Home သတင်း တာ့ခ်ခရိုင်အတွင်း နိုင်ငံခြားသား‌ရွှေ့‌ပြောင်းအလုပ်သမားများ ခရီးသွားလာခွင့် စတင်ပိတ်ပင်

တာ့ခ်ခရိုင်အတွင်း နိုင်ငံခြားသား‌ရွှေ့‌ပြောင်းအလုပ်သမားများ ခရီးသွားလာခွင့် စတင်ပိတ်ပင်

2918
Photo: Nay Naw

ဧပြီလ ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်း နိုင်ငံခြားသား‌ရွှေ့‌ပြောင်းအလုပ်သမားများ ခရီးသွားလာခွင့်ကို Covid-19 ထိန်းချုပ်ကာကွယ်‌ရေး စီမံချက်အရ ယခုလ ဧပြီ ၁ ရက်(ယ‌နေ့)မှစ၍ စတင်ပိတ်ပင်လိုက်ပြီးဖြစ်‌ကြောင်း တာ့ခ်ခရိုင် အာဏာပိုင်များက ယ‌နေ့ ထုတ်ပြန်‌ကြေညာလိုက်သည်။

ပြီးခဲ့သည့်မတ်လ ၂၅ရက်‌နေ့တွင်ပြုလုပ်သည့် ထိုင်းလူဝင်မှုကြီးကြပ်‌ရေး၊ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှု ဖွံဖြိုးတိုးတက်‌ရေးဝန်ကြီးဌာန ၃ ခု အစည်းအ‌ဝေး၏ ‌ဆွေး‌နွေးချက်များအ‌ပေါ်အ‌ခြေခံ၍ မတ်လ ၃၁ရက်‌နေ့ တွင် ပြုလုပ်သည့် တာ့ခ်ခရိုင် ကူးစက်‌ရောဂါ ထိန်းချုပ်‌ရေး ‌ကော်မတီဝင်များ၏ အစည်းအ‌ဝေးသ‌ဘောတူညီ ချက်အရ‌သော်လည်း‌ကောင်း၊ ယ‌နေ့ ဧပြီလ ၁ရက်‌နေ့တွင်ပြုလုပ်သည့် (Covid 19) ‌ရောဂါ ထိန်းချုပ်‌ရေး ‌ကော်မတီ၏ သ‌ဘောတူညီချက်နှင့်အညီ ပိတ်ပင်လိုက်ခြင်းဖြစ်‌ကြောင်း သိရသည်။

မြန်မာပြည်သားများအ‌ရေး ပူး‌ပေါင်းလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “ဒီ ၂၀၂ဝ မတ်လ ၃၁ ရက်မှာ စာရွက်စာတမ်း သက်တမ်းကုန်ဆုံးမယ့် အလုပ်သမား‌တွေကို သက်တမ်းတိုး‌ပေးမယ်။ ‌နောက်ထပ် ဇွန်လ ၃ဝရက်အထိ‌ပေါ့။ သို့‌သော်လည်း အဲ့ဒီ ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေက မိမိ‌နေထိုင်ရာခရိုင်ထဲမှာ‌နေ ထိုင်ရမယ်။ ဒီအ‌ရေး‌ပေါ်စီမံချက်ကာလမှာ ဖမ်းဆီးချုပ်‌နှောင်တာ‌တွေမလုပ်ဘူး။ သို့‌ပေမဲ့ ခရိုင်တစ်ခုနဲ့တစ်ခု ‌ကျော်လွှားပြီး‌တော့ ခရီးသွားတာမျိုး‌တွေ မလုပ်ရဘူး” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အလားတူ မြန်မာနိုင်ငံ၊ မြဝတီခရိုင်အတွင်း Covid-19 ကူးစက်‌ရောဂါ ကာကွယ်တိုက်ဖျက်‌ရေး စီမံချက် တစ်ရပ် အ‌နေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်‌ရောက်လာမည့် မြန်မာနိုင်ငံသားများအား ဧပြီလ ၁ရက်မှစ၍ ၁၅ရက်‌နေ့အထိ ဝင်ခွင့်ပြု‌တော့မည်မဟုတ်‌ကြောင်း မြန်မာအစိုးရက ထုတ်ပြန်‌ကြေညာထားသည်။

သို့‌သော် ထိုသို့ထုတ်ပြန်‌ကြေညာထား‌သော်လည်း ယ‌နေ့ ဧပြီလ ၁ရက်‌နေ့အထိ ထိုင်း-မြန်မာ ချစ်ကြည်‌ရေး တံတားအမှတ် (၂) နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၁၀၀ဝ ‌ကျော် ပြန်လည်ဝင်‌ရောက် လာမှုရှိ‌သေး‌ကြောင်းလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

တာ့ခ်ခရိုင်အစိုးရ ထုတ်ပြန်ချက်တွင် တာ့ခ်ခရိုင်၏ ခရီးသည်တင်ယာဉ်များဆိုင်ရာ ဥပ‌ဒေများအရ ခရီးသည် တင်ယာဉ်မဟုတ်သည့် ယာဉ်များအပါအဝင် (၇)‌ယောက်ခုံပါဝင်‌သော ကိုယ်ပိုင်‌မော်‌တော်ယာဉ်များစသည်ဖြင့် ‌ဒေသတွင်း‌ရွှေ့‌ပြောင်းအလုပ်သမားများ တင်‌ဆောင်လာခြင်းရပ်ဆိုင်းလိုက်‌ကြောင်းနှင့် ‌ရွှေ့‌ပြောင်းအလုပ် သ မားများနှင့် တိုင်းရင်းသားလူမျိုးစုများကိုလည်း တာ့ခ်ခရိုင်အတွင်း မြို့နယ်အဆင့် ထိန်းချုပ်မှုဖြင့် ‌ဒေသတွင်း မှ ပြင်ပသို့ ထွက်ခွာခွင့်မပြု‌တော့‌ကြောင်းပါရှိသည်။

ထို့အပြင် ယခုလို ထုတ်ပြန်တားမြစ်ထားချက်များကို မလိုက်နာပါက ထိုင်းသက္ကရာဇ် ၂၅၅၈ ကူးစက်‌ရောဂါ ဆိုင် ရာသတ်မှတ်ချက် ဥပ‌ဒေပုဒ်မ ၅၂ အရ (၁)နှစ်ထက်မ‌ကျော်‌သော ‌ထောင်ဒဏ် (သို့မဟုတ်) ဘတ်တစ်သိန်း ထက်မ‌ကျော်‌သော ‌ငွေဒဏ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်စလုံးကို ချမှတ်နိုင်‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့-WHO ၏ ယ‌နေ့ ဧပြီလ ၁ရက်‌နေ့ ‌နောက်ဆုံးထုတ်ပြန်ထားချက်အရ ကမ္ဘာတစ်ဝှမ်း ‌ရောဂါကူးစက်ခံရသူ‌ပေါင်း (၇၈၃,၃၆၀)ဦး ရှိပြီး ‌သေဆုံးသူ (၃၇,၂၀၃)ဦးရှိသည်။ ထိုင်းနိုင်ငံ၌ ကူးစက်ခံရသူ (၁,၇၇၁) ဦးရှိပြီး ပြန်လည်‌ကောင်းမွန်လာသူ (၄၁၆) ဦးရှိကာ ၁၂ ဦး‌သေဆုံးခဲ့သည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း ‌စောင့်ကြည့်လူနာ (၅၅၉)ဦးရှိထဲတွင် ‌ရောဂါပိုး‌တွေ့ရှိသူ ၁၅ ဦးရှိပြီး ၁ ဦး ‌သေဆုံးခဲ့သည်ဟု ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။