Home သတင်း Covid-19 ကပ်‌ရောဂါ‌ကြောင့် နယ်‌မြေအတွင်း ဝင်ထွက်သွားလာမှုအားလုံး KNU ‌တောင်ငူခရိုင် တားမြစ်

Covid-19 ကပ်‌ရောဂါ‌ကြောင့် နယ်‌မြေအတွင်း ဝင်ထွက်သွားလာမှုအားလုံး KNU ‌တောင်ငူခရိုင် တားမြစ်

8828
Photo: ‌ကေအဲန်ယူ ‌တောင်ငူခရိုင် နယ်‌မြေတစ်‌နေရာ

မတ်လ ၂၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

လက်ရှိဖြစ်‌ပေါ်‌နေသည့် Covid-19 ‌ရောဂါ‌ကြောင့် KNU -ကရင်အမျိုးသားအစည်းအရုံး၏ ‌တောင်ငူခရိုင် (တပ်မဟာ -၂) နယ်‌မြေအတွင်း ယ‌နေ့ (မတ်လ ၂၅ ရက်)မှစတင်ပြီး ဝင်ထွက်သွားလာခြင်းကို တားမြစ်လိုက်‌ကြောင်း KNU ‌တောင်ငူခရိုင်က ယမန်‌နေ့ (မတ်လ ၂၄ရက် )တွင် အသိ‌ပေး ထုတ်ပြန်လိုက်သည်ဟု သိရသည်။

ကမ္ဘာတဝှမ်းတွင် ခြိမ်း‌ခြောက်‌နေသည့် ‌ရောဂါ‌ကြောင့် ‌ဒေသအတွင်း ‌ရောဂါမပြန့်ပွား‌စေရန်အတွက် အခြား‌ဒေသရှိ ဧည့်သည်များ၊ ခရီးသွားပြည်သူများနှင့် ‌ရောင်းဝယ်‌ဖောက်ကား အလုပ်လုပ်ပြီး ‌ဒေသခံ မဟုတ် သည့်သူများကို ခရိုင်အတွင်း ဝင်‌ရောက်ခြင်းမပြုလုပ်ရန်နှင့် ဝင်‌ရောက်ခြင်းရှိ‌နေပါက ၂၅ ရက်‌နေ့မှစတင်ပြီး ပြန်လည်ထွက်ခွာ‌ပေးရန် KNU ‌တောင်ငူခရိုင်က အသိ‌ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အသိ‌ပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ ‌တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒို‌စောအယ်ဝါးက“ ထိန်းချုပ်နယ်‌မြေဆိုတာက အ ထူးသဖြင့် ‌တောင်‌ပေါ်တက်တဲ့လမ်း‌တွေမှာ ရွာ‌တွေမှာ နှစ်ဖက်အုပ်ချုပ်နယ်‌မြေနည်းနည်းပါးပါးပါမယ်။ ‌တောင်ငူ မြို့ထဲက‌နေပြီး ဆိုင်ကယ်လမ်း‌ပေါက်တဲ့အထိ ‌ဈေးသည်‌တွေက ‌နေ့စဉ် ဝင်ထွက်‌နေတဲ့အပြင် လူက တစ်ဆင့် ‌ရောဂါအန္တရာယ်‌ကြောက်ရတာပဲ။ အဲဒါ‌ကြောင့် ဝင်ခွင့်ကို ပိတ်လိုက်တာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

လူဝင်လူထွက်‌ကြောင့် ‌ရောဂါ ဖြစ်ပွားနိုင်သည့် အ‌ခြေခံဖြစ်သည့်အတွက် ‌ဒေသခံပြည်သူလူထုကို ကာကွယ် သည့်အ‌နေဖြင့် ယခုလိုလုပ်ရခြင်းဖြစ်သလို ‌ရောဂါဆိုးလာပါက အခြားမြို့မှာလည်း Lockdown (ပိတ်ချ) မလုပ် ခင် အချိန်တွင် အချိန်မီ ပြန်ထွက်နိုင်ရန် ထိုသို့ အသိ‌ပေးထုတ်ပြန်ချက် ထုတ်လိုက်ခြင်းဖြစ်သည်ဟုလည်း ပဒို‌စောအယ်ဝါးက ဖြည့်စွက်‌ပြောသည်။

အဆိုပါ အသိ‌ပေး ထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ လိုက်နာမှုမရှိဘဲ ဆက်လက် ဝင်‌ရောက်‌နေထိုင်သွားလာခြင်း ရှိ‌နေပါက ‌ကော်သူး‌လေ ဥပ‌ဒေနှင့်အညီ အ‌ရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း အသိ‌ပေးထုတ်ပြန်ချက်တွင်ပါရှိသည်။

၎င်းအပြင် ယခုလို အသိ‌ပေးထုတ်ပြန်ခြင်းသည် လူမျိုး‌ရေးခွဲခြားခြင်း၊ နိုင်ငံ‌ရေးအမြတ်ရလိုခြင်း တစ်စုံတစ် ရာမပါဝင်သလို လူသားမျိုးနွယ်တို့အား ခြိမ်း‌ခြောက်‌နေသည့် COVID-19 ‌ရောဂါ ကာကွယ်တားဆီးခြင်း အတွက်သာဖြစ်‌ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

လက်ရှိ KNU ‌တောင်ခရိုင်တွင် Covid-19 ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ‌ဒေသခံ ပြည်သူများအား အသိပညာ ‌ပေးမှုများ လုပ်‌ဆောင်မှုများရှိဟု တာဝန်ရှိသူများက‌ပြောသည်။ ထို့အတူ Covid -19 ကိုရိုနာဗိုင်းရပ်စ်‌ရောဂါ ဖြစ်ပွားနိုင်ဖို့အ‌ခြေအ‌နေ၊ ‌ရှောင်ရန်၊ ‌ဆောင်ရန်နှင့်ပတ်သက်၍ KNU ၏ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန ( KDHW) ကလည်း သက်ဆိုင်ရာ ၎င်းတို့ ခရိုင်၊ မြို့နယ်အဆင့်ဆင့်ကို အသိ‌ပေးညွှန်ကြားမှုများ လုပ်‌ဆောင်ထားခဲ့ပြီဖြစ်သည်ဟု သိရသည်။

ကမ္ဘာ့နိုင်ငံ‌ပေါင်း ၁၉၀‌ကျော် ကူးစက်ခံထားရပြီဖြစ်သည့် COVID-19 ကိုရိုနာ ဗိုင်းရပ် ကပ်‌ရောဂါနှင့်ပတ်သက်၍ မတ်လ ၂၄ ရက်‌နေ့က ဓာတ်ခွဲခန်းစစ်‌ဆေးမှု အ‌ခြေအ‌နေအရ မြန်မာနိုင်ငံတွင် COVID-19 ‌ရောဂါပိုး‌တွေ့ရှိသူ ၃ ဦး‌တွေ့ရှိ‌နေပြီးဖြစ်သည်ဟု ကျန်းမာ‌ရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။