Home သတင်း Covid-19 လူနာနှင့် ‌လေယာဉ်အတူစီးခဲ့သူ အမျိုးသား(၁)ဦး မြဝတီမြို့တွင် ‌တွေ့ရှိ၊ သံသယ လူနာအဖြစ်ထား

Covid-19 လူနာနှင့် ‌လေယာဉ်အတူစီးခဲ့သူ အမျိုးသား(၁)ဦး မြဝတီမြို့တွင် ‌တွေ့ရှိ၊ သံသယ လူနာအဖြစ်ထား

7009
Photo: Nay Naw

မတ်လ ၂၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ပြီးခဲ့သည့် မတ်လ ၂၃ ရက်‌နေ့က ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အဂင်္ လန်နိုင်ငံမှပြန်လာသည့် ၃ ဦး‌မြောက် Covid-19 လူနာနှင့်အတူ ‌လေယာဉ်တစ်စီးတည်း‌ပေါ်တွင် လိုက်ပါလာသူ မြဝတီမြို့ အင်ကြင်းမြိုင်‌ကျေးရွာ‌နေ အသက်(၃၉)နှစ်အရွယ် အမျိုးသား(၁)ဦးအား ယ‌နေ့ (မတ်လ ၂၈ ရက်) နံနက်ပိုင်းက ၎င်း‌နေအိမ်မှ မြဝတီခရိုင်ပြည်သူ့‌ဆေးရုံသို့ ‌ခေါ်‌ဆောင်သွားပြီး ကျန်းမာ‌ရေးစစ်‌ဆေးမှုများ ‌ဆောင်ရွက်‌နေ‌ကြောင်း သိရသည်။

“ကျ‌နော်က နိုင်ငံတကာ သ‌ဘေင်္ာလိုက်တဲ့ အခါကျ‌တော့ လန်ဒန်မြို့မှာ ကျ‌နော်တို့ သ‌ဘေင်္ာဆိပ်ကမ်း ကိုကပ်တဲ့အခါဆင်းပြီး‌တော့ မြန်မာပြည်ကို ပြန်လာရာမှာ မတ်လ ၂၃ ရက်‌နေ့က ကျန်းမာ‌ရေးဝန်ကြီး ဌာနက ‌ကြေညာထားတဲ့ Covid- 19 ‌ရောဂါပိုး‌တွေ့ရှိတဲ့ လူနာ အမှတ်(၃)က မတ်လ ၂ဝ ရက်‌နေ့က အဂင်္လန်နိုင်ငံလန်ဒန်မြို့က‌နေပြီး ‌လေယာဉ်တစ်စီးတည်းမှာ အတူတူစီးပြီး မြန်မာပြည်ကို ပြန်လာ ခဲ့ကြ ပါတယ်။” ဟု Covid-19 လူနာ အမှတ်စဉ်(၃)နှင့် အဂင်္လန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ‌လေယာဉ် တစ်စီး တည်းစီးခဲ့သူ အမျိုးသားက ‌ပြောသည်။

ထို့အပြင် မြဝတီမြို့ အင်ကြင်းမြိုင်‌ကျေးရွာရှိ ‌နေအိမ်ကို မတ်လ ၂၃ ရက်‌နေ့တွင် ‌ရောက်ရှိခဲ့ပြီး သူနှင့် ‌လေယာဉ်အတူစီးခဲ့‌သောသူမှာ Covid-19 ‌ရောဂါပိုး‌တွေ့ရှိသည်ဟု လူမှုကွန်ယက်‌ပေါ်တွင် သိရှိရ ‌သောအခါ အပြင်ကို မထွက်ဘဲ ‌နေအိမ်၌သာ ‌နေထိုင်ပြီး ယ‌နေ့အချိန် မည်သည့်‌ရောဂါ လက္ခဏာမျှ မ‌တွေ့ရှိဘဲ ကျန်းမာ‌ရေး‌ကောင်းမွန်ပြီး လန်းလန်းဆန်းဆန်းရှိ‌နေ‌ကြောင်းလည်း ၎င်းအမျိုးသားက ဆက်‌ပြောသည်။

အဆိုပါ Covid-19 positive လူနာ နှင့် ‌လေယာဉ်တစ်စီးတည်း အတူစီးခဲ့သူ‌နေထိုင်ရာ မြဝတီမြို့ အင်ကြင်းမြိုင်‌ကျေးရွာ ငုဝါလမ်းရှိ ‌နေအိမ်သို့ ယ‌နေ့ (မတ်လ ၂၈ ရက်) နံနက်ပိုင်း က မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်နှင့် အုပ်ချုပ်‌ရေးအဖွဲ့များ၊ မြဝတီခရိုင်ပြည်သူ့‌ဆေးရုံမှ ‌ဒေါက်တာ ‌ကေခိုင်ထက်နှင့် ကျန်းမာ‌ရေးဝန်ထမ်းများ‌ရောက်ရှိလာပြီး အဆိုပါ အမျိုးသားအား ကျန်းမာ‌ရေး စစ်‌ဆေးမှုများ ပြုလုပ်ရန် မြဝတီခရိုင်ပြည်သူ့‌ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် ‌ခေါ်‌ဆောင်သွားပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်‌ရေးအသင်း ဥက္ကဋ္ဌ ဦးလှထွန်း နှင့်အဖွဲ့က ၎င်း‌နေအိမ်နှင့် အနီးပတ် ဝန်းကျင်အား ပိုးသတ်‌ဆေးဖြန်းခြင်းများပြုလုပ်ခဲ့ကြသည်။

“Covid-19 ‌ရောဂါပိုး‌တွေ့ရှိသူ လူနာအမှတ်စဉ်(၃)နဲ့ ‌လေယာဉ်တစ်စီးတည်း အတူစီးနင်းခဲ့တဲ့ အမျိုး သားကို‌တော့ ‌စောင့်ကြည့် သံသယလူနာအဖြစ်နဲ့ မြဝတီခရိုင်ပြည်သူ့‌ဆေးရုံမှာ ကျန်းမာ‌ရေး စစ်‌ဆေးမှု‌တွေ ပြုလုပ်သွားပါမယ်။ လူနာရဲ့တို့ဖက်နမူနာကို ကျန်းမာ‌ရေးဝန်ကြီး ဌာနဗဟို ဓာတ်ခွဲ ခန်းကို‌ပေးပို့ပြီး ရလာတဲ့အ‌ဖြေကို ‌စောင့်ကြည့်ရပါမယ်။ ရလာမယ့်အ‌ဖြေ‌ပေါ်မှာ မူတည်ပြီး Covid-19 ‌ရောဂါပိုးကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ကာကွယ်‌ရေးအတွက် လိုအပ်တဲ့ အစီအစဉ်များ ချမှတ်ကာ ဆက်လက်‌ဆောင်ရွက်သွားမယ်” ဟု ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

ယခုအချိန်တွင် ထို‌ကျေးရွာထဲရှိ ရွာသူရွာသားများကို ကျန်မား‌ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ ‌နေထိုင်ရန်နှင့် ‌ကျေးရွာကိုလည်း လူဝင်လူထွက် ကန့်သတ်စစ်‌ဆေးမှု‌တွေပြုလုပ် သွားရန်ရှိ သည်ဟုလည်း ခရိုင် အုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

မတ်လ ၂၈ ရက်‌နေ့အထိ စာရင်းများအရ နိုင်ငံ‌ပေါင်း ၂၀၁ နိုင်ငံမှ COVID-19 ကူးစက်ခံထားရသူ (၅၁၂,၇၀၁) ဦးတွင် (၂၃,၄၉ ၅) ဦး ‌သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ (WHO)က ထုတ်ပြန် ထားသည်။ ကရင်ပြည်နယ်၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကူးစက်ခံထားရသူ ၁,၂၄၅ ဦးရှိသည့်အနက် ၆ ဦး‌သေဆုံးခဲ့ပြီဖြစ်သလို မြန်မာနိုင်ငံတွင်လည်း ကူးစက်ခံ ထားရသူ ၈ ဦးရှိ‌နေပြီဖြစ်‌ကြောင်း ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။