Home သတင်း ဧရာဝတီတိုင်း ကရင်လူငယ်ဖွဲ့စည်းနိုင်‌ရေး ဦး‌ဆောင်‌ကော်မတီကို ဟသင်္ာတတွင်ဖွဲ့စည်း

ဧရာဝတီတိုင်း ကရင်လူငယ်ဖွဲ့စည်းနိုင်‌ရေး ဦး‌ဆောင်‌ကော်မတီကို ဟသင်္ာတတွင်ဖွဲ့စည်း

1979

မတ်လ ၉ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ကရင်လူငယ်ကွန်ယက်တစ်ခု ဖြစ်‌ပေါ်လာ‌ရေးအတွက် အ‌ကောင် အထည် ‌ဖော်‌ဆောင်ရွက်သွားရမည့် ကရင်လူငယ် ၁၆ ဦးကို ယမန်‌နေ့ (မတ်လ ၈ရက်)က ကျင်းပပြီးစီးသွား သည့် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်လူငယ်‌တွေ့ဆုံနှီး‌နှောဖလှယ်ပွဲတွင် ‌ရွေးချယ်လိုက်သည်ဟု သိရသည်။

မတ်လ ၇ ရက်မှ ၈ ရက်‌နေ့အထိ ဧရာဝတီတိုင်း ‌ဒေသကြီး ဟသင်္ာတမြို့ ကရင်‌ကျောင်းလမ်း၊ တာငါးဆယ် ‌တောင်ရပ်ကွက်၊ ကရင်ပြည်သူ့ပါတီခန်းမတွင် ပြုလုပ်သည့် အဆိုပါ ကရင်လူငယ် ‌တွေ့ဆုံနှီး‌နှော ဖလှယ်ပွဲ အပြီး ယခုလို‌ရွေး ချယ်လိုက်ခြင်းဖြစ်သည်။

ကရင်လူငယ်‌တွေ့ဆုံနှီး‌နှောဖလှယ်ပွဲအတွက် ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် စသိန်း‌ဇော်မင်းက “ ဧရာဝတီတိုင်း မှာ ကရင်လူငယ်ကွန်ယက်တစ်ခုဖြစ်လာဖို့‌ပေါ့။ အဲဒီအတွက်ကို လုပ်‌ဆောင်မယ့် ဦး‌ဆောင် ‌ကော်မတီကိုအ ခုဖွဲ့ပြီးသွားပြီ‌ပေါ့။ ကျ‌နော်တို့ရည်ရွယ်ထားတဲ့ ဧရာဝတီတိုင်းအတွင်းကရင်လူငယ် ကွန်ယက်တစ်ခုမရမချင်း ‌ရှေ့ဆက်လုပ်ငန်းစဉ်‌တွေမှာ အခု‌ရွေးချယ်လိုက်တဲ့ ဒီဦး‌ဆောင်‌ကော်မတီဝင်‌တွေကပဲလုပ်သွားရမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူငယ်များအ‌နေဖြင့် မိမိတို့ကိုယ်စားပြုသည့် အဖွဲ့အစည်း အသီး သီးအ‌နေဖြင့်သာ အမျိုးသား‌ရေးလုပ်‌ဆောင်‌နေကြခြင်းဖြစ်သည့်အတွက် ယခုထက် ပိုမိုစုစည်းအား ‌ကောင်း ‌စေ‌ရေးရန် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်လူငယ်ကွန်ယက်ကို ရည်ရွယ်ဖွဲ့စည်းရခြင်းဖြစ်‌ကြောင်းစသိန်း ‌ဇော်မင်းက ဆက်‌ပြောသည်။

အဆိုပါ ကရင်လူငယ်‌တွေ့ဆုံပွဲတွင် တိုင်း‌ဒေသကြီးအတွင်းရှိ လပ္ပတ္တာမှလွဲ၍ ပုသိမ်၊ ‌မြောင်းမြ၊ ဟသင်္ာတ၊ ဖျာပုံ၊ မအူပင်ခရိုင်များမှ စာ‌ပေယဉ်‌ကျေးမှု၊ အနုပညာ၊ တက္ကသိုလ်၊ ဘာသာ‌ရေး၊ စီးပွား‌ရေး၊ ပါတီ၊ ဥပ‌ဒေ စသည့် ကိုယ်စားပြုမှုအသီးသီးဖြင့် ကရင်လူငယ် ၁၇ဝ ‌ကျော်တက်‌ရောက်လာခဲ့ကြပြီး ခရိုင် ၅ ခရိုင်မှ ဦး‌ဆောင် ‌ကော်မတီဝင် ၁၆ ဦးကို‌ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ဖွဲ့စည်း‌ရွေးချယ်လိုက်‌သော ဦး‌ဆောင်‌ကော်မတီအ‌နေဖြင့် ရည်မှန်းချက်များဖြစ်သည့် နိုင်ငံ‌ရေး၊ အမျိုးသား‌ရေး၊ စီးပွား‌ရေးနှင့်ပညာ‌ရေး ကဏ္ဍ ၄ ခုကို အဓိကထားကာ အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်သွားကြရမည်ဖြစ်ပြီး ၎င်းတို့အ‌နေဖြင့် ‌ရှေ့လုပ်ငန်းစဉ်များကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်နိုင်ရန် နှစ်လ တစ်ကြိမ်ခန့်‌တွေ့ ဆုံ‌ဆွေး‌နွေးကြရန် ဆုံးဖြတ်ချက်ချထား‌ကြောင်းလည်း သိရသည်။

ယမန်‌နေ့က ပြီးစီးသွားသည့် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်လူငယ်‌တွေ့ဆုံနှီး‌နှောဖလှယ်ပွဲတွင် ‌ရွေး‌ကောက်ပွဲ ဆိုင်ရာကိစ္စရပ်များ၊ ကရင်နိုင်ငံ‌ရေးပါတီများအ‌ပေါ် လူငယ်တို့၏ အမြင်သ‌ဘောထားများ၊ ကရင်ပါတီ အ‌ခြေအ ‌နေများ၊ ခရိုင်အလိုက်‌ရှေ့ဆက်လုပ်‌ဆောင်မည့် လုပ်ငန်းများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။