Home သတင်း Covid-19 စိုးရိမ်မှုထက် ပတ်စ်ပို့ သက်တမ်းကုန်လျှင် ဖမ်းဆီးခံရမည်စိုး၍ ပြန်လာကြခြင်းဟု အလုပ် သမားများ‌ပြော

Covid-19 စိုးရိမ်မှုထက် ပတ်စ်ပို့ သက်တမ်းကုန်လျှင် ဖမ်းဆီးခံရမည်စိုး၍ ပြန်လာကြခြင်းဟု အလုပ် သမားများ‌ပြော

2520
Photo: Nay Naw

မတ်လ ၂၃ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်။

ထိုင်းနိုင်ငံရှိ ‌နေရပ်အသီးအသီးမှ ထိုင်း-မြန်မာနယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်‌ရောက်လာ‌သော မြန်မာ‌ရွှေ့ ‌ပြောင်းလုပ်သားအများစုမှာ Covid-19 ကိုရိုနာ ဗိုင်းရပ်စ်ကူးစက် မည်ကို စိုးရိမ်မှုထက် မိမိတို့၏ ပတ်စ်ပို့စာအုပ် သက်တမ်းလွန်လျှင် ဖမ်းဆီးအပြစ်‌ပေး ခြင်းခံရမည်ကို စိုးရိမ်၍ ပြန်လာရခြင်းဖြစ်‌ကြောင်း ယ‌နေ့ (မတ်လ ၂၃ ရက် ) နံနက်ပိုင်းက မြဝတီ-မဲ‌ဆောက် အမှတ်(၂) ချစ်ကြည်‌ရေးတံတားမှတဆင့် ပြန်လည်ဝင်‌ရောက် လာသူများက ‌ပြောသည်။

လာမည့် မတ်လ ၃၁ ရက်‌နေ့မှာ သက်တမ်းကုန်ဆုံး‌တော့မည့် CI အစိမ်း‌ရောင်ပတ်စ်ပို့ ကိုင်‌ဆောင် သည့် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံတွင် ၁ သန်းခန့်ရှိပြီး ၎င်းတို့အ‌နေဖြင့် ပတ်စ် ပို့ဗီဇာ သက်တမ်း‌ကျော်လွန်၍ ထိုင်းနိုင်ငံတွင် ‌နေထိုင်မည်ဆိုပါက ထိုင်းတည်ဆဲဥပ‌ဒေအရ အ‌ရေးယူခံ ရမည်ကို စိုးရိမ်‌သော‌ကြောင့် ယခုလို လူဦး‌ရေ အလုံးအရင်းဖြင့်ပြန် လည်ဝင်လာခြင်းဖြစ် သည်ဟု ဆိုသည်။

“ဒီရက်ပိုင်းအတွင်း ပြန်လာတဲ့သူအများစုက‌တော့ လာမယ့် မတ်လ ၃၁ ရက်‌နေ့မှာ ပတ်စ်ပို့စာအုပ် သက်တမ်း ကုန်ဆုံး‌တော့မယ့် CI အစိမ်း‌ရောင်ပတ်စ်ပို့စာအုပ်အမျိုး အစားကိုင်‌ဆောင် သူ‌တွေ ဖြစ်ကြပါတယ်။ ပြန်လာရတဲ့အ‌ကြောင်းအရင်းက သူတို့ရဲ့ပတ်စ်ပို့ သက်တမ်းမကုန်ခင်မှာ မြန်မာပြည် တွင်းကို ပြန်လာပြီး mou စနစ်ဖြင့် အသစ်ပြန်လုပ်ပြီး ထိုင်းသို့ ပြန်ဝင်ကြမယ့်သူ‌တွေက အများစုဖြစ်ပါ တယ်။”ဟု ယ‌နေ့ ထိုင်းနိုင်ငံ ဘန်‌ကောက်မြို့မှ ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သား ကိုမိုးကြီးက ‌ပြောသည်။

ထို့အပြင် သက်တမ်းကုန်ဆုံး‌တော့မည့် C.I အစိမ်း‌ရောင်ပတ်စ်ပို့ကိုင်‌ဆောင်သည့် မြန်မာလုပ် သားများကို ထိုင်းအလုပ်ရှင်များဘက်က လုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် တိကျ‌သေချာသည့် အာမခံမှု မရှိ‌သေးသလို ထိုင်းအာဏာပိုင်များဘက်ကလည်း မည်သို့မည်ပုံ ‌ဖြေ‌လျှော့‌ပေးမည်ကို ထုတ်ပြန်ထားတာမရှိ‌သေး‌ကြောင်းလည်း ကိုမိုးကြီးက ဆက်‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် ပတ်စ်ပို့ဗီဇာ သက်တမ်း‌ကျော်လွန်၍ ထိုင်းနိုင်ငံတွင် ‌နေထိုင်မည်ဆိုပါက ထိုင်းနိုင်ငံ၏ တည်ဆဲဥပ‌ဒေအရ ဖမ်းဆီး‌ထောင်ချခြင်းခံရမည့်အပြင် ထိုင်းသို့ ပြည်ဝင်ခွင့် ၅ နှစ် ပိတ်ပင်ခံရမည်ဟု မြန်မာအလုပ်သမားအ‌ရေးကူညီ‌ဆောင်ရွက်‌ပေး ‌နေသူများက ‌ပြောသည်။

Photo: Nay Naw

ယခုလို Covid -19 ကူးစက်ပြန့်ပွားမှုမရှိ‌စေရန် ကန့်သတ်မှုများရှိ‌နေသည့်အချိန်တွင် ပတ်စ်ပို့ သက်တမ်းကုန်ဆုံး‌တော့မည့် CI အစိမ်း‌ရောင်ပတ်စ်ပို့ကိုင်‌ဆောင်သူများအတွက် ထိုင်းအလုပ်သမားရုံးတွင် ‌လျှောက်ထားဆဲ စာရွက်စာတမ်းအ‌ထောက်အထားဖြင့် လာမည့် ‌မေလအထိ ထိုင်းနိုင်ငံတွင် ‌နေထိုင်လုပ်ကိုင်ခွင့်ရရှိ‌စေရန် နှစ်နိုင်ငံတာဝန်ရှိသူများမှ တရားဝင် ထုတ်ပြန်ခြင်း မရှိ ‌သေး‌သော်လည်း မူအားဖြင့် သ‌ဘောတူညီမှုရရှိထားပြီးဖြစ်သည်ဟု မဲ‌ဆောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦး‌ဝေလင်း‌မောင်က ‌ပြောသည်။

၎င်းက “ဒီရက်ပိုင်းထဲမှာ ထိုင်း‌ရောက် မြန်မာအလုပ်သမား‌တွေအ‌နေနဲ့ အတတ်နိုင်ဆုံး မိမိရဲ့လုပ်ငန်း ခွင်မှာပဲ ‌နေ‌စေချင်ပါတယ် ။ လာမယ့် မတ်လ ၃၁ ရက်‌နေ့မှာ သက်တမ်းကုန်ဆုံး‌တော့မယ့် CI အစိမ်း ‌ရောင် ပတ်စ်ပို့ကိုင်‌ဆောင်ထားသူ‌တွေအ‌နေနဲ့က ‌နေရပ်မပြန်ဘဲ ပတ်စ်ပို့စာအုပ်သက်တမ်းတိုးဖို့ မိမိရဲ့ အလုပ်ရှင်မှတဆင့် အပိုင်နယ်‌မြေအလုပ်သမားရုံးနှင့် ထိုင်းနိုင်ငံအလုပ်သမားဌာနမှာ စာရင်း သွင်းထား ဖို့လိုပါတယ်။”ဟု ‌ပြောသည်။

ထိုင်း‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းလုပ်သားများသည် ၎င်းတို့ကိုင်‌ဆောင်‌သော CI အစိမ်း‌ရောင်ပတ်စ်ပို့ သက်တမ်း ကုန်ဆုံး‌တော့မည်ဖြစ်၍ စိုးရိမ်မှုဖြင့် ပြန်လာကြသူများနှင့် သကြင်္န်ကာလ‌နေရပ်ပြန် မြန်မာ လုပ်သားများမှာ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲ‌ဆောက် အမှတ်(၂)ချစ်ကြည်‌ရေးတံတားမှတဆင့် မြန်မာပြည်တွင်းသို့ အလုံးအရင်းနှင့် ဝင်‌ရောက်လျက်ရှိရာ မတ်လ ၂၁ရက်မှ ယ‌နေ့ မတ်လ ၂၃ရက်‌နေ့အထိ ‌နေရပ်ပြန်သူ ဦး‌ရေ ၁ ‌သောင်း‌ကျော်ရှိပြီးဟု သိရသည်။