ဧပြီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများတွင် မီတာခမပေးဆောင်သဖြင့်ဟုဆိုကာ ရွာလုံးကျွတ်အတိုင်းတာဖြင့် ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ လျှပ်စစ်မီးဖြတ်တောက်ခံနေရသည်ဟု ကျိုက်ထိုနယ်ခံများက ပြောသည်။
ယခုဧပြီလ တတိယအပတ်မှစ၍ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအလိုက် အလှည့်ကျမီးဖြတ်တောက်ခံနေရပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ကြွေးကျန်ငွေစာရင်းပါဝင်သော မီတာစာရွက်များပေးဝေ၍ ရွာရှိတစ်ဦးမကျန် မီတာခပေးဆောင်နိုင်မှ လျှပ်စစ်မီးပြန်ပေးဝေမည်ဟု...