Home သတင်း ထိုင်းနယ်စပ်ဂိတ်မှတစ်ဆင့် ‌နေရပ်ပြန်မည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ကိုယ်‌ရေးအချက်အလက်များ ဖြည့်သွင်းရန် လိုအပ်

ထိုင်းနယ်စပ်ဂိတ်မှတစ်ဆင့် ‌နေရပ်ပြန်မည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ကိုယ်‌ရေးအချက်အလက်များ ဖြည့်သွင်းရန် လိုအပ်

4538
Photo: Nay Naw

ဧပြီ ၂၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

‌မေလ ၁ ရက်‌နေ့မှစ၍ ထိုင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာပြည်သို့ ပြန်လည်ဝင်‌ရောက်လာမည့် မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားများအ‌နေဖြင့် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးသို့ ကိုယ်‌ရေး အချက်အလက် များမပျက်မကွက် ဖြည့်သွင်းရန် လိုအပ်မည်ဖြစ်‌ကြောင်း ယ‌နေ့ (ဧပြီလ ၂၆ရက် ) ‌နေ့စွဲဖြင့် အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန် အသိ‌ပေးနှိုး‌ဆော်လိုက်သည်။

အ‌ကြောင်းအမျိုးမျိုး‌ကြောင့် မဖြစ်မ‌နေ ‌နေရပ်ပြန်ရမည့် အလုပ်သမားများ၏ အင်အားစာရင်းကို သိရှိရန်အပြင် အခက်အခဲ မရှိ‌စေဘဲ ‌နေရပ်ပြန်နိုင်‌စေရန်နှင့် ကျန်းမာ‌ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည့် အစီအမံများ စီစဉ်‌ဆောင်ရွက်နိုင်ရန်အတွက် ယခုလို နှိုး‌ဆော်တိုက်တွန်းခြင်းဖြစ်‌ကြောင်း အလုပ်သမားသံ အ ရာရှိရုံးက ဆိုသည်။

ဧပြီလ ၃ဝ ရက်‌နေ့ ‌နောက်ပိုင်း မြဝတီ-မဲ‌ဆောက် နယ်စပ်ဂိတ် စတင်ဖွင့်လှစ်ပါက မြန်မာ‌ရွှေ့‌ပြောင်း အလုပ် သမားများအ‌နေဖြင့် အင်အားအလုံးအရင်းဖြင့် ‌နေ့စဉ် ပြန်လည်ဝင်‌ရောက်ပါက ‌နေရပ်ပြန် အင်အားနှင့် စိစစ် လက်ခံနိုင်သည့် အင်အား ကန့်သတ်မှုရှိနိုင်ခြင်း၊ ကျန်းမာ‌ရေး အခက်အခဲများဖြစ်‌ပေါ်လာနိုင်ခြင်း၊ ခရီးသွား လာစရိတ်၊ ‌နေထိုင်စား‌သောက်စရိတ်နှင့် အခြားမလိုလားအပ်‌သော အုပ်ချုပ်မှုကိစ္စများဖြစ်‌ပေါ်နိုင်ခြင်း‌ကြောင့် သံအရာရှိရုံးမှ ယခုလိုအသိ‌ပေးခြင်းဖြစ်သည်။

မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဘန်‌ကောက်မှာရှိတဲ့ အ လုပ်သမားသံအရာရှိရုံးက ‌ပေးလိုက်တဲ့ လူဦး‌ရေစာရင်းဇယားအတိုင်းပဲ ကား‌တွေကို စီစဉ်‌ပေးမှာဖြစ်တယ်။ အဲ့ဒီ list ထဲမှာ မပါတဲ့သူ‌တွေက‌တော့ ကား‌တွေအစစ်အ‌ဆေးခံရမှာပဲ။ အဲ့ဒီ list ထဲမှာပါတဲ့ အခါကျ‌တော့ စနစ် ကျတယ်‌လေ။ လမ်းခရီးစဉ်တစ်‌လျှောက်မှာလည်း အရင်ကလို မလိုလားအပ်စွာ‌သော အစစ်အ‌ဆေး ‌မေးမြန်းမှု‌တွေ ဘာ‌တွေ တခါတည်းမရှိ‌တော့ဘူး။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် အလားတူ တာဝန်ရှိသူများ၏ စီစဉ်‌ဆောင်ရွက်ထားမှုများအရ ကိုယ်‌ရေးအချက်အလက်များ ဖြည့် သွင်းတင်ပြခြင်းမရှိဘဲ ‌နေရပ်ပြန်သွားပါက အခက်အခဲများကြုံ‌တွေ့ရနိုင်‌ကြောင်းနှင့် အဆိုပါ အချက်အ လက် များ ဖြည့်သွင်းပြီးပါက ကားလက်မှတ်မှစ၍ အခြား‌သော စာရွက်စာတမ်း ‌ထောက်ခံစာ စသည့်လမ်းခရီး အ တွင်း ကြုံ‌တွေ့ရနိုင်သည့် အခက်အခဲများကို ‌ပြေလည်သွားနိုင်‌ကြောင်းလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ထားသည့်အသိ‌ပေးနှိုး‌ဆော်မှုအရ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား များ အ‌နေဖြင့် ‌ဖော်ပြပါ Link ( https://forms.gle/kbxdZLLVbmDM7NYJ9 )ထဲသို့ ဝင်၍ သက်ဆိုင်ရာ မိမိ၏ ကိုယ်‌ရေး အချက်အလက်များကို ဖြည့်သွင်းသွားရမည်ဖြစ်ပြီး ဖြည့်သွင်းရမည့် ပုံစံညွှန်ကြားမှု အဆင့်ဆင့်ကို လည်း အလုပ်သမားသံအရာရှိရုံး၏ Facebook လူမှုကွန်ရက်ဖြစ်သည့် Myanmar Labour Attache Office – Thailand တွင် အ‌သေးစိတ်‌ဖော်ပြထားသည်။

၎င်းအပြင် ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် COVID-19 ‌ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်‌စေ‌ရေးအတွက် ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် လူထုအ‌ခြေပြု ကုသ ‌စောင့် ကြည့်မှု‌ပေးခြင်း (Community-based Facility Quarantine) ၂၁ရက်နှင့် မိမိ‌နေအိမ်တွင် သီးခြား‌နေထိုင်ခြင်း ၇ ရက် ကာလ စုစု‌ပေါင်း ၂၈ကို မပျက်မကွက် လိုက်နာ‌ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်‌ကြောင်းလည်း အလုပ်သမားသံအရာရှိရုံးမှ ထပ်မံအသိ‌ပေးနှိုး‌ဆော်ထားသည်။

အလားတူ စကင်္ာပူ၊ ထိုင်းနှင့် ဂျပန်နိုင်ငံသို့‌ရောက်ရှိပြီး ပြန်လာရန် အခက်အခဲ ကြုံ‌တွေ့‌နေရသည့် မြန်မာနိုင်ငံ သားများကိုလည်း အကူအညီ‌လေယာဉ်ဖြင့် ပြန်‌ခေါ်ရန်စီစဉ်‌နေ‌ကြောင်း အဆိုပါသံရုံးများက ထုတ်ပြန် ထား‌ကြောင်းလည်း သိရသည်။