နေ့အထိ တိုး‌ပေးထားသည်။ ထိုင်းနိုင်ငံအတွင်း အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ရောက်ရှိ‌နေကြပြီး ‌မေလ ၂၆ရက်‌နေ့ ‌နောက်ပိုင်း ‌နေထိုင်ခွင့်သက်တမ်း ကုန်ဆုံးသွားသည့် နိုင်ငံကူး လက်မှတ် ကိုင်‌ဆောင်သူ မြန်မာနိုင်ငံသားများအ‌နေဖြင့်လည်း လူဝင်မှုကြီးကြပ်‌ရေးရုံးသို့ သွား‌လျှောက်ထားစရာမလိုဘဲ အလိုအ‌လျောက်‌နေထိုင်ခွင့်ရရှိကြမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ထိုင်းအလုပ်ရှင်များမှ Name List အမည်စာရင်းတင်‌ပေးထားခံရသူများအ‌နေဖြင့်လည်း ယခင် ဇွန်လ ကုန်အထိ အလိုအ‌လျောက် ‌နေထိုင်ခွင့်သက်တမ်းရရှိထားခြင်းကိုလည်း လာမည့် နိုဝင်ဘာလ ကုန်အထိ စာ ရွက်စာတမ်း သက်တမ်းတိုးရန်မလိုဘဲ အလိုအ‌လျောက်‌နေထိုင်ခွင့်ကို ထိုင်းအစိုးရမှ အထူးအခွင့်အ‌ရေး အ‌နေ ဖြင့် ဆက်လက်‌နေထိုင်ခွင့်ပြုသွားရန်လည်း ‌ကြေညာထားပြီး သက်တမ်းကုန် စာအုပ်များဖြင့် ‌နေရပ်ပြန်ခွင့် ရှိ၊ မရှိအ‌ပေါ် ‌ကြေညာထားခြင်းမရှိ‌ကြောင်းသိရသည်။

လက်ရှိ ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်‌ရောဂါပိုး ကူးစက်ခံရသူများထဲတွင် မြန်မာနိုင်ငံသား ၁၇ဦးပါဝင် ‌နေပြီး ထိုင်းနိုင်ငံ၌ ညမထွက်အရ အမိန့်ကို ‌မေလကုန်အထိ ဆက်လက်ချမှတ်ထားမည်ဖြစ်ကာ ‌ရောဂါ ‌စောင့်ကြည့်‌ရေး ကာလကိုလည်း ဇွန်လအထိ ‌စောင့်ကြည့်သွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။

ထိုင်းအစိုးရအ‌နေဖြင့် အလိုအ‌လျောက်‌နေထိုင်ခွင့်သက်တမ်းကာလများ တိုး‌ပေးထား‌သော်လည်း ထိုင်းနိုင်ငံ အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားအချို့မှာ အလုပ်ရုံ၊ စက်ရုံများပိတ်သိမ်းခြင်း‌ကြောင့် အလုပ်ပြုတ်ခြင်း နှင့် အလုပ် လက်မဲ့ဖြစ်သွားသူအများအပြားရှိ‌နေပြီး ဆက်လက်‌နေထိုင်စား‌သောက်ရန်အတွက် အခက်အခဲများ ကြုံ‌တွေ့‌နေရ‌ကြောင်း အလုပ်သမားများက ဆိုသည်။

ဘန်‌ကောက်ရှိ အိမ်တွင်းအလုပ်ရုံ အလုပ်သမ မမြမျိုးက “အခု တချို့ အလုပ်ပိတ်လို့ AACက ဆန်‌တွေ စားစ ရာ‌တွေ သွားလှူ‌ပေးရတာ‌တွေရှိတယ်။ ကျမကျ‌တော့ အိမ်အလုပ်ရုံက လုံးလုံးမပိတ်ဘူး။ လုံးလုံးပိတ်ရင် သူ ‌လျော်‌ကြေး‌ပေးရမယ်‌လေ။ ပထမ‌တော့ သူတို့ ‌ကြေညာထားတာက (၇၅)ရာခိုင်နှုန်း အလုပ်ရှိလည်း‌ပေးမယ်၊ မရှိလည်း‌ပေးမယ်။ အခု‌နောက်ပိုင်း ကျမ ၂ဝရက်‌နေ့က ပိုက်ဆံသွားထုတ်‌တော့ ပြန်‌ကြေညာ လိုက်တယ်။ လုပ်တဲ့ခပဲ‌ပေးမယ် မလုပ်ရင်မရဘူး။ ဒီ‌နေ့လုပ်ရင် ဒီ‌နေ့တစ်ရက်ခရမယ်။ တစ်လလုံးမှ ၅ ရက်‌လောက်ပဲ အလုပ်ကဆင်းလို့ရ‌တော့ စားစရိတ် အခန်းစရိတ်ဘယ်လို‌ပေးမလဲ”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းအပြင် အလုပ်သမားများအ‌နေဖြင့် ယခင်စု‌ဆောင်းထားသည့် ‌ငွေ‌ကြေးများဖြင့် ထိုင်စား‌နေကြရပြီး ‌နေရပ်ပြန် ရန်ပင် လမ်းစရိတ်အခက်အခဲများ ဖြစ်‌နေကြကာ ၎င်းတို့၏ အခက်အခဲများကိုလည်း နှစ်နိုင်ငံ အစိုးရ များအ‌နေဖြင့် ကူညီ‌ပေး‌စေလို‌ကြောင်း မမြမျိုးက ဖြည့်စွက်‌ပြောသည်။

ထိုင်းနိုင်ငံ၏ လူမှုဖူလုံ‌ရေး ရန်ပုံ‌ငွေ ‌ထောက်ပံ့‌ရေးအစီအစဉ်အရ အလုပ်ရှင်မှ လုပ်ငန်းများရပ်ဆိုင်းပိတ်သိမ်း ပါက အလုပ်သမားကာကွယ်‌စောင့်‌ရှောက်‌ရေး ဥပ‌ဒေနှင့် နစ်နာ‌ကြေး အကျိုးခံစားခွင့်များအရ အလုပ်ရှင်မှ ‌လျော်‌ကြေး‌ငွေ‌ပေးရမှာဖြစ်သလို လူမှုဖူလုံ‌ရေးရန်ပုံ‌ငွေမှ အလုပ်လက်မဲ့ဖြစ်ခြင်းအတွက် အလုပ်အကိုင်အသစ် ရရှိချိန်အထိ လုပ်အားခ၏ ၇ဝ ရာခိုင်နှုန်းအား ရက်‌ပေါင်း ၂၀ဝ ထက်မ‌ကျော်ဘဲ ခံစားခွင့်ရမည်ဖြစ်သည်။

ကပ်‌ရောဂါကာလအတွက် အစိုးရမှ အလုပ်ရှင်အား လုပ်ငန်းရပ်ဆိုင်းထားရန် အမိန့်ထုတ်ထားခြင်းအတွက် အလုပ်လက်မဲ့ဖြစ်သွား‌သော အလုပ်သမားများအတွက် လစာ၏ ၆၂ ရာခိုင်နှုန်းအတွက် ၎င်းကာလတွင် နစ်နာ‌ကြေးအဖြစ် ရက်‌ပေါင်း (၉၀)အထိ လူမှုဖူလုံ‌ရေးရုံးထံမှ ရရှိမည်ဖြစ်သည်။ ၎င်းထက်ရက်‌ကျော်လွန်ပါက အလုပ်သမားဝန်ကြီးဌာနမှပြန်လည်သုံးသပ်‌ပေးမည်ဖြစ်သလို အလုပ်ရှင်မှ ကပ်‌ရောဂါကာလ လုပ်ငန်းရပ်နား ထားပါကလည်း လစာ၏ (၆၂)ရာခိုင်နှုန်းကို လူမှုဖူလုံ‌ရေးရုံးတွင် အလားတူ ရရှိမည်ဖြစ်သည်။

ယ‌နေ့ ‌နောက်ဆုံးအချိန်ထိ ထုတ်ပြန်ထားသည့် စာရင်းများအရ ‌ရောဂါပိုး ကူးစက်ခံထားရသူ စုစု‌ပေါင်း (၂,၉၀၇) ဦးရှိပြီး ‌သေဆုံးသူ ၅၁ ဦးရှိကာ ပြန်လည်‌ကောင်းမွန်လာသူ (၂,၅၄၇)ဦးရှိ‌ကြောင်းသိရသည်။